နေ့စဉ် ထိုင် ထ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ

ကျန်းမာရေးကောင်းမွန်နေပြီး အ ရွယ်တင်နုပျိုနေဖို့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာပြီး စိတ်ဓာတ်ကြည်လင် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ထိုင်ထ လေ့ကျင့်ခန်းပြုလုပ်တာက ဒီလိုအခြေ အနေတွေဖြစ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

ထိုင်ထလေ့ကျင့်ခန်းကို ဘယ်လိုပြုလုပ်ကြမလဲ?
သင့်ခြေထောက်နှစ်ခုကို ပခုံးအ ကွာအဝေးအနေအထားလောက်ကား ထားပြီး မတ်မတ်ရပ်ပါ။
ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ချတဲ့ပုံစံ လိုမျိုး ဒူးခေါင်းကို ၉၀ ဒီဂရီကွေးပြီး ဆောင့်ကြောင့်ထိုင်ပါ။ ဒူးခေါင်းပဲ ကွေးရမှာဖြစ်ပြီး ခါး၊ လည်ပင်းနဲ့ မျက်နှာ တွေက မတ်မတ်အနေအထားမှာ ရှိနေရ ပါမယ်။
သင့်လက်တွေကို မြေကြီးနဲ့အပြိုင် ဆန့်ဆန့်ထားပါ။
မတ်မတ်ရပ်အနေအထားအတိုင်း ပြန်နေပါ။
လုပ်ခါစမှာ တစ်ကြိမ်ကို အခါ ၂၀ နှုန်းနဲ့ တစ်နေ့ နှစ်ကြိမ် ပြုလုပ်သွားပြီး တဖြည်းဖြည်း လုပ်ရမယ့်အရေအတွက် ကို တိုးသွားပါ။

ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်

ကြွက်သားတည်ဆောက်နိုင်ခြင်း
ဆောင့်ကြောင့်ထိုင်လိုက်တာက ကြွက်သားတစ်သျှူးတွေကြီးထွားဖို့ လို အပ်တဲ့ဟော်မုန်းတွေ ထွက်ရှိလာပါ တယ်။ ဒါကြောင့် ဝမ်းဗိုက်ကြွက်သား သန်မာလာပြီး ဗိုက်ချပ်ရပ်ကာ အဝလွန် တာ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။

ဒူးခေါင်းကွေးနိုင်ဆန့်နိုင်အား ကောင်းခြင်း
ကျွန်မတို့ ရွေ့လျားနိုင်ဖို့အတွက် ဒူးခေါင်းနဲ့ခြေထောက်က ထောက်ပံ့ကာ အလုပ်လုပ်ပေးကြပါတယ်။ သင်ရွေ့ လျားမှုပြုလုပ်နေစဉ်အတွင်း ခန္ဓာကိုယ် တစ်ခုလုံးကို ခြေထောက်က ထောက်ပံ့ ပေးထားပါတယ်။ ဆောင့်ကြောင့်ထိုင် လိုက်တာကြောင့် ဦးနှောက်နဲ့ ကြွက်သား ကြားမှာ ဆက်သွယ်မှုတွေ ပိုမိုကောင်း မွန်သွားကြတာကြောင့်။ ခြေထောက်ရဲ့ ဟန်ချက်တွေ ကောင်းမွန်လာတဲ့အတွက် ဟန်ချက်မထိန်းနိုင်တာကြောင့် လဲကျပြီး အရိုးကျိုးတာတွေ ဖြစ်နိုင်ခြေ နည်း သွားပါတယ်။

အဆီလောင်ကျွမ်းနိုင်ခြင်း
ကြွက်သားတည်ဆောက်မှုပိုမို ကောင်းလာတာက အဆီလောင်ကျွမ်း တာနဲ့ ထပ်တူညီမျှမှုရှိတယ်ဆိုတာကို သင်သိပါရဲ့လား။ ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်တာက ကြွက်သားတည်ဆောက် မှု ကောင်းမွန်စေပြီး ကြွက်သားတစ်ပေါင် ပိုမိုတိုးလာတိုင်း ကယ်လိုရီ ၅၀-၇၀ ခန့် ပိုမိုလောင်ကျွမ်းသွားနိုင်ပါတယ်။ နေ့စဉ် ကယ်လိုရီအပို ၅၀၀-၇၀၀ လောင်ကျွမ်း နိုင်ဖို့အတွက် ထိုင်ထ လုပ်ရမယ့်အရေ အတွက် တဖြည်းဖြည်းတိုးမြှင့်ပြီး ပြုလုပ် သွားပါ။

ငွေကုန်ကြေးကျမရှိခြင်း
ထိုင်ထလေ့ကျင့်ခန်းကို ပြုလုပ်တာ က အားကစားခန်းမကို သွားပြီး လေ့ကျင့် ခန်းလုပ်တာလိုမျိုး ငွေကုန်ကြေးကျ မရှိ တော့ပါဘူး။ ဒါ့အပြင် အားကစားခန်းမကို အချိန်မီမရောက်မှာ၊ သွားဖို့အချိန်မပေး နိုင်တာတွေအတွက်လည်း စိုးရိမ်စရာ မရှိတော့ပါဘူး။ မိမိအခန်းထဲမှာ တီဗီ ကြည့်ပြီး ထိုင်ထပြုလုပ်နိုင်သလို နေ ရောင်ခြည်အောက်မှာ သီချင်းလေးဖွင့် ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

နောက်ကျောကြွက်သား Relax ရနိုင်ခြင်း
ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာက တခြားလေ့ကျင့်ခန်းတွေ လုပ်အပြီးမှာ ဖြစ်ပေါ်တတ်တဲ့ ဒူးဆစ်၊ ခြေဖနောင့် ဒါမှမဟုတ် နောက်ကျောကြွက်သားတွေ ပင်ပန်းနွမ်းနယ်တာနဲ့ နာကျင်တာလိုမျိုး တွေ မဖြစ်ပေါ်နိုင်ပါဘူး။ နောက်ကျော ကြွက်သားအပါအဝင် ခန္ဓာကိုယ်က ကြွက်သားအားလုံး သန်မာသွားနိုင်ပါ တယ်။

ခန္ဓာကိုယ်အနေအထား မှန်ကန်နိုင် ခြင်း
သင်ဟာ ကွန်ပျူတာနဲ့ အလုပ်လုပ် ရသူ ဒါမှမဟုတ် တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေဖြစ်ရင် အချိန်အ ကြာကြီးထိုင်ရတာကြောင့် ခါးကိုက်ခါး နာတာနဲ့ ခန္ဓာကိုယ်အနေအထားမူမမှန် တာတွေ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်ထိုင် ထလေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခါး နောက်ကျောကြွက်သားတွေ သန်မာလာ တဲ့အတွက် ဇက်ကြောတက်တာနဲ့ နောက်ကျောတက်တဲ့ဝေဒနာတွေ ခံစား ရတော့မှာ မဟုတ်ပါဘူး။

ဝမ်းမှန်ကန်နိုင်ခြင်း
ထိုင်ထလေ့ကျင့်ခန်းလုပ်တာက ဝမ်းမှန်ဖို့အတွက် အလွန်အကျိုးရှိပါ တယ်။ ခန္ဓာကိုယ်အတွင်း အရည်စီးဆင်း မှုကောင်းမွန်နိုင်ပြီး ဝမ်းပျော့သွားနိုင်ပါ တယ်။ ဝမ်းမှန်တာကြောင့် အစာခြေစနစ် လည်း ကောင်းမွန်လာနိုင်ပါတယ်။

ဆဲလ်လူလိုက်ခေါ်သောအဆီခဲများ ပျောက်ကင်းနိုင်ခြင်း
ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာက သွေးတွင်းလှည့်ပတ်နေတဲ့အောက်ဆီ ဂျင်ပမာဏတွေ များပြားစေနိုင်ပါတယ်။ ကြွက်သားသန်မာတာနဲ့အတူ သွေးလှည့် ပတ်မှုအဖွဲ့ ကောင်းမွန်တာက ခန္ဓာကိုယ် အနှံ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ် တွေကို ပြည့်ပြည့်၀၀ ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းက အဆီခဲ တွေ (အထူးသဖြင့် ပေါင်နဲ့တင်ပါးနေရာ) မှာ အဆီခဲစုဆောင်းမှုလည်း ဖြစ်ပေါ်မှာ မဟုတ်တော့ပါဘူး။

ခြေထောက်တင်းအားကောင်းခြင်း
ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာက ခြေထောက်ကြွက်သားတွေ သန်မာစေရုံ သာမက ကြွက်သားတင်းအားပါ ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

တင်ပါးတင်းတင်းရင်းရင်းရှိနိုင်ခြင်း
အမျိုးသမီးအများစုက ခန္ဓာကိုယ် ကောက်ကြောင်းလှတာကို လိုချင်မက် မောကြပါတယ်။ ထိုင်ထလေ့ကျင့်ခန်းပြု လုပ်တာက တင်ပါးအလှကို ပေါ်လွင်စေ နိုင်ပါတယ်။ တင်ပါးလုံးလုံးဝိုင်းဝိုင်းနဲ့ တင်းတင်းရင်းရင်းရှိနေဖို့အတွက် ထိုင် ထလေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။
ငယ်ရွယ်ပြီး ကိုယ်လုံးလှချင်တဲ့ အမျိုးသမီးတိုင်း နေ့စဉ် ထိုင်ထလေ့ကျင့် ခန်းပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *