Presenter ကောင်းတစ်ယောက် ဖြစ်ဖို့ …

Presenter ကောင်းတစ်ယောက် ဖြစ်ဖို့ …

ကျောင်းမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်၊ သင်တန်းနဲ့ အလုပ်ခွင်မှာဖြစ်ဖြစ် လူအများရှေ့မှာ presentation ထွက်လုပ်ရတာကို လူတိုင်းနီးပါးကြုံဖူးပါတယ်။ လူအများရှေ့မှာ စကားထွက်ပြောတဲ့အလုပ်က လူတိုင်းအတွက်မလွယ်သလို၊ ပြောနိုင်ဆိုနိုင်တဲ့ လူအတော်များများကလည်း လေ့ကျင့်ယူထားကြတာများပါတယ်။ မွေးကတည်းက စကားပြောကောင်းတဲ့သူက ခပ်ရှားရှားပဲကိုး။ Presentation Skill ဆိုတာကလည်း ဒီနေ့ခေတ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်။ Professional Presenter အနေနဲ့ ရပ်တည်နေကြသူတွေလည်း ဒီနေ့ခေတ်မှာ အများကြီးရှိလာပါတယ်။  Read more about Presenter ကောင်းတစ်ယောက် ဖြစ်ဖို့ …

ဆံကေသာမှာ အနံ့စွဲလာရင် …

ဆံကေသာမှာ အနံ့စွဲလာရင် …

ဆေးလိပ်သောက်တဲ့နေရာ အနီး တစ်ဝိုက်နေလိုက်မိရင် ဆေးလိပ်နံ့ စွဲလာတာ၊ မီးဖိုချောင်မှာ ချက်ပြုတ်ပြီးရင် ဟင်းနံ့တွေ ဆံကေသာမှာ စွဲလာတာကို အမျိုးသမီးအတော်များများ သတိထားမိကြမှာပါ။ အနံ့တစ်ခုခုစွဲလာပြီးရင်လည်း တော်တော်နဲ့ကို မပျောက်တော့ပါဘူး။ ခေါင်းလျှော်ပြီးခါစဆို ဆံကေသာက ပိုပြီးတောင် အနံ့တွေ စုပ်ယူလွယ်တတ်ပါတယ်။ အတတ်နိုင်ဆုံး အနံ့တွေ မစွဲအောင် နေပေမယ့် တစ်ခါတလေမှာ မထင်မှတ်ဘဲ ဆံကေသာမှာ အနံ့တွေ စွဲလာတတ်တာ အမျိုးသမီးတိုင်း ကြုံတွေ့ဖူးပါတယ်။ ဆံပင်ရှည်တဲ့ အမျိုးသားတွေလည်း ကြုံဖူးမှာပါ။  Read more about ဆံကေသာမှာ အနံ့စွဲလာရင် …

Narcissistic Personality Disorder

Narcissistic Personality Disorder

NPD ကို အလွယ်ဆုံး အဓိပ္ပါယ် ဖွင့်ရမယ်ဆိုရင် empathy ဆိုတဲ့ မျှဝေခံစားမှု လုံးဝမရှိဘဲ ဟိတ်ဟန်များပြီး လူတကာရဲ့ အာရုံစိုက်မှု၊ အလေးပေးမှုကို အလွန်အမင်းလိုလားတဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ disorder တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ character မှာ မောက်မာတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ အာဏာသုံးတာ၊ ခြယ်လှယ်တာတွေက လုပ်ရိုးလုပ်စဉ်တွေပဲ ဖြစ်ပါတယ်။  Read more about Narcissistic Personality Disorder

Royal Princess ဖက်ရှင်

Princess လို့ကြားတာနဲ့ ငယ်ငယ်ကတည်းက ကာတွန်းရုပ်ရှင်တွေထဲက ဂါဝန်ကြီးတွေဝတ်ပြီး သရဖူဆောင်းထားတဲ့ မင်းသမီးတွေကို ပြေးမြင်မိမှာပါ။ ဒီနေ့ လက်ရှိခေတ်မှာတော့ Princess တွေက အမြဲတမ်း gowns တွေပဲဝတ်ပြီး သရဖူ အမြဲဆောင်းထားတာမျိုးမဟုတ်တော့ပါဘူး။ တော်ဝင်မိသားစုဝင်တွေကို ကြည့်လိုက်ရင် ရုပ်ချောတာ၊ မချောတာ၊ ခန္ဓာကိုယ်လှတာ၊ မလှတာထက် ကျက်သရေရှိတဲ့ ပုံရိပ်အသွင်ကတော့ ရှိနေပါတယ်။ မိတ်ကပ်တွေအထူကြီးလိမ်းခြယ်ထားတာမျိုးလည်း မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ လှနေတာမျိုးပါ။ ဒီတစ်ပတ်မှာ လေဒီတို့အတွက် လှပကျော့ရှင်းတဲ့ Royal Princess ဖက်ရှင် Rules တွေကို ရေးပေးလိုက်ပါတယ်။  Read more about Royal Princess ဖက်ရှင်