အရက်သေစာ သောက်သုံးမှုကြောင့် နှစ်စဉ် သေဆုံးသူ ၂ ဒသမ ၈ သန်းခန့် ရှိလာ

အရက်သေစာသောက်သုံးမှုတွေ ကြောင့် နှစ်စဉ်သေဆုံးရတဲ့အရေအ တွက် ၂ ဒသမ ၈ သန်းခန့် ရှိလာနေခဲ့ တယ်လို့ ဆီယက်တဲလ်မြို့၊ ၀ါရှင်တန် တက္ကသိုလ်က လေ့လာမှုအရသိရပါ တယ်။ ရံဖန်ရံခါမှ သောက်သုံးတတ်တဲ့ သူတောင်မှ ကျန်းမာရေးကို ထိခိုက်စေ နိုင်ပြီး ဆေးဖြစ်ဝါးဖြစ်သောက်သုံးတာ ပဲဖြစ်ဖြစ်၊ အရက်ကို စွဲပြီးသောက်သုံး တာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ဆိုး ကျိုးတွေဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက လေ့လာမှုအစီရင်ခံစာမှာ ဖော် ပြထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အရက်သေစာသောက်သုံးမှုကြောင့် သေ ဆုံးသူ ၂ ဒသမ ၈ သန်းရှိခဲ့တယ်လို့ လေ့ လာမှုမှာ တင်ပြထားခဲ့ပါတယ်။ အရက် သေစာကြောင့် အသက်မပြည့်သေးသူ တွေမှာ သေဆုံးစေနိုင်တဲ့အန္တရာယ်တွေ ရှိနိုင်ပြီး ၁၅ နှစ်ကနေ ၄၉ […]

အနမ်းကြမ်းသည့်ချစ်သူကြောင့် နားစည်ပေါက်ကာ ဆေးရုံရောက်လာသည့် အမျိုးသား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့က ဆေးရုံတစ်ခုရဲ့အရေး ပေါ်ဌာနကို မကြာသေးမီက လူငယ်စုံတွဲတစ်တွဲ ရောက်ရှိလာခဲ့ပြီးတော့ အမျိုးသားဖြစ်သူက နားထဲမှာ အရမ်းနာကျင်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ အစောပိုင်းမှာ ဒီလူငယ်စုံတွဲဟာ အကြောင်းရင်းကို ပြောပြဖို့ ရှက်ရွံ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို အမှန်အ တိုင်း ပြောပြခဲ့ကြပါတယ်။ လူနာအမျိုးသားရဲ့နားကို ချစ်သူမိန်းကလေး ကနမ်းပြီးတဲ့နောက်မှာမှ လူနာရဲ့နားထဲကနာကျင်လာတာဖြစ်ပြီးတော့ အကြောင်းရင်းကတော့ အနမ်းကြမ်းလွန်းတာကြောင့် နားစည်ပေါက် သွားရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုခဲ့ကြပါတယ်။ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာလည်း အနမ်းကြောင့် နားစည်ပေါက်ပြဲသွား တာ ဖြစ်တယ်ဆိုတာကို ဆရာဝန်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။ အဆိုပါလူငယ်စုံတွဲကို အတူနေရာမှာ ခန္ဓာကိုယ်ရဲ့အထိခိုက်မခံတဲ့အ စိတ်အပိုင်းတွေကို ကြမ်းတမ်းစွာမထိတွေ့မိအောင် ရှောင်ကြဉ်ကြဖို့ ဆရာဝန်တွေက အကြံပေးခဲ့ရတယ်လို့ သိရပါတယ်။ ◘ (AP,30.8.18) အေးယုနိုင်

အူမကြီးရောင်ရမ်းခြင်းကို စတော်ဘယ်ရီက လျှော့ချပေးနိုင်

ဆိုးဆိုးရွားရွား ၀မ်းလျှောတာ၊ မောပန်းနွမ်းနယ်တာ အပါ အ၀င် အူမကြီးရောင်ရမ်းတာကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကိုပါ စတော်ဘယ်ရီက လျှော့ချပေးနိုင်ပါသတဲ့။ တစ်နေ့ကို စတော် ဘယ်ရီနည်းနည်း ပုံမှန်စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေစားလို့ဖြစ်လာတဲ့ အကျိုးဆက်တွေ၊ လေ့ကျင့်ခန်းမလုပ်လို့ အူကျန်းမာရေးအားနည်းလာတဲ့ အကျိုး ဆက်တွေကို တန်ပြန်ပေးနိုင်သွားမှာပါ။ “အထိုင်များတာ၊ အ သင့်စားအစားအစာတွေအစားများတာတွေက အူတွေကို ရောင် ရမ်းစေတယ်”လို့ အူမာ့စ်အမ်ဟာ့စ်ထ် အစားအစာသိပ္ပံဌာနမှဒေါက်တာဟောင်စီယိုက ဆိုပါတယ်။ အရွယ်ရောက်ပြီးသား အ မေရိကန်တွေထဲမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းက အူမကောင်း၊ ဗိုက် နာတဲ့ဝေဒနာတွေ ခံစားနေရပါသတဲ့။ ဒီလိုဝေဒနာတွေဖြစ်တဲ့လူ တွေက အူမကြီးကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ အသီးအနှံများ များစားပေးမယ်ဆိုရင်တော့ အဲဒီဝေဒနာ သက်သာလာမှာပါ။ ဒါကြောင့် လူတွေအစားများတဲ့ စတော်ဘယ်ရီကို ပညာရှင်တွေ က လေ့လာခဲ့ပါတယ်။ […]

ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ ပရိုတိန်းလုံလောက်စွာ မစားသုံးပါက ကလေးတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများ

ဗြိတိန်ကျန်းမာရေးစာစောင်ကနေ ဖော်ပြခဲ့တဲ့ သုတေသနလေ့လာမှုအသစ် အရ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက် မိခင်တွေ ပရိုတိန်းလုံလောက်အောင် မစားသုံးပေးဘူးဆိုရင် ကလေးတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုများနိုင် တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းမှာ ပရိုတိန်းစားသုံးမှုအခြေအနေအမျိုးမျိုး ကို မိခင်ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့ ကြတာဖြစ်ပြီး ပရိုတိန်းအနည်းငယ်သာ စားသုံးရတဲ့ မိခင်ကြွက်တွေရဲ့ မျိုးဆက် ကြွက်ထီးတွေ အရွယ်ရောက်လာချိန်မှာ ဆီးကျိတ်ကင်ဆာဖြစ်တာကို လေ့ လာတွေ့ရှိခဲ့ရပြီး ပရိုတိန်းလုံလောက်စွာ စားသုံးရတဲ့မိခင်ကြွက်တွေက မွေးတဲ့ ကြွက်ထီးတွေမှာတော့ ပရော့စတိတ်ကင် ဆာမဖြစ်တာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပါမောက္ခ လူးဝစ်ဂျပ်စတူလင်က ဆိုပါ တယ်။ အသက်ကြီးလာတဲ့အခါမှာ အစားအသောက်ကြောင့် အီစထရိုဂျင်နဲ့ တက်စထရိုစတီရုန်းအဆင့်တွေပြောင်းလဲ နိုင်တာကြောင့်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပါတယ်။ ဒီဟော်မုန်းတွေ ပြောင်းလဲတာက အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း တွေ ဖြစ်ပါတယ်။ ပရိုတင်းအစားနည်း […]

ဓာတ်ခွဲခန်းတွင်ဖန်တီးထားသည့် လူသားအဆုတ်တုဖြင့် ၀က်ခန္ဓာထဲတွင် အစားထိုးမှုအောင်မြင်

တက္ကဆက်ဆေးတက္ကသိုလ်က ဂျို ရန်နစ်ခိုးစ်နဲ့ ဂျိုဝါဂွင်ကော်တီယယ်လာ တို့ဦးဆောင်တဲ့ သုတေသနအဖွဲ့ကနေ bioengineering နည်းပညာနဲ့ ဓာတ်ခွဲ ခန်းမှာ မွေးမြူထုတ်လုပ်ထားတဲ့ လူသား အဆုတ်တုကို အရွယ်ရောက်ပြီး ၀က် တွေရဲ့ခန္ဓာကိုယ်ထဲမှာ အစားထိုး ထည့် သွင်းစမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဒီသုတေသီအဖွဲ့က ဓာတ်ခွဲခန်းမှာအဆုတ်တုမွေးမြူထုတ်လုပ်တာ ကို ၂၀၁၄ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါ တယ်။ လက်ရှိလေ့လာမှုအရ ၀က်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အဆုတ်တုတွေကို အစား ထိုးထားမှုက အချိန်နှစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခြေအနေကောင်းနေဆဲ ဖြစ်တယ်လို့ ဒေါက်တာ ဂျိုရန်နစ်ခိုးစ်က ဆိုပါတယ်။ အစားထိုးပြီးနောက် နှစ်ပတ် အကြာမှာပဲ အဆုတ် အသက်ရှင်နိုင်ဖို့ လုံလုံလောက်လောက် သန်မာတဲ့ အဆုတ် သွေးကြောကွန်ရက်တွေ ဖြစ်လာခဲ့တယ် လို့ ဒေါက်တာဂျိုရန်နစ်ခိုးစ်က ဆိုပါ တယ်။ လက်ရှိမှာ ၀က်တွေရဲ့ခန္ဓာကိုယ် […]

နေ့စဉ် နနွင်းစားပေးခြင်းက မှတ်ဉာဏ်စွမ်းရည်တိုးမြင့်ပြီး ပျော်ရွှင်စေနိုင်

နေ့စဉ်နေ့တိုင်း နနွင်းပုံမှန်စားသုံးပေးတာက မှတ်ဉာဏ် စွမ်းရည်ကိုတိုးမြင့်စေပြီး စိတ်ခံစားချက်ကိုကောင်းမွန်စေကာ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ရရှိစေနိုင်တယ်လို့ ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်တက္ကသိုလ်မှ သုတေသနလေ့လာ မှုအရသိရ ပါတယ်။ နနွင်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး အင်တီအောက် ဆီးဒင့်ပါရှိမှုတွေကြောင့် နေ့စဉ်စားသုံးပေးသင့်ပြီး အသက်အ ရွယ်ရလာတဲ့အခါ မှတ်ဉာဏ်လျော့နည်းမှုအခြေအနေကိုလည်း လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပြီး ဦးနှောက်တွင်းလုပ် ဆောင်ချက်တွေကိုလည်း မှန်ကန်စေတာကြောင့် စိတ်ကျဝေဒ နာနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်း အဖြစ်နည်းစေနိုင်တယ် လို့ ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်တက္ကသိုလ်၊ သက်ရှည် ကျန်းမာမှုလေ့လာရေးစင်တာရဲ့ သက်ကြီးရွယ်အိုစိတ်ပညာဌာန က ဒေါက်တာဂယ်ရီစမောက ဆိုပါတယ်။ အသက် ၅၀ ကနေ ၉၀ အရွယ်ကြား မှတ်ဉာဏ်ပိုင်းဆိုင် ရာ အားနည်းချို့တဲ့လာနေသူ သက်ကြီး ရွယ်အို ၂၀ ဦးခန့်ကို နေ့စဉ် […]

မီးဖွားပြီးတစ်နာရီအတွင်း မိခင်နို့ တိုက်ကျွေးပေးခြင်းက ကလေးကို အသက်ရှည်စေ

မီးဖွားပြီးတစ်နာရီအတွင်းမှာပဲ က လေးကို မိခင်နို့တိုက်ကျွေးပေးမယ်ဆို ရင် ကလေးအတွက် အာဟာရပြည့်ဝစေ ပြီး အရွယ်မတိုင်ခင်သေဆုံးမှုမျိုးဖြစ်နိုင် ခြေနည်းစေပြီး အသက်ရှည်စေနိုင် တယ်လို့ လေ့လာမှုအရသိရပါတယ်။ လူ့လောကကိုစတင်ဝင်ရောက်ခါစမှာပဲ ကလေးကို မိခင်နို့တိုက်ကျွေးပေးတာက ကလေးရဲ့ခုခံအားစနစ်ကို တိုးမြှင့်ပေး နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆို ပါတယ်။ ကလေးငါးဦးမှာ သုံးဦးခန့်က မွေးပြီးလျှင်ပြီးချင်း မိခင်နို့စို့ရခြင်းမရှိ ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာ အရ နှစ်စဉ် ကလေး ၇၈ သန်းခန့် မွေးပြီး လျှင်ပြီးချင်း မိခင်နို့စို့ရခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့ ယူနီ ဆက်ဖ်တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်အ ရ သိရပါတယ်။ မိခင်နို့တိုက်ကျွေးပေး တာကြောင့် ကလေးရဲ့ခုခံအားစနစ် ကောင်းမွန်စေပြီး ကူးစက်ရောဂါတွေက နေကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့ ရည်မှာ ကလေးရဲ့ကနဦးကာကွယ် ဆေးလို့ဆိုကြတဲ့ ကိုလော့စ်ထရမ် ပါရှိ […]

ပါတီသုံးဆေးရည်များ အရှိန်ဖြင့် ထိမှန်ခဲ့သဖြင့် မျက်စိဟက်တက်ကွဲခဲ့ရသူ

စပိန်နိုင်ငံ မီဂါလပ်ဖ်အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ မီဂါလပ်ဖ်နိုက် ကလပ်မှာ ပါတီသုံးဆေးရောင်စုံဖျန်းသေနတ်ကနေ ဆေးရည်ပစ်လွှတ် ခဲ့ရာမှာ ဒီလွန်ကွန်နရီလို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော် သက်တစ်ဦးရဲ့ မျက်စိကို မတော်တဆအရှိန်ပြင်းပြင်းနဲ့ ထိမှန်သွားခဲ့ တာကြောင့် ဒီလွန်ကွန်နရီရဲ့ မျက်လုံးတစ်ဖက်က နှစ်ခြမ်းဟက်တက် ကွဲထွက်သွားခဲ့ရတဲ့အထိ ထိခိုက်ဒဏ်ရာပြင်းထန်သွားခဲ့တယ်လို့ သိရ ပါတယ်။ နိုက်ကလပ်မှာ ကနေကြသူတွေကို UV ဆေးတွေနဲ့ ပေကျံ သွားစေပြီး ကခုန်သူတွေကို ပိုပြီးပျော်ရွှင်သွားစေဖို့ ဆေးရည်တွေကို ပစ်လွှတ်ဖျန်းပက်ပေးတဲ့ ပါတီသုံးဆေးရောင်သေနတ်ကနေ အရှိန်နဲ့ပန်း ထွက်လာခဲ့တဲ့ ဆေးရည်တွေက ဒီလွန်ရဲ့မျက်နှာကို အနီးကပ်အနေအ ထားနဲ့ အရှိန်ပြင်းပြင်းထိမှန်သွားခဲ့ကာ မျက်စိဟက်တက်ကွဲပြီး အပြင်း အထန် ထိခိုက်ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို အရေးပေါ်ပို့ ဆောင်ကုသခဲ့ရာမှာ ခွဲစိတ်ဆရာဝန်တွေကတောင် ဒီလောက်ဆိုးရွားတဲ့ မျက်လုံးမတော်တဆ ထိခိုက်မှုမျိုးကို မကြုံတွေ့ခဲ့ဖူးဘူးလို့တောင် […]

ကိုယ်ဝန်ဆောင်ချိန် ငါးစားသုံးပေးခြင်းဖြင့် ကလေးတွင် ပန်းနာဖြစ်နိုင်ခြေနည်း

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင် ချိန်မှာ ငါးကိုစားသုံးပေးတာက မွေးဖွား လာမယ့်ကလေးမှာ ပန်းနာဖြစ်နိုင်ခြေ နည်းပါးစေတယ်လို့သိရပါတယ်။ ငါးကို စားပေးတာကြောင့် ရင်သွေးမှာ ပန်းနာ ဖြစ်နိုင်ခြေလျော့နည်းစေတဲ့အပြင် ရင် သွေးငယ်အတွက် အာဟာရဆိုင်ရာ ကောင်းကျိုးတွေရစေပြီး ဖွံ့ဖြိုးကြီးထွား မှု အားကောင်းစေတယ်လို့ အမေရိကန် နိုင်ငံ၊ တောင်ဖလော်ရီဒါတက္ကသိုလ် ပါမောက္ခ ရစ်ချတ်လော့ကီက ဆိုပါ တယ်။ ဒါ့အပြင်ငါးစားသုံးပေးခြင်းဖြင့် ရင်သွေးငယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းစေပြီး ဉာဏ်ရည်ထက်ကာ သန် စွမ်းကျန်းမာစေတယ်လို့လည်း သိရပါတယ်။ ကလေးတွေ အရွယ်ငယ် စဉ်မှာ ပန်းနာဖြစ်လေ့ရှိပြီး အသက်ရှူရ ခက်တဲ့ ပြဿနာဖြစ်လေ့ရှိတာကို မိခင် ဖြစ်သူက ငါးစားသုံးပေးရုံနဲ့ ကာကွယ်ပြီး သားဖြစ်စေမှာဖြစ်တာကြောင့် ငါးမနှစ် သက်သူဖြစ်ရင်တောင် ကိုယ်ဝန်ဆောင် ချိန်မှာ ရံဖန်ရံခါစားသုံးပေးသင့်ပြီး ငါး ကနေထုတ်လုပ်တဲ့ အိုမီဂါ-၃ ကိုလည်း […]

ဘောလုံးပွဲကြည့်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေ

ဘောလုံးပွဲကြည့်တာက စိတ်ပိုင်း ဆိုင်ရာကို ကျန်းမာစေနိုင်တယ်လို့ ဗြိ တိန်အမျိုးသားကျန်းမာရေးစောင့်ရှောက် မှုအဖွဲ့ရဲ့ ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဒါရိုက်တာဖြစ်သူ ပါမောက္ခအလစ်စတယ်ဘန်းစ်က ဆိုပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေက ဘော လုံးပွဲကို မကြာခဏကြည့်ပေးသင့်ပြီး ဘောလုံးပွဲကြည့်ရာကနေ ဦးနှောက်တွင်း မှတ်ဉဏ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုအပိုင်း တွေကို ပိုမိုတက်ကြွလာစေတာကြောင့် မှတ်ဉဏ်တိုးတက်စေနိုင်တယ်လို့ လည်း ပါမောက္ခအလစ်စတယ်ဘန်းစ် က ဆိုပါတယ်။ ဘောလုံးပွဲကြည့်ရင်း ပွဲမှာပါဝင်ကစားနေတဲ့သူတွေနေရာမှာ စိတ်ကူးနဲ့ ပါဝင်ဆော့ကစားနေတတ်ကြ တာကြောင့် ဘောလုံးပွဲကြည့်ပေးတာက ဦးနှောက်တွင်းလုပ်ဆောင်မှုတွေမှာ စွမ်း အင်တိုးတက်လာစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်လာစေနိုင် တာဖြစ်တယ်လို့ ပါမောက္ခအလစ်စတယ် က ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးထိခိုက်မှုရှိလာသူ ၈၅၀၀၀၀ ခန့်ရှိနေပြီး သက်ကြီးပိုင်းမှတ် ဉာဏ်ချို့ယွင်းမှုဖြစ်သူ ရှစ်သန်းနီးပါးရှိ လာခဲ့တယ်လို့သိရပါတယ်။ ဘောလုံးပွဲ ကြည့်တာက […]