အိမ်ထောင်ရေးစိတ်ချမ်းသာမှုသည် သုံးနှစ်သာခံဟု ဆို

မင်းသားဟယ်ရီနဲ့ မဟေသီမီဂန်တို့ ဟာ လက်ရှိမှာ အပျော်ကြီးပျော်နေကြပြီး ဒါဟာ အိမ်ထောင်ရေးသက်တမ်းတစ် လျှောက်ပျော်စရာအကောင်းဆုံးအခိုက်အ တန့်ပါ။ ဟန်းနီးမွန်းထွက်နေရတဲ့အချိန် ဟာ အိမ်ထောက်သက်တမ်းတစ်လျှောက် စိတ်ချမ်းသာစရာအကောင်းဆုံးအချိန်လို့ သိပ်္ပံပညာရှင်တွေက ဆိုလိုက်လို့ပါပဲ။ အိမ် ထောင်ကျပြီးစ ပထမနှစ်ဟာ အပျော်ပီ တိ ဂွမ်းဆီထိတဲ့အချိန်ဖြစ်ပြီး အပျော် တွေဟာ အိမ်ထောင်သက်သုံးနှစ်နောက် ပိုင်းမှာတော့ တဖြည်းဖြည်းလျော့ပါးလာ မှာလို့ ထိုင်ဝမ်မှာရှိတဲ့ဆို ချော်တက္ကသိုလ် မှ သုတေသီတွေပြုစုတဲ့ သုတေသနက ဆိုပါတယ်။ အိမ်ထောင်သက်တမ်း ဘယ် လောက်ကြီးကြာကြာ အချစ်မပြယ်တဲ့ အိမ်ထောင်ရေးကမှတစ်ကိုယ်တည်းသ မားဘ၀ထက် စိတ်ချမ်းသာရတာပါလို့ အချက်အလက်တွေကို ဆယ်နှစ်ကျော် လေ့လာအပြီးမှာတော့ သုတေသီတွေက ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်က အိမ် ထောင်ဖက်ကို မတွယ်တာလှဘူးဆိုရင် တော့ အိမ်ထောင်ရေးပြိုကွဲလို့ ရှင်ကွဲကွဲ သွားတာဖြစ်စေ၊ တစ်ယောက်ယောက် ကွယ်လွန်သွားလို့ သေကွဲကွဲသွားတာဖြစ် စေ ကျန်ရစ်တဲ့လူဟာ ထင်ထားသ လောက်ကြီး စိတ်ဆင်းရဲရမှာမဟုတ်ဘူး လို့လည်း လေ့လာချက်မှာရေးထားပါ သေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ ကွဲချင်ကွာချင်ကြပြီဆိုရင် အိမ်ထောင်ရေးမှာ စိတ်မချမ်းမသာဖြစ် နေတဲ့ ဇနီးက ကွဲဖို့ကွာဖို့ အရင် စလုပ် တတ်ကြပါတယ်။ စိတ်မချမ်းမသာဖြစ်နေ တဲ့ခင်ပွန်းကတော့ ဇနီးလောက် ကွဲဖို့ ကွာဖို့ ခြေမြန်လက်မြန် မရှိတတ်ကြပါ ဘူးတဲ့။“လူတစ်ယောက်ကို အိမ်ထောင် ပြုဖို့ တိုက်တွန်းတာထက် နှစ်ဖက်အ ဆင်ပြေသွားနိုင်လောက်တဲ့အိမ်ထောင် ဖြစ်စေဖို့ စီမံပေးတာက ပိုအရေးကြီး တယ်ဆိုတာကို အခုလေ့လာချက်က သွယ် ၀ိုက်ပြောပြနေတာပဲ”လို့ သုတေသီတွေ က ကောက်ချက်ဆွဲထားကြပါတယ်။

(DM, 1.11.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published.