နူးညံ့ချောမွေ့တဲ့ အသားအရေပိုင်ဆိုင်ဖို့

အရေပြားက ထိလိုက်ရင် ချောမွေ့နေ တာကို ပျိုမေတို့ နှစ်သက်ကြမယ် ထင်ပါတယ်။ ဒီအခါ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားမှာ မလိုချင်တဲ့၊ မရှိချင်တဲ့ အမွေးအမှင်တွေကို ဖယ်ရှားပစ်ဖို့ လုပ်လာကြပါတယ်။ အမွေးအ မှင်ဖယ်ရှားနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါ တယ်။ ဘယ်နည်းလမ်းက ဘယ်လိုအသုံးတည့် ပြီး ဘယ်လိုလုပ်မိရင် အရေပြားပျက်စီးနိုင် တယ်ဆိုတာသိထားမှ နူးညံ့ချောမွေ့တဲ့ အ သားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာ ပျိုမေတို့ လှပချောမွေ့ တဲ့အသားအရေပိုင်ဆိုင်နိုင်ဖို့ အမွေးအမှင် ဖယ်ရှားတဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါ တယ်။

နည်းလမ်း(၁)

ပထမဆုံးနည်းလမ်းကတော့ ကိုယ်တိုင် လုပ်နိုင်တဲ့ Tweezer ကို အသုံးပြုပြီး နုတ်တာ ဖြစ်ပါတယ်။ သူက သေးငယ်တဲ့ အရေပြားတစ် ဝိုက်ကအမွေးတွေကို တစ်မျှင်ချင်းနုတ်ဖို့သင့် တော်ပါတယ်။ တစ်ခါ နုတ်ထားပြီးရင် လူတစ် ယောက်နဲ့ တစ်ယောက် အရေပြားပေါ်မူတည် ပြီး ၃ ပတ်ကနေ ၈ ပတ်အထိ ခံပါတယ်။ မ နုတ်ခင်မှာ Tweezer ကို အရက်ပြန်နဲ့ သန့်စင် ပါ။ အသုံးပြုပြီးရင်လည်း အရက်ပြန်နဲ့ ပြန် သန့်စင်ပေးပါ။ တကယ်လို့ နုတ်လိုက်တဲ့ အမွေးက အမြစ်ကနေ မပါလာဘဲ ပြတ်သွား တယ်ဆိုရင် ingrown hair လိုဖြစ်ပြီး အရေ ပြားထဲ ပြန်ဝင်ကာ ယားယံတာဖြစ်တတ်ပါ တယ်။ အရေပြား ရောင်ရမ်းတာသက်သာစေဖို့ အစိုဓာတ်ထိန်းခရင်မ်ဖြစ်ဖြစ်၊ ရှားစောင်းလက် ပပ်ဂျယ်လ်ဖြစ်ဖြစ် ပြန်လိမ်းပေးပါ။

နည်းလမ်း(၂)

ဒုတိယနည်းလမ်းကလည်း အသုံးများပါ တယ်။ အချိန်မရရင် အမြန်ဆုံးနဲ့ အလွယ်ကူ ဆုံး ဖြေရှင်းနည်းကတော့ Razor တွေ Electric shaver တွေ အသုံးပြုနိုင်ပါတယ်။ Razor တွေအသုံးပြုတဲ့အခါ တစ်ခါသုံးတွေကို သုံးပါ၊ ထက်နေဖို့လိုပါတယ်။ Razor ဓားသွား မထက်ရင် အရေပြားရှတာဖြစ်တတ်ပါတယ်။ မရိတ်ခင်မှာ အရေပြားကို စိုစွတ်အောင်လုပ်ပါ။ဆပ်ပြာ ဒါမှမဟုတ် Shaving cream ကို အသုံးပြုပါ။ တစ်ရက်ကနေ သုံးရက်ထိပဲ ခံပါ လိမ့်မယ်။ ရိတ်တဲ့နည်းလမ်းကလည်း ingr­own hair ဖြစ်စေနိုင်ပါတယ်။

နည်းလမ်း(၃)

တတိယနည်းလမ်းကတော့ ဖယောင်း ကပ်ခွာအသုံးပြုတဲ့ Waxing ပဲ ဖြစ်ပါတယ်။ ကပ်စေးစေးဖြစ်နေတဲ့ ဖယောင်းကို အရေ ပြားပေါ်တင်ပြီး အဝတ်စနဲ့ဆွဲခွာလိုက်ရင် အ မွေးတွေ ပါသွားပါတယ်။ ကိုယ်တိုင်ပြုလုပ်နိုင် တဲ့ ဖယောင်းကပ်ခွာတွေလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ သူက သုံးပတ်ကနေ ခြောက်ပတ်အထိခံပါတယ်။ Waxing လုပ်ဖို့ အမွေးအမှင်တွေက တစ် လက်မရဲ့ လေးပုံတစ်ပုံ လောက်ရှည်နေဖို့ လို ပါတယ်။ သူရဲ့ Side effect ကတော့ အရေပြားနီမြန်းတာ၊ မွေးညင်းပေါက်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။

နည်းလမ်း(၄)

နောက်ထပ်နည်းလမ်းကတော့ဆိုင်တွေ မှာပဲ အလွယ်တကူဝယ်လို့ရတဲ့ အမွေးအမှင် ဖယ်ရှားတဲ့ ခရင်မ်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ် က အမွေးအမှင်တွေဆိုတာ ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီခရင်မ်တွေက ပရို တင်းတွေကို ပျော်ဝင်သွားစေတာ ဖြစ်ပါတယ်။ တစ်ခါ အသုံးပြုပြီးရင် ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်ထိ ခံပါတယ်။ တစ်ခုရှိတာက ရေးထားတဲ့ Instructions အတိုင်း အတိအကျလိုက်နာပါ။ ထားရမယ့် အချိန်ထက်ပိုပြီး ထားလိုက်မိရင် အရေပြား ကိုပါ ထိခိုက်စေတာမျိုးဖြစ်စေတတ်ပါတယ်။

နည်းလမ်း(၅)

အမြဲတမ်းထာဝရအမွေးအမှင်တွေ လုံးဝ ထပ်မပေါက်အောင်လုပ်နိုင်တဲ့ နည်းလမ်းက တော့ လေဆာဖြစ်ပါတယ်။ လေဆာက မွေး ညင်းပေါက်အမြစ်တွေကို ဖျက်ဆီးပစ်လိုက်ပြီး နောက်ထပ် အမွေးတွေထပ်မပေါက်အောင် လုပ်တဲ့နည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ် တည်းနဲ့ လိုချင်တဲ့ ရလဒ်ကို တန်းမရပါဘူး။ လေဆာနဲ့ ၆ ကြိမ်ကနေ ၁၂ ကြိမ်ထိ ပစ်ဖို့ လိုပြီး ခြောက်လတစ်ကြိမ်ဒါမှမဟုတ် တစ်နှစ် တစ်ကြိမ်ပြန်ပြီး လေဆာပစ်ရပါမယ်။ အရေ ပြားနီမြန်းတာ၊ လောင်တာ၊ အမာရွတ်ထင်တာတွေ ဖြစ်တတ်ပါတယ်။ လေ ဆာကုထုံးနဲ့လုပ်ဖို့ ကျွမ်း ကျင်တဲ့ ဆရာဝန်ဖြစ်ဖို့ အထူးလိုအပ်ပါ တယ်။

Darliko

Post Author: Good Health Journal