“မျက်အိတ်ဖောင်းခြင်း – အလှအပဆိုင်ရာခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာကြည်ချမ်းကိုနှင့်တွေ့ဆုံခြင်း ၂ “

(၁၁) ခွဲစိတ်တဲ့ အချိန်ဘယ်လောက်ကြာပါသလဲဆရာ။

ခွဲစိတ်ချိန်ကတော့ ၄၅မိနစ် ကနေ ၁နာရီလောက် ကြာပါတယ်။

 

(၁၂) မျက်အိတ်ခွဲစိတ်ပြီးရင် ဆောင်သင့်ရှောင်သင့်တာတွေကို ပြောပြပေးပါဆရာ။(အစားအသောက်၊ အနေအထိုင်)ခွဲစိတ်ပြီးရင် ဘာဆေးတွေ ဆက်ပြီးသောက်ဖို့လိုပါသေးလဲ ဆရာ။

ခွဲစိတ်ချိန်က ၁ နာရီခန့် ကြာမြင့်ပြီး ခွဲစိတ်ပြီး နာရီဝက်လောက် ရေခဲကပ်ပြီး အိမ်ပြန်နားလို့ရပါတယ်။

ခွဲစိတ်ပြီး  ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပဲ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူနေသင့်ပါတယ်။

မျက်အိတ် အဆီထုပ်ပြီး ၂၄ နာရီကျော်ပါက ရေချိုးလို့ရပါတယ်။ သို့သော်လည်း ရေချိုးပြီးရင် မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိရပါဘူး။

မျက်တွင်းအဆီထုပ်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားအိပ်သင့်ပါတယ်။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်ပြီး အိပ်ရပါမယ်။

အနာမကျပ်ခင် ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ရပါမယ်။

ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း ၁ရက် ၁ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားတဲ့ ဂွမ်း(နားကြပ်တံဂွမ်း) နဲ့ စိမ်ပြီး ချုပ်ရိုးနေရာကို ဆေးကြောရပါမယ်။ ဆေးကြောပြီးပါက ချုပ်ရိုးနေရာအား Anti-biotic ointment ၁ခုခု လိမ်းရပါမယ်။

ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်သင့်ပါတယ်။

၇ ရက်မြောက်နေ့မှာ ချုပ်ရိုးဖြည်ပါမယ်။ သို့သော်လည်း မျက်အိတ်အဆီထုပ်ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းသင့်ပါဘူး။

လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်မှာ မူတည်ပြီး ကွဲပြားမှူရှိတတ်ပါတယ်။ တချို့သောသူတွေမှာ မျက်တွင်းအဆီထုပ်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါတယ်။

ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာကို လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုဎ်ရပါဘူး။

 

အကာင်းဆုံး ရလဒ် Final Result ကတော့ ၂ ပတ် ကနေ ၁ လကျော် မှ စတင်သိရှိနိုင်ပေလိမ့်မယ်။

ခွဲစိတ်ပြီးရင် သောက်ရမယ့်ဆေးတွေကတော့

– ပိုးသတ်ဆေး (သောက်ဆေး)

– ပိုးသတ်ဆေး (လိမ်းဆေး)

– ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း

– အကိုက်အခဲ ပြောက်ဆေး

– အရောင်ကျဆေး

– Vitamin C ပါတဲ့ဆေး

– Zinc ပါတဲ့ဆေး

တွေကို ၇ ရက် ပြည့်တဲ့အထိ နေ့စဉ် မှန်မှန် သောက်ရပါမယ်။

(၁၄) မျက်အိတ်ခွဲပြီး ဘယ်နှစ်ရက်အကြာမှာ ရေထိလို့ရပါပြီလဲဆရာ။

မျက်အိတ် အဆီထုပ်ပြီး ၂၄ နာရီကျော်ပါက ရေချိုးလို့ရပါတယ်။ ရေထိလို့ရာပါတယ်။  သို့သော်လည်း မျက်နှာကို တတ်နိုင်ပါက ရေကြာကြာမထိရပါဘူး။

 

(၁၅) မျက်ကပ်မှန်တပ်သူတွေအနေနဲ့ ခွဲစိတ်ပြီး ဘယ်လောက်အကြာမှာ မျက်ကပ်မှန်တပ်လို့ရပါပြီလဲ ဆရာ။

မျက်ကပ်မှန်တပ်သူတွေအနေနဲ့ ခွဲပြီး ၂ ပတ်ကျော်မှသာ မျက်ကပ်မှန် တပ်ရပါမယ်။

 

(၁၆) မျက်အိတ်ထုတ်တာကြောင့် မျက်ကွင်းညိုတာကိုပါ သက်သာပျောက်ကင်းနိုင်ပါသလား ဆရာ။

အနည်းငယ်တော့ သက်သာနိုင်ပါတယ်။

(၁၇)ခွဲစိတ်တဲ့အခါ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလဲ ဆရာ။

ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် အဖြစ်နည်းပါတယ်။

ခွဲပြီး ၂၄ နာရီ အတွင်း အနည်းငယ် နာကျင်ကိုက်ခဲ တတ်ပါတယ်။

ခွဲပြီး ၃ရက် ၄ရက် အတွင်း မျက်အိတ် နဲ့ မျက်ဝန်းပတ်ဝန်းကျင်မှာ အနည်းငယ် ရောင်နေပါမယ်။

တချို့သူတွေမှာ ခွဲပြီး ၅ ရက် အတွင်း မျက်အိတ် ပတ်ပတ်လည်မှာ နည်းငယ်ရောင်ပြီး သွေးချေဥ အကွက်ကြီး အကွက်ငယ်တွေ ပေါ်တတ်ပါတယ်။

တချို့သူတွေမှာ ခွဲပြီး ၅ ရက် အတွင်း မျက်ရည်ပူများကျပြီး မျက်စီချောက်သလို ခံစားတတ်ပါတယ်။

လူနည်းစုကတော့ ခွဲကြောင်းနေရာမှာ အမာရွတ် ကျန်တတ်ပါတယ် (အလွန်ရှားပါတယ်)။

ဆေးမှန်မှန်မသောက် ဆေးမှန်မှန်မလိမ်းရင်တော့ ပိုးဝင်တတ်ပါတယ် (အလွန်ရှားပါတယ်)။

မျက်အိတ်အဆီထုတ်တာများသွားတဲ့ အခါ မျက်တွင်းချိင့်သွားတတ်ပါတယ် (အလွန်ရှားပါတယ်)။

 

(၁၈) အမာရွတ်ကျန်တာ၊ မျက်စိအမြင်မကြည်လင်တာမျိုးတွေ ဖြစ်နိုင်ပါသလားဆရာ။

အလွန်ရှားပါတယ်။

(၁၉) မျက်အိတ်ခွဲစိတ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးပြည်သူအတွက် အသိပညာပေးစကားပြောပေးပါဆရာ။

အပေါ်မှာ အများကြီး ဖြေထားပြီးဖြစ်တဲ့အတွက် မျက်အိတ်ခွဲစိတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး သိသင့်တာတွေလည်းသိလောက်ပြီ ထင်ပါတယ်။

နိုင်ငံခြားမှာပဲ ဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲ ဖြစ်ဖြစ် မျက်အိတ်ခွဲစိတ်ကုသမှူ ခံယူမယ်ဆိုရင်တော့ ကျနော့အနေနဲ့ မိမိကို ခွဲစိတ်ကုသပေးမယ့် ဆရာဝန်ရဲ့ History, Review, သူခွဲခဲ့တဲ့ လူနာတွေရဲ့ Result တွေကို သေချာလေ့လာပြီးမှ ခွဲစိတ်ကုသမှု ခံယူသင့်ကြောင်း ပြောချင်ပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *