အရက်သေစာ သောက်သုံးမှုကြောင့် နှစ်စဉ် သေဆုံးသူ ၂ ဒသမ ၈ သန်းခန့် ရှိလာ

အရက်သေစာသောက်သုံးမှုတွေ ကြောင့် နှစ်စဉ်သေဆုံးရတဲ့အရေအ တွက် ၂ ဒသမ ၈ သန်းခန့် ရှိလာနေခဲ့ တယ်လို့ ဆီယက်တဲလ်မြို့၊ ၀ါရှင်တန် တက္ကသိုလ်က လေ့လာမှုအရသိရပါ တယ်။ ရံဖန်ရံခါမှ သောက်သုံးတတ်တဲ့ သူတောင်မှ ကျန်းမာရေးကို ထိခိုက်စေ နိုင်ပြီး ဆေးဖြစ်ဝါးဖြစ်သောက်သုံးတာ ပဲဖြစ်ဖြစ်၊ အရက်ကို စွဲပြီးသောက်သုံး တာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ဆိုး ကျိုးတွေဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက လေ့လာမှုအစီရင်ခံစာမှာ ဖော် ပြထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အရက်သေစာသောက်သုံးမှုကြောင့် သေ ဆုံးသူ ၂ ဒသမ ၈ သန်းရှိခဲ့တယ်လို့ လေ့ လာမှုမှာ တင်ပြထားခဲ့ပါတယ်။ အရက် သေစာကြောင့် အသက်မပြည့်သေးသူ တွေမှာ သေဆုံးစေနိုင်တဲ့အန္တရာယ်တွေ ရှိနိုင်ပြီး ၁၅ နှစ်ကနေ ၄၉ နှစ်ရွယ်ကြား ပုဂ်္ဂိုလ်တွေမှာလည်း မသန်စွမ်းတာက နေ အသက်သေစေတဲ့အထိ အန္တရာယ် တွေရှိတာလို့ သုတေသနဦးဆောင်သူ မက်စ်ဂရစ်ဝိုးက ဆိုပါတယ်။ ဆေးဖြစ် ၀ါးဖြစ်ဆိုပြီး နေ့စဉ်အနည်းငယ်စီ စွဲ သောက်နေရာကနေ တဖြည်းဖြည်း သောက်သုံးတဲ့ပမာဏ ပိုများလာကြတာ ဖြစ်တယ်လို့ မက်စ်ဂရစ်ဝိုးက ဆိုပါတယ်။ ဆေးဖြစ်ဝါးဖြစ်သောက်တာကြောင့် နှ လုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေတယ် ဆိုတဲ့အချက်ကလည်း ခိုင်လုံမှုမရှိဘဲ ကောင်းကျိုးထက် ဆိုးကျိုးက ပိုတယ်လို့ မက်စ်က ဆိုပါတယ်။ တစ်ကမ္ဘာလုံးအ တိုင်းအတာအရ လူတွေသေဆုံးရတဲ့ အကြောင်းတရားတွေအနက်မှာ အရက် သေစာသောက်စားတာကြောင့် သေ ဆုံးရခြင်းက အမှတ်စဉ် ၇ နေရာမှာ ရှိနေ ခဲ့တယ်လို့လည်း လေ့လာချက်တွေအရ သိရပါတယ်။

(DM, 30.8.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *