photoshootမှာ လန်းနေဖို့

ဒီနေ့ခေတ်မှာ ဖန်သားပြင်ပေါ်က အနုပညာရှင်တွေမှ မဟုတ်ပါဘူး၊နေရာအနှံ့မှာ အနုပညာရှင်တွေပေါများလာ တာကို Social Media တွေမှာ အများအပြား တွေ့ရမှာပါ။ သရုပ်ဆောင် ဝါသနာရှင်တွေTik Tok မှာ အပြည့်၊ အဆိုဝါသနာရှင်တွေ Smule မှာ အပြည့် ရှိနေသလိုပါပဲ၊ ဓာတ်ပုံရိုက်တာကို အနုပညာတစ်ခုလိုခံစားပြီး အိုင်ဒီယာကိုယ်စီနဲ့ ပုံဖော် ရိုက်ကူးသူတွေလည်း အများအပြား ရှိလာပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက်  Photoshoot မှာ လန်းနေဖို့ ပြင်ဆင်ရမယ့်အချက်တွေကို ရေးပေးလိုက်ပါတယ်။

SKINCARE
– Photoshoot က ဘယ်ရက်ရိုက်မှာလဲ သိ ပြီးရင် သင့်မှာပြင်ဆင်ဖို့ အချိန်ဘယ်လောက် ရမလဲသိပါပြီ။ တစ်ပတ်လောက် ကြိုပြီးပြင် ဆင်နိုင်ရင် အကောင်းဆုံးပါ။

– အရင်ဆုံးက မျက်နှာအတွက် Facial Tre­atment ခံယူပါ။ အပြင်းစားလုပ်စရာ မလို ပါဘူး၊ မျက်နှာသန့်စင်ပြီး ပေါင်းတင်တာ လောက်လုပ်ပေးပါ။ တစ်ပတ်ကြိုပြီး Exfoli­ation Treatment ခံယူနိုင်ပါတယ်၊ မနက်ဖြန် Photoshoot ရှိမှ ဒီနေ့လိုမျိုးမှာ Exfo­li­ation မလုပ်သင့်ပါဘူး။

– Photoshoot မတိုင်ခင် တစ်ပတ်အလို ကတည်းက အရေပြားကို နေ့စဉ် အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပါ။ သူက အရေပြားအ တွက်လိုအပ်တဲ့ အစိုဓာတ်ပေးနိုင်ပြီး ဓာတ်ပုံ ရိုက်တဲ့အခါ Glow Skin လေးရစေမှာပါ။

– Body Scrub ကို Photoshoot မတိုင်ခင် သုံးရက်လောက်အလိုမှာ လုပ်ထားပါ။ ည တိုင်း လိုးရှင်းလိမ်းအိပ်ပါ။ ဓာတ်ပုံရိုက်တဲ့အခါ အရေပြား ချောမွေ့နေစေဖို့ အမွေးအမှင်တွေဖယ်ရှားထားပါ။

HAIR
– ဆံပင်ကို ပိုပြီး သပ်ရပ်ပုံကျအောင် ကြိုတင် ညှပ်တာ၊ တိတာတွေလုပ်ဆောင်ထားပါ။ ဓာတ် ပုံရိုက်တဲ့နေ့မှ ဆံပင်သွားညှပ်တာမလုပ်ပါနဲ့။ သင့် Photoshoot နဲ့ လိုက်ဖက်မယ့် ဆံပင် ပုံစံမျိုးပြင်ဆင်သွားပါ။
– ဆံပင်ပေါင်းတင်တာကိုလည်း တစ်ပတ်အ တွင်း ကြိုလုပ်ထားပါ။ ဒါမှ ဓာတ်ပုံရိုက်တဲ့နေ့ မှာ ဆံပင်ကို မွဲခြောက်မသွားစေဘဲ သင်လို ချင်တဲ့ ပုံစံသွင်းလို့ရမှာပါ။ ကျန်းမာပြီး သန်မာ တဲ့ ဆံကေသာအသွင်ကို ရစေမှာပါ။

MANICURE
– သင့် Photoshoot အတွက် အသေးစိတ် လှပဖို့ ဆိုရင် လက်သည်း၊ ခြေသည်း Mani­cure လုပ်ထားဖို့လည်း မမေ့ပါနဲ့။ လက်သည်း၊ ခြေသည်းလေးတွေလှပြီး သန့်ရှင်းနေတာက Photoshoot မှာ သင့်ကိုယ်သင် ယုံကြည်မှု တိုးစေပါတယ်။

BEAUTY SLEEP
– သင့်စိတ်ကြည်လင်ပြီး မျက်ဝန်းတွေ ရွှန်း လဲ့တောက်ပဖို့အတွက် အိပ်ချိန်ပြည့်ဝဖို့လည်း လိုအပ်ပါတယ်။ အိပ်ချိန် ၆ – ၈ နာရီရအောင် အိပ်ထားပါ။ စိတ်ကြည်နေမှလည်း Photoshoot မှာ စိတ်ပါပါနဲ့ ပို့စ်လုပ်နိုင်မှာပါ။

DIET
– အစားအစာအနေနဲ့ Photoshoot နီးလာ ရင် အငန်စာတွေမစားပါနဲ့၊ သူတို့က သင့်မျက် နှာကို ဖောင်းအစ်နေစေပါလိမ့်မယ်။ ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ အသီးအနှံ၊ အသီးအရွက် များများစားပါ။ ခန္ဓာကိုယ်မှာ အဆီပိုတွေစုစေ မယ့် ဆီကြော်စာတွေ၊ အဆီအအိမ့်တွေ၊ ဆိုဒါ အအေးတွေ၊ အချိုစာတွေရှောင်ထားပါ။ ခန္ဓာကိုယ်အသားအရေ ကြည်လင်ပြီး ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *