မိုးရာသီမှာ မိုးဖွဲဖွဲလေးရွာတဲ့နေ့တွေရှိသလို ဝုန်းဒိုင်းကြဲပြီး ရွာတဲ့နေ့တွေလည်းရှိပါတယ်။ဘယ်အချိန်မှာဘယ်လိုရွာမယ်မှန်းခန့်မှန်းလို့မရတဲ့ မိုးရာသီမှာ အဝတ်အစားရွေးချယ်ရတာလည်း အခက်တွေ့နိုင်ပါတယ်။ လှလှပပလေးပြင်ဆင်ခြယ်သ ထားပြီး အပြင်ထွက်ပြီဆိုမှ မိုးရွာချလာလို့ အလှပျက်ရမှာကို ဘယ်သူမှ နှစ်သက်မှာ မဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ
ဖက်ရှင် ချစ်သူတွေအတွက်မိုးရာသီမှာ အထောက်အကူဖြစ်မယ့် Fashion Tips တွေ ကိုရေးပေးလိုက်ပါတယ်။
ဘာစီးမလဲ..
မိုးရာသီမှာအဓိကကတော့ သင်ရဲ့ ခြေထောက်လေးတွေ အန္တရာယ်ကင်းဖို့ပါ။ မိုးရေစိုနိုင်တာမို့ ခြေမှာမမြဲတဲ့ ဖိနပ်မျိုးစီး လို့ အဆင်ပြေမှာမဟုတ်ပါဘူး၊ ချော်လဲ နိုင်ပါတယ်။ အလုံပိတ်ဖိနပ်ဆိုရင်လည်း ဖိနပ်ထဲမှာ မိုးရေတွေနဲ့ပြည့်ပြီး ခြေ ထောက်ရေနူးတာဖြစ်စေမှာပါ။ ရေစို ဖိနပ်ထဲ အချိန်ကြာကြာရှိနေတာက မှိုပိုးကြောင့်ဖြစ်တဲ့ Athlete’s foot ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချော် မလဲစေမယ့် Slip-proof ဖြစ်ရမယ်၊ ရေမခိုစေမယ့် Wet-proof လည်း ဖြစ်တဲ့ဖိနပ်မျိုး ရှာရပါမယ်။
နိုင်ငံတကာမှာတော့ မိုး တွင်းမှာ အပြင်ထွက်မယ်ဆိုရင် ရောဘာအသားနဲ့ ပြုလုပ်ထားတဲ့ လည်ရှည် Boots တွေ အစီး များကြပါတယ်။ အဆောက် အအုံထဲ ရောက်ပြီဆိုတော့မှ နှစ်သက်ရာ အပိုဆောင်ထားတဲ့ ဖိနပ်တစ်စုံကိုပြန်လဲစီးကြပါတယ်။ သင့်အနေနဲ့ Boots တွေ မကြိုက်ဘူးဆို ရင် မိုးတွင်းအတွက် သီးသန့်ထုတ်ထား တဲ့ ရေမဝင်တဲ့ Shoes တွေ၊ Sneakers တွေစီးပါ။ အလုံပိတ်ဖိနပ်မျိုး မစီးချင်ရင် လည်း ရေမခိုစေမယ့် Sညေိals တွေစီးပါ။ မိုးရေစိုပြီး ခြေထောက်ကနေ အလွယ်တကူ ကျွတ်မထွက်နိုင်တဲ့ ဖိနပ်ပုံစံမျိုးစီးပါ။
ဘာဝတ်မလဲ..
ပေါ့ပေါ့ပါးပါး အဝတ်အထည်တွေကို အ ထပ်ထပ်ဝတ်ဆင်တာက မိုးရာသီအတွက် အ ဆင်ပြေဆုံးဖြစ်မှာပါ။ အပေါ်တစ်ထပ်စိုရင် ချွတ်ထားလိုက်လို့ရပါတယ်။ အပြင်သွားရင် ဝတ်ဖို့ မိုးကာကုတ်အင်္ကျီတစ်ထည်လောက် ဆောင်ထားရင်တော့ အကောင်းဆုံးပါ။ ဒါဆို အအေးပတ်မှာလည်း မပူရတော့သလို သင် ကြိုက်တဲ့အဝတ် ရေစိုသွားမှာလည်း စိုးရိမ် စရာမလိုတော့ပါဘူး။ ကုတ်အင်္ကျီကရှည်လေ ပိုပြီး မိုးလုံလေ ဖြစ်မှာပါ။
မိုးရေစိုရင် အလေးချိန်များစေမယ့် အ ဝတ်အထည်တွေကို ရှောင်ပါမယ်။ မိုးတွင်း မှာ အပြင်ထွက်ရင် ဂျင်းအဝတ်တွေရှောင်တာ အကောင်းဆုံးပါ။ ရေစိုရင် လေးလာမှာဖြစ်ပြီး အလွယ်အကူလည်း အခြောက်မမြန်ပါဘူး။
မှိုအန္တရာယ်ရှောင်မယ် …
မိုးတွင်းရောက်ရင် အဝတ်အထည်တွေ၊ ဖိနပ်တွေမှာ Fungus တွေ Molds တွေကြောင့် မှိုစွဲတာ (မြန်မာလိုဆို ဖားဥတက်တယ်လို့ ခေါ်ပါတယ်)ဖြစ်လေ့ရှိပါတယ်။ ဒီအတွက် နေရောင်ရတဲ့အချိန်မှာ အဝတ်တွေ၊ ဖိနပ် တွေကို နေရောင်အောက်မှာ အခြောက် ခံပါ။ နေသာတဲ့နေ့တွေဆိုရင်လည်း အခန်းတွင်းမှာ အစိုဓာတ်တွေ ခို အောင်းမနေအောင် ပြတင်းပေါက် တံခါးတွေ ဖွင့်ထားပြီး လေဝင်လေ ထွက်ကောင်းအောင်ထားပါ။ အဝတ် ဘီဒိုတွေထဲမှာ အစိုဓာတ်တွေစုပ်ဖို့ ဆီ လီကာ ဂျယ်လ်အထုပ်တွေ ချိတ်ထား ပါ။ မှိုတက်တဲ့အဝတ်တွေအတွက် သံပ ရာရည်ကို ဆားနဲ့ရောပြီး လိုက်ပွတ်ပါ၊ အဝတ်လျှော်တဲ့အခါ ဗီနီကာအရည်ထည့် လျှော်ပါ၊ ရေနွေးနဲ့လျှော်ဖွပ်ပါ။ မှိုပိုးတွေ သေသွားပါလိမ့်မယ်။
_ Darliko