Cosplay အနုပညာ

ဒီနေ့ခေတ် မြန်မာလူငယ်တွေကြားမှာ ထူးခြားဆန်းပြားတဲ့ Cosplay ဖက်ရှင် ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဂျပန် Anime တွေ, Game, Disney, Marvel ရုပ်ရှင်တွေမှာပါတဲ့ ဇာတ်ကောင်တွေလိုမျိုး ဝတ်ဆင်ပြီး သရုပ်ပြတာမျိုးကို Cosplay လို့ ပြောနိုင်ပါတယ်။ ♥ Cosplay ဘယ်က စတင်ဖြစ်ပေါ်လာလဲ ၁၉၃၉ ခုနှစ်က New York မှာ ကမ္ဘာ့ပထမဆုံး Science Fiction Convention ကို ကျင်းပခဲ့တယ်။ ဒီပွဲကို လာတဲ့သူတွေက Science Fiction တွေထဲကလိုမျိုး ဝတ်ဆင်လာကြတယ်။ ဒါက ကမ္ဘာမှာ ပထမဆုံး Cosplay ပွဲလို့ ပြောနိုင်ပါတယ်။ Cosplay ဆိုတဲ့ Term ကတော့ ဂျပန်မှာ ၁၉၈၄ ခုနှစ်က စပြီး ဖြစ်လာပါတယ်။ […]