အလုပ်ကို နေ့စဉ်စက်ဘီးစီးသွားပေးခြင်းဖြင့် နှလုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်

အလုပ်ကို စက်ဘီးစီးသွားပေးရုံနဲ့ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေကို ၄၅ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်စွမ်းရှိ တယ်လို့ ဂလက်စဂိုးတက္ကသိုလ်ရဲ့ လေ့ လာချက်တွေအရသိရပါတယ်။ အလုပ် မှာ တစ်နေကုန်အညောင်းထိုင်နေရတဲ့ သူတွေ၊ လှုပ်ရှားသွားလာမှုနည်းသူတွေ အနေနဲ့ အလုပ်နဲ့အိမ်က အတော်အတန် အလှမ်းကွာနေခဲ့ရင်တောင် နံနက်ခင်း စောစောလေးကြိုထပြီး နေမမြင့်ခင် စက် ဘီးနဲ့ အချိန်ယူကာ သွားပေးတာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် သီးသန့်အချိန်ပေးစရာမလိုဘဲ လုပ် ဆောင်ပြီးသားဖြစ်စေတာကြောင့် အ ကျိုးများစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားတာ၊ အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်အသုံးပြုတာတွေထက် စက်ဘီးလေးစီးပြီးသွားတာက ပိုမိုလွတ် လပ်ပေါ့ပါးစေလို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက် ပိုမိုခိုင်မာလာစေပါတယ်။ ဆုံး ဖြတ်ချက်တွေမှာ တိကျမှန်ကန်စေတာ ကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအ တွက်လည်း အကျိုးများစေတယ်လို့ လေ့ လာချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ကျန်း မာရွှင်လန်းစေပြီး အဖျားတာရှည်တာမျိုး တွေကိုလည်း ကာကွယ်ဟန့်တားနိုင်စွမ်း ရှိတဲ့အပြင် စက်ဘီးစီးသွားတာကြောင့် ကားလမ်းပိတ်ဆို့တဲ့အထဲ စိတ်အနှောင့် အယှက်ဖြစ်ရတာမျိုးလည်းမရှိတော့ဘဲ ကိုယ်လက်လှုပ်ရှားမှုဟန်ချက်ညီစေကာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဒေါက်တာဂျေဆင် ဂေးလ်က ဆိုပါတယ်။ ပတ်ဝန်းကျင်ညစ် ညမ်းမှုတွေ လျော့ပါးစေဖို့နဲ့ ကျန်းမာစေဖို့ စက်ဘီးစီးလမ်းတွေနဲ့ အများပြည်သူသုံး စက်ဘီးဝန်ဆောင်မှုတွေကိုလည်း ဖန် တီးပေးထားမယ်ဆိုရင် အလုပ်ကိုစက် ဘီးစီးသွားမယ်လူတွေ ပိုများလာနိုင်မယ် လို့ ဒေါက်တာဂျေဆင်က ဆိုပါတယ်။

◘ (DM, 18.10.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *