အနမ်းကြမ်းသည့်ချစ်သူကြောင့် နားစည်ပေါက်ကာ ဆေးရုံရောက်လာသည့် အမျိုးသား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့က ဆေးရုံတစ်ခုရဲ့အရေး ပေါ်ဌာနကို မကြာသေးမီက လူငယ်စုံတွဲတစ်တွဲ ရောက်ရှိလာခဲ့ပြီးတော့ အမျိုးသားဖြစ်သူက နားထဲမှာ အရမ်းနာကျင်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ အစောပိုင်းမှာ ဒီလူငယ်စုံတွဲဟာ အကြောင်းရင်းကို ပြောပြဖို့ ရှက်ရွံ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို အမှန်အ တိုင်း ပြောပြခဲ့ကြပါတယ်။ လူနာအမျိုးသားရဲ့နားကို ချစ်သူမိန်းကလေး ကနမ်းပြီးတဲ့နောက်မှာမှ လူနာရဲ့နားထဲကနာကျင်လာတာဖြစ်ပြီးတော့ အကြောင်းရင်းကတော့ အနမ်းကြမ်းလွန်းတာကြောင့် နားစည်ပေါက် သွားရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုခဲ့ကြပါတယ်။ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာလည်း အနမ်းကြောင့် နားစည်ပေါက်ပြဲသွား တာ ဖြစ်တယ်ဆိုတာကို ဆရာဝန်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။ အဆိုပါလူငယ်စုံတွဲကို အတူနေရာမှာ ခန္ဓာကိုယ်ရဲ့အထိခိုက်မခံတဲ့အ စိတ်အပိုင်းတွေကို ကြမ်းတမ်းစွာမထိတွေ့မိအောင် ရှောင်ကြဉ်ကြဖို့ ဆရာဝန်တွေက အကြံပေးခဲ့ရတယ်လို့ သိရပါတယ်။

◘ (AP,30.8.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *