မိတ်ကပ်နှင့်အလှတရား

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေသာမက အမျိုး သားတွေပါ မိတ်ကပ်လိမ်းလာကြပါတယ်။ မင်းသား မို့လို့ သရုပ်ဆောင်မို့လို့ဆိုပြီး လိမ်းတာမဟုတ်ပါဘူး၊ မိတ်ကပ်လိမ်းတဲ့ အမျိုးသားဦးရေက အရင်ခေတ် ထက် ပိုများလာသလို အမျိုးသားတွေအတွက် သီး သန့်ထုတ်ထားတဲ့ Skincare တွေလည်း ရှိလာပါ တယ်။ အမျိုးသမီးတွေအတွက်ကတော့ အရင်ခေတ် ကထက် ရွေးချယ်စရာ မိတ်ကပ်တွေ၊ Skincare တွေဆိုတာ ပြောမကုန်တော့ပါဘူး။

သင်ဟာ မိတ်ကပ် ဃမဖေပ တစ်ယောက် ဖြစ်နိုင်သလို မိတ်ကပ်လုံးဝ မလိမ်းသူလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ မိတ်ကပ်က ဘာကြောင့် လူအတော်များများရဲ့ နေ့စဉ်ဘ၀ အတွက် မရှိမဖြစ်လိုတဲ့အရာ ဖြစ်လာရလဲဆို တာကို ရေးပေးလိုက်ပါတယ်။

(၁) ယုံကြည်မှုတိုးစေလို့ပါ
ဒါက အဓိက အကြောင်းရင်းတစ်ခုဖြစ် ပါတယ်။ မျက်နှာပေါ်က အစက်အပြောက်၊ အနီစက်၊ အမာရွတ်တွေပဲဖြစ်ဖြစ်၊ အရေး ကြောင်းတွေပဲဖြစ်ဖြစ် မိတ်ကပ်က ဖုံးအုပ်ပေး နိုင်တာကြောင့် ဘယ်သွားသွား သင့်ကိုယ်သင် ယုံကြည်မှု ပိုတိုးစေတာ အမှန်ပါပဲ။

(၂) အရေပြားကိုကာကွယ်ပေးလို့ပါ
မျက်နှာမှာ ဘာမှမလိမ်းဘဲနေတာထက် တစ်ခုခုလိမ်းထားတာက အရေပြားကို အကာ အကွယ်တစ်ခု ဖြစ်စေပါတယ်။ အထူးသဖြင့် နေရောင်ထဲသွားဖြစ်ခဲ့ရင် Sင်္ဏ ပါဝင်တဲ့ မိတ် ကပ်အမျိုးအစားက အသားအရေ နေမလောင် အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ထဲ ဘာမှမလိမ်းဘဲသွားရင် အသားအရေကို ပိုပြီး အိုမင်းရင့်ရော်စေတာ၊ ရှိရင်းစွဲ အမည်းစက် တွေကို ပိုထင်းစေတာတွေ ဖြစ်စေပါတယ်။

(၃) ပိုလှစေလို့ပါ
ဘယ်သူမှတော့ ဏနမ်နခအ မဖြစ်ပါဘူး။ စကားပုံတစ်ခုတောင် ရှိပါသေးတယ်၊ ”It Takes Makeup To Look Natural” ပါတဲ့။ သဘာဝအတိုင်းလှနေတဲ့ Nude Look ပုံစံရ ဖို့တောင် မိတ်ကပ်အကူအညီလိုပါတယ်။ သင် ရဲ့ မျက်နှာသွင်ပြင်ကို ပိုပြီး ပေါ်လွင်အောင်၊ မေးရိုး၊ ပါးရိုးစသဖြင့် ပေါ်လွင်အောင် မိတ် ကပ်နဲ့ ဖန်တီးယူနိုင်ပါတယ်။

(၄) ပျော်ရွှင်မှုပေးလို့ပါ
ဒါက မိတ်ကပ် Crazy တွေ ပိုပြီး နား လည်ပါတယ်။ မှန်တင်ခုံရှေ့ထိုင်ပြီးရင် ရှေ့မှာ မြင်နေရတဲ့ မိတ်ကပ်အမျိုးစုံကို ကလိလိုက် ရမှ၊ အသစ်အဆန်းဖန်တီးလိုက်ရမှ ကျေနပ် တာမျိုးပေါ့။ မိတ်ကပ်တွေကို အသုံးပြုပြီး Creativity Skill ကိုတက်စေသလို ပျော်ရွှင် မှုလည်း ရစေပါတယ်။

(၅) ဓာတ်ပုံရိုက်တိုင်းလှစေလို့ပါ
ဒါကလည်း အမှန်ပါပဲ။ မိတ်ကပ်လိမ်း ထားတဲ့သူနဲ့ မလိမ်းထားတဲ့သူဟာ ဓာတ်ပုံ ထဲမှာ အတော်ကွာပါတယ်။ မိတ်ကပ်လိမ်းထား သူတွေထဲမှာတောင်မှ သေသေချာချာ စိတ် ရှည်ရှည် လိမ်းထားတဲ့သူနဲ့ ကမန်းကတန်း လိမ်းထားသူက ရုပ်ထွက်ကွာပါသေးတယ်။ ဒါကြောင့် ဏ့သအသျ့သသအ ရှိတိုင်းမှာ လူတိုင်း မိတ်ကပ်လိမ်းကြတာ ဖြစ်ပါတယ်။

(၆) အသားအရေပိုလှစေလို့ပါ
အသားအရေဆိုတာ သေချာဂရုစိုက် ထားရင် စိုပြည်တဲ့နေ့ရှိသလို ရာသီဥတုကြောင့် မွဲခြောက်တဲ့နေ့ဆိုတာလည်း ရှိပါတယ်။ ဒီ အတွက် အလွယ်ကူဆုံး နည်းလမ်းကတော့ မိတ်ကပ်လိမ်းလိုက်ပါ။ သင့်အသားအရေဟာ ချက်ချင်း စိုပြည်ဝင်းလက်သွားပါလိမ့်မယ်။

(၇) အသက်ပိုငယ်စေလို့ပါ
ဒါကလည်း မိတ်ကပ်ရဲ့အစွမ်းပါပဲ၊ အ သားအရေက အပြစ်အနာအဆာမရှိဘဲ ချော မွေ့ဝင်းပနေတယ်ဆိုရင် ရှိရင်းစွဲအသက်ထက် ပိုငယ်တယ်ထင်ရစမြဲပါ။ အသားအရေကောင်း အောင်လည်း ဂရုစိုက်မယ်ဆိုရင် ပိုပြီး ငယ် စေမှာပါ။

Darliko

Post Author: Good Health Journal