Slim Body ပိုင်ရှင် အမျိုးသား အတွက် ဖက်ရှင်
သင်ဟာ ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦးဖြစ်နေပါသလား။ ဘယ်လောက် စားစား မဝလာဘဲ ပိန်မြဲပိန်နေတာလား။ တချို့ကလည်း ခန္ဓာကိုယ် ပိန်ပိန် ပါးပါးလေးကိုပဲ ကြိုက်တတ်ပြီး ကြွက်သားတွေကြီးထွားနေတဲ့ပုံစံမျိုး မကြိုက်တာလည်း ရှိပါတယ်။ Male Models တွေ၊ ကိုရီးယား K-poppers တွေမှာလည်း ပိန်ပိန်ပါးပါး အမျိုးသားတွေ အများကြီးတွေ့ရပါတယ်။
အမျိုးသားတွေကို ကြည့်လိုက်ရင် ကြွက်သားတွေ၊ ဗလတွေ တောင့်နေမှ ယောကျာ်းပီသတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိန်ပိန်ရှည်ရှည် အမျိုးသားတွေအတွက် ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်ကြည့်ကောင်းအောင် အဝတ်အစား ရွေးချယ်တဲ့အခါ အခက်အခဲတွေ့ရတတ်ပါတယ်။ ဒါကြောင့် ပိန်ပိန်ပါးပါး အမျိုးသားတွေအတွက် Fashion Tips တွေကို ရေးပေးလိုက်ပါတယ်။
Fashion Tips
– ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုပုံစံပဲဖြစ်ဖြစ် နံပါတ်တစ်အချက်ကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်တာကို ရွေးပါ။ အထူးသဖြင့် ပိန်ပိန်ပါးပါး အမျိုးသားတွေ အနေနဲ့ အရမ်းပွတဲ့ အင်္ကျီတွေဝတ်မယ်ဆိုရင် သင့်ကို ပိုပြီး သေးသွားစေပြီး အင်္ကျီထဲမှာမြုပ်နေတဲ့အသွင် ဖြစ်သွားပါလိမ့်မယ်။
– ခန္ဓာကိုယ် အနည်းငယ် ပြည့်သယောင် ဖြစ်ဖို့အတွက်ဆိုရင် အဝတ်အစားရွေးတဲ့အခါ ထူတဲ့အသား (Tweed, Flannel, Glen check, Denim, Corduroy) ကို အဓိကထား ရွေးချယ်ပါ။
– နောက်တစ်နည်းကတော့ အင်္ကျီကို အထပ်ထပ်ဝတ်ပါ။ ဥပမာ – တွဲဝတ်လို့ လိုက်ဖက်တဲ့ အရောင်နှစ်မျိုး တီရှပ် နှစ်ထည်ထပ်ဝတ်တာ၊ တီရှပ်ပေါ်က ရွပ္အက်ႌထပ္ဝတ္တာ၊ ရွပ္အက်ႌေပၚက ဆြယ္တာထပ္တာ၊ ဂ်က္ကတ္အက်ႌ၊ ကုတ္အက်ႌ စသဖြင့် ထပ်ဝတ်ပါ။ သုံးလေးထပ်လောက် အများကြီး ထပ်ဝတ်တာကတော့ သဘာဝ မဆန်ပါဘူး။ အရမ်းအေးတဲ့ အရပ်ဒေသဆိုရင်တော့ တစ်မျိုးပေါ့နော်။ ဂျက်ကတ်အင်္ကျီ ရွေးချယ်တဲ့အခါ ပုခုံးထဲမှာ padded ဒေါက်ပါတာကို ဝတ်ပါ။
– Solid Colors တွေ၊ တစ်နည်းအားဖြင့် အရောင်တစ်ရောင်တည်းကို အပေါ်အောက် ဝတ်ဆင်တာကို ရှောင်ပါ။ အရောင်ပြောင်တွေ ဝတ်မယ့်အစား patterns တွေပါတာကို ဦးစားပေး ရွေးချယ်ပါ။ ကန့်လန့်ဖြတ်မျဉ်း patterns ပါတာတွေက သင့်ခန္ဓာကိုယ်ကို ပိုပြီး ကျယ်သလို ထင်ရစေမှာပါ။ ဒေါင်လိုက်မျဉ်း patterns တွေပါရင်တော့ မဝတ်သင့်ပါဘူး။
– ဘောင်းဘီရွေးချယ်တဲ့အခါ Slim Fit တွေကို ဦးစားပေး ဝတ်ဆင်ပါ။ သူက ခန္ဓာကိုယ် ရှိရင်းစွဲထက် အနည်းငယ် volume ဖြည့်ပေးပါတယ်။ အရမ်း အသားကပ်နေတဲ့ skinny pants ဘောင်းဘီတွေကိုတော့ မဝတ်ပါနဲ့။ ပိန်သွယ်နေတဲ့ ခြေတံတွေကို ပိုပြီး သိသာစေပါတယ်။
– တီရှပ်အင်္ကျီရွေးတဲ့အခါ အင်္ကျီလက် ကြီးတာ၊ တစ်နည်းအားဖြင့် အင်္ကျီလက် အကျကြီးတာကို မဝတ်ပါနဲ့။ အက်ႌလက္တိုတဲ့ တီရွပ္ကို ဝတ္ဆင္ပါ။ ရွပ္အက်ႌ ရွေးတဲ့အခါမှာလည်း Shoulder seam က ပုခုံးပေါ်ကွက်တိ ရောက်နေဖို့ လိုပါတယ်။ ပုခုံးအောက်ကျနေရင် အနည်းငယ်ပွသယောင်ဖြစ်ပြီး သင့်ကို ပိုပြီး သေးသွားစေပါတယ်။
– နောက်တစ်ချက်အနေနဲ့ ပိန်သွယ်နေတဲ့ လည်ပင်းကို Volume ထည့်ဖို့ပါ။ ပိန်သွယ်နေတဲ့လည်တိုင်က အမျိုးသားတစ်ယောက်အဖို့ အားနည်းတဲ့အသွင် ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ကော်လံပါတဲ့ အဝတ်အထည်တွေ (Zip necks, Stand-up collars, Shawl collars, Funnel necks) ကို ဦးစားပေး ရွေးချယ် စေလိုပါတယ်။
♥ #Darliko ♥