သွေးမဆုံးမီ သားအိမ်ထုတ်လိုက်ရသူများတွင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများ

သွေးမဆုံးခင်မှာ သားအိမ်ထုတ်ပစ် လိုက်ရတဲ့အမျိုးသမီးတွေဟာ ကျောက် ကပ်ရောဂါဖြစ်နိုင်ခြေများတယ်လို့ သု တေသနသစ်တစ်ရပ်မှာ ဖော်ပြထားပါ တယ်။ အကြောင်းရင်းကတော့ သားအိမ် ထုတ်ပြီးနောက်မှာ အီစထရိုဂျင်ပမာဏ လျော့ကျခြင်းကြောင့်လို့ သုတေသီတွေ က ယုံကြည်နေပါတယ်။ အတိအကျ သက်သေမပြနိုင်သေးပေမယ့် သားအိမ် ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ မရှိဘဲ သားအိမ်ထုတ်ဖို့စဉ်းစားနေတဲ့ အမျိုးသမီးတွေအနေနဲ့တော့ ဒီအချက် ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သွေးကို စစ်ထုတ် မပေးနိုင်တော့တဲ့အခါမှာ ကျောက်ကပ် ရောဂါဖြစ်ပေါ်တတ်ပါတယ်။ ကျောက် ကပ်ပျက်စီးရင် ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတို့ လုပ်ဆောင် ရမှာပါ။ အမျိုးသမီးတွေမှာ အီစထရိုဂျင် ဟော်မုန်းဟာ ကျောက်ကပ်ကို အကာအ ကွယ်ပေးနိုင်ပါတယ်။ မင်နီဆိုးတားပြည် နယ်မှာ သွေးဆုံးချိန်မတိုင်မီ သားအိမ် ထုတ်ခဲ့ရတဲ့အမျိုးသမီး ၁၆၀၀ ကျော်ကို ၁၄ နှစ်ကြာအောင် လေ့လာမှုအရ အ သက် ၅၀ မတိုင်မီကျောက်ကပ်ဖယ်ထုတ် ခဲ့ရတဲ့အမျိုးသမီးတွေဟာ ကျောက်ကပ် ရောဂါဖြစ်နိုင်ခြေ ၆ ဒသမ ၆ ရာခိုင်နှုန်းပို များပြီး အသက် ၄၆ နှစ်မတိုင်မီ သားအိမ် ထုတ်ခဲ့ရတဲ့အမျိုးသမီးတွေမှာတော့ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၇ ဒသမ ၅ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။

◘ (DM,27.9.18) အေးယုနိုင်

Post Author: Good Health Journal