ထိုင်းအမျိုးသားတစ်ဦးမှာ ဒူးရင်းသီးစားရင်း ဝိုင်သောက်ရာမှသေဆုံး

ထိုင်းအမျိုးသားတစ်ဦးဟာ သူငယ်ချင်းလုပ်သူက သတိ ပေးနေတဲ့ကြားကနေ ဒူရင်းသီးနဲ့ဝိုင်ကိုတွဲစားပြီးတဲ့နောက် နာ ရီအနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ်အမျိုးသားကို ပတ္တယားက ဘတ်စကား မှတ်တိုင်တစ်ခုအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အ လောင်းဘေးနားမှာ ဝိုင်ပုလင်းအလွတ်နဲ့အတူ ဒူးရင်းသီးထည့် စားတဲ့ဖော့ဘူးတစ်ဘူးကို တွေ့ရှိခဲ့ရပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေရဲ့အဆိုအရ သေဆုံးသူအမျိုးသားဟာ ဘတ်စကားစောင့်ရင်းစားမယ်လို့ရည်ရွယ်ပြီး ဒူးရင်းသီးနဲ့ဝိုင်ကို ဝယ်လာခဲ့တာ ဖြစ် ပါတယ်။ သူငယ်ချင်းဖြစ်သူက ဒူးရင်းသီးနဲ့ ဝိုင်တွဲစားရင် သေ တတ်တယ်လို့ သတိပေးခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် သေ ဆုံးရတာဖြစ်ပါတယ်။ (AP,22.8.19) အေးယုနိုင်

မိုက်ခရိုဝေ့ဗ်ထဲ ကြက်ဥအလုံးလိုက်ထည့် မိသဖြင့် ပေါက်ကွဲကာ မျက်စိတစ်ဖက် ကွယ်ခဲ့ရ

အင်္ဂလန်နိုင်ငံက ဘက်တနီရော့ဆာ ဆိုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး က မိုက်ခရိုဝေ့ဗ်ထဲမှာ အခွံနဲ့ကြက်ဥတွေ ကိုအလုံးလိုက်ထည့်ပြုတ်ခဲ့မိတာမှာ ပေါက်ကွဲမှုဖြစ်သွားခဲ့ပြီး မျက်စိတစ်ဖက် ကွယ်သွားခဲ့ရပါတယ်။ အွန်လိုင်းမှာ တင် ထားတဲ့လွယ်ကူတဲ့ ဟင်းချက်နည်းတွေ ထဲကအတိုင်း ကြက်ဥတွေကို မိုက်ခရို ဝေ့ဗ်ထဲ ထည့်ချက်ခဲ့တာဖြစ်ပါတယ်။ ဟင်းချက်နည်းအညွှန်းတွေထဲမှာ ကြက် ဥတွေကို မိုက်ခရိုဝေ့ဗ်ထဲမှာ ၆ မိနစ်က နေ ၈ မိနစ်ကြာထိ ထည့်ချက်နိုင်တယ်လို့ ဆိုထားခဲ့တာကြောင့် ဘက်တနီက သူရဲ့ ကြက်ဥတွေကို ၆ မိနစ်ကြာ အချိန်သတ် မှတ်ကာ ချက်ထားခဲ့တာဖြစ်ပါတယ်။ ကြက်ဥတွေ အေးလောက်ပြီဆိုတဲ့အခါမှ ထုတ်ယူကြည့်လိုက်ချိန်မှာ ကြက်ဥကနေ ပေါက်ကွဲသွားခဲ့ပြီး မျက်လုံးကိုထိမှန် သွားခဲ့တာဖြစ်ပါတယ်။ အခွံနဲ့ကြက်ဥ တွေကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်ချက်တာ က အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပါတယ်။ […]

နေ့စဉ်ကော်ဖီသုံးခွက်ထက်ပိုသောက်ပါက ခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ဟုဆို

American Journal of Medicine မှာ ဖော်ပြခဲ့တဲ့ သု တေသနသစ်တစ်ခုအရ နေ့စဉ်ကော်ဖီသုံးခွက်ထက် ပိုသောက် တာက ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါဖြစ်နိုင်ခြေကို မြင့်တက် လာစေနိုင်ပါတယ်။Beth Israel Deaconess Medical Center က cardiovascular epidemiology သုတေသန အဖွဲ့ရဲ့သုတေသနပညာရှင်Elizabeth Mo stofsky ဦး ဆောင်တဲ့အဖွဲ့ဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရတဲ့ အရွယ်ရောက်ပြီးသားလူနာ ၉၈ ဦးကို စောင့်ကြည့်ပြီး ကော်ဖီအ သောက်များတဲ့နေ့မှာ ခေါင်းကိုက်တဲ့နှုန်းနဲ့ကော်ဖီမသောက် တဲ့နေ့မှာ ခေါင်းကိုက်တဲ့နှုန်းကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ ရလဒ်မှာ ကော်ဖီရဲ့အကျိုးအာနိသင်က ခေါင်းတစ်ခြမ်းကိုက် တဲ့ရောဂါကိုအကျိုးသက်ရောက်မှုရှိနိုင်တာကို တွေ့ရှိခဲ့ရတာ ကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှိတဲ့လူတွေကို တစ်နေ့ ကော်ဖီသုံးခွက်ထက်ပိုမသောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ (AP,15.8.19) အေးယုနိုင်

အမြန်စာများကို ထုပ်ပိုးပေးသည့်ခွက်များက ကျန်းမာရေးကို ထိခိုက်စေနိုင်

အစားအသောက်တွေကို ထုပ်ပိုးတဲ့နေရာမှာ လူတွေကျန်း မာရေးမထိခိုက်စေဖို့ ပလတ်စတစ်အစား ဖော့ဘူး၊ ကတ်ထူဘူး အစရှိသဖြင့် ပြောင်းလဲအသုံးပြုလာကြပေမယ့် ဒီပစ္စည်းတွေ မှာပါတဲ့per- and polyfluoroalkyl substances (PFAS) ဖလူအိုရင်းဒြပ်ပေါင်း ပါဝင်နေတာကြောင့် ကျန်းမာရေးထိခိုက် စေနိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ PFAS ကို ပစ္စည်း တွေအပေါ်ကအုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပလတ်စတစ် အစားထိုးအသုံးပြုတဲ့ဘူးအမျိုးမျိုးမှာ အပေါ်ယံလွှာအဖြစ် အ သုံးပြုထားတဲ့ PFAS ဟာ အစားအသောက်ထဲရောက်ရှိနိုင်ခြေ ရှိသလို ပညာရှင်တွေက ဒီဘူးတွေမှာ အသုံးပြုထားတဲ့ တခြား ဓာတုဗေဒပစ္စည်းတွေကိုလည်း စစ်ဆေးနေတုန်းပါပဲ။ ဒါပေမဲ့ လူသုံးကုန်အများစုမှာအသုံးပြုနေတဲ့ PFAS ကို အစားအ သောက်ထုပ်ပိုးတဲ့ဘူးတွေမှာ အသုံးပြုလာကြတာနဲ့ပတ်သက် ပြီး သတိပြုဖို့ဆိုခဲ့ကြတယ်လို့ သိရပါတယ်။ (AP,15.8.19) […]

အရွယ်ရောက်နောက်ကျပါက အသက်ကြီးလာလျှင် အရိုးပွနိုင်ခြေ များ

လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်က အသက်ကြီးလာရင် အရိုး ဘယ်လောက်သန်မာမယ်၊ မသန်မာဘူးဆိုတာကို အဆုံးအ ဖြတ်ပေးနိုင်တယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ ဆယ် ကျော်သက်အရွယ်နှောင်းပိုင်းမှ အရွယ်ရောက်တယ်ဆိုရင် အ သက်ကြီးတဲ့အခါ အရိုးကျိုးအက်နိုင်ခြေပိုများ၊ အရိုးပွရောဂါ ဖြစ်နိုင်ခြေများပါသတဲ့။ ]အရွယ်ရောက်နောက်ကျရင် အသက် ကြီးတဲ့အခါ အရိုးကျိုးအက်နိုင်ခြေများတယ်ဆိုတဲ့ လေ့လာချက် ကို ကျွန်တော်တို့လေ့လာချက်က ထပ်အားဖြည့်ပေးလိုက်တာ ပါပဲ]လို့ ခေါင်းဆောင်သုတေသီက ဆိုပါတယ်။ အသက် ၁၀ နှစ်ကနေ ၂၅ နှစ်ကြား ကလေးပေါင်း ၆၃၀၀ ကျော်ရဲ့အရိုးကို ဓာတ်မှန်ခြောက်ကြိမ်စီရိုက်ထားပြီး အဲဒီဓာတ်မှန်တွေကို သုတေ သီတွေက သေသေချာချာလေ့လာခဲ့ကြတာပါ။ လူပျိုဖော်၊ အပျို ဖော်ဝင်ချိန်က အရိုးသိပ်သည်းမှုကို အဆုံးအဖြတ်ပေးနိုင်သလား ဆိုတာသိရအောင် သူတို့ကအခုလို လေ့လာခဲ့တာပါ။ အရွယ် ရောက်ချိန်က အရိုးပွရောဂါနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အရင့်အ […]

ခွေးက လျက်လိုက်သဖြင့် ခြေ၊ လက် အားလုံးဖြတ်လိုက်ရသည့်အမျိုးသမီး

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာနေတဲ့အမျိုး သမီးတစ်ယောက်ဟာ ၁၀ ရက် မေ့မြောသွားအပြီး သတိပြန်ရလာချိန် မှာ သူ့ခြေတွေ၊ လက်တွေ အားလုံးအဖြတ်ခံထားရပြီဆိုတာ သိလိုက် ရတော့ ယူကျုံးမရဖြစ်သွားပါတယ်။ သူမွေးထားတဲ့ခွေးက သူ့ကိုလျက် လိုက်လို့ ပိုးဝင်ပြီး သူခမျာအခုလိုသေလုမျောပါးဖြစ်သွားတာပါ။ အ သက် ၅၄ နှစ်အရွယ် မာရီထရိန်နာဟာ အပန်းဖြေခရီးက ပြန်လာအ ပြီးမှာပဲ နေထိုင်မကောင်းဖြစ်တော့တာပါ။ အစကတော့ တုပ်ကွေးပဲလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနာရင်းပြီး ပိုးဝင်တာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သူ့ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ခွေးရဲ့တံတွေး ထဲမှာ တွေ့ရတတ်တဲ့ပိုးတစ်မျိုးဝင်နေကြောင်း ဆရာဝန်တွေ သိလိုက် ရပါတယ်။ အဲဒီပိုးဟာ လူကိုကူးစက်နိုင်ပြီး ကူးစက်ခံရရင် လူနာအ တွက် အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။ အတိုချုံးပြောရရင်တော့ သူ ဟာ ဆေးရုံမှာ နှစ်လခွဲကြာအောင်နေလိုက်ရပြီး ရှစ်ကြိမ်ခွဲစိတ်လိုက် ရပါတယ်။ […]

မိဘများ၏စိတ်ဖိစီးမှုကြောင့် ကလေးတွင် စိတ်ခံစားမှုဆိုင်ရာပြဿနာများ ဖြစ်လာရ

ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် မွေးဖွားပြီး လသားအရွယ်မှာ မိဘတွေ ဆီမှာ စိတ်ဖိစီးမှုကြုံတွေ့ခဲ့ရတယ်ဆို ရင် ကလေးဆီမှာ စိတ်ခံစားမှုဆိုင်ရာပြ ဿနာတွေ ပိုဖြစ်လာရတယ်လို့ သုတေ သီတွေရဲ့မှတ်တမ်းအရသိရပါတယ်။ ကမ်းဘရေ့ဂ်ျ၊ ဘာမင်ဂမ်၊ နယူးယောက် နဲ့ လေဒင်တက္ကသိုလ်တွေက သုတေသီ တွေ ပူးပေါင်းလေ့လာမှုမှာ ကလေးငယ် တွေဆီမှာ စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှု တွေနဲ့ စိတ်ခံစားချက်ပြင်းထန်မှုတွေလိုမျိုး ပြဿနာတွေက မိခင်ရဲ့ကိုယ်ဝန် ဆောင်စဉ် ကာလစိတ်ဖိစီးမှုအခြေအ နေနဲ့ တိုက်ရိုက်ဆက်နွှယ်မှုရှိနေတယ် လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ ၎င်းတို့တွဲဖက်တွေရဲ့ စိတ်ဖိစီးမှုသက် ရောက်မှုတွေကို စုံတွဲ ၄၀၄ တွဲနဲ့ လေ့ လာခဲ့ကြပြီး ဒီအတွဲတွေကနေ မွေးဖွား လာတဲ့ကလေးတွေ ၄ လသားမှာတစ် ကြိမ်၊ ၁၄ လသားမှာတစ်ကြိမ်၊ ၂၄ လ […]

ရာသီဥတုပြောင်းလဲမှုကြောင့် ငါးအချို့တွင် မာကျူရီပါဝင်မှုပမာဏမြင့်တက်လာ

ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေး အန္တရာယ်တွေထဲမှာ ငါးတွေမှာမာကျူရီပါဝင်မှုပမာဏ မြင့်တက် လာတာလည်းအပါအဝင်ဖြစ်ပါတယ်။ ငါးစားတာဟာ ကျန်းမာ ရေးအတွက်ကောင်းပေမယ့် အလွန်အကျွံစားတဲ့အခါ အာရုံကြော စနစ်နဲ့ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ပုံ မှန်အားဖြင့် ငါးသေးလေးတွေမှာ မာကျူရီပါဝင်မှုနည်းပါးပေ မယ့် ငါးသေးလေးတွေကိုစားတဲ့ အသားစားငါးကြီးတွေမှာတော့ အဆီတစ်သျှူးတွေထဲမှာ မာကျူရီတွေစုပုံနေတတ်ပါတယ်။ မာ ကျူရီအဆိပ်သင့်တာဟာ အာရုံကြောစနစ်ကိုထိခိုက်စေတဲ့အ တွက် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်လေးတွေအတွက် သိပ်အရေးကြီးပါတယ်။ မာကျူရီဟာ သဘာဝအတိုင်းတည်ရှိ နေတယ်ဆိုပေမယ့် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတွေ၊ စွန့်ပစ်ပစ္စည်းမီးရှို့မှုတွေကနေ လေထုထဲကိုလည်း ရောက်ရှိ သွားတတ်ပါတယ်။ ဒီလိုထုတ်လွှတ်မှုအများစုဟာ သမုဒ္ဒရာတွေ၊ မြစ်တွေနဲ့ရေကန်တွေထဲမှာ လာရောက်အဆုံးသတ်လေ့ရှိပါ တယ်။ Harvard University ရဲ့သုတေသီ Elsie Sun-derland က ]ငါးမစားပါနဲ့လို့ပြောချင်တာမဟုတ်ပါဘူး။ တချို့ ငါးတွေမှာ မာကျူရီပါဝင်မှုမြင့်တက်နေတာတော့ အမှန်ပါပဲ။ ငါးအမျိုးအစားတွေကိုတော့ လေ့လာနေဆဲပါပဲ}လို့ ဆိုခဲ့ပါတယ်။ […]

နေ့စဉ်ငါးနာရီကြာအောင် ဖုန်းသုံးခြင်းက အဝလွန်နိုင်ခြေကို မြင့်တက်စေနိုင်

နေ့စဉ်ဖုန်းကို ငါးရီကြာအောင်သုံးမယ်ဆိုရင် အဝလွန်နိုင် ခြေကို မြင့်တက်စေတယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြ ပါရှိပါတယ်။ တစ်ရက်ကို ဖုန်းငါးနာရီလောက်သုံးတဲ့လူတွေက အမြန်စာ၊ သကြားများတဲ့မုန့်တွေနဲ့အချိုရည်တွေကို သောက် သုံးနိုင်ခြေပိုများတာကြောင့် အဝလွန်နိုင်ခြေ ၄၃ ရာခိုင်နှုန်းပို များတာဖြစ်ပါတယ်။ အမျိုးသား ၃၆၀ နဲ့အမျိုးသမီး ၇၀၀ ပါဝင် တဲ့ကျောင်းသား ၁၀၆၀ ဦးကို လေ့လာစောင့်ကြည့်ခဲ့တဲ့ Health Sciences Faculty at the Simón Bolívar University ရဲ့ သုတေသနမှာ ဖုန်းအသုံးပြုပုံနဲ့အစားအသောက်ဆက်စပ်မှုကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ ဖုန်းအလုံးရေ ပေါင်း ၇.၉ ဘီလျံကျော်အသုံးပြုလျက်ရှိပြီးတော့ လူတွေထက် တောင်များနေပါသေးတယ်။ သုတေသီတွေက]တိုးတက်လာ တဲ့ ဖုန်းနည်းပညာတွေက ဆွဲဆောင်မှုရှိတဲ့အပြင် အပန်းဖြေမှု၊ ဝန်ဆောင်မှု၊ သတင်းအချက်အလက်နဲ့လုပ်ငန်းနယ်ပယ်တွေ မှာပါ အရေးပါလာပေမယ့် […]

ကြက်သားကိုသာ စားပေးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းနိုင်

အမဲသား၊ သိုးသား၊ ဝက်သား စတဲ့အနီရောင်အသားတွေကို မစားတော့ဘဲ ကြက်သားကိုပဲ စားပေးရင် ရင်သားအကျိတ်ဖြစ် နိုင်ခြေနည်းတယ်လို့ အမေရိကန်လေ့လာချက်က ဆိုပါတယ်။ အနီရောင်အသားကိုပဲအစားများတဲ့လူတွေဟာ အနီရောင်အ သားအစားနည်းတဲ့လူတွေနဲ့ယှဉ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတာပါ။ ဒါပေမဲ့ ကြက်သားပဲ အဓိကထား စားတဲ့လူတွေကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ အမျိုးသမီးပေါင်း ၄၂၀၀၀ ကျော်ကို အမေရိကန်သုတေသီ တွေက ခုနစ်နှစ်ခွဲကြာလေ့လာအပြီးမှာမှ အခုလေ့လာချက်ကို ထုတ်ပြန်လိုက်တာပါ။ ]အနီရောင်အသားမှာ ကင်ဆာဖြစ်စေတဲ့ အရာတွေ ပါဝင်နိုင်တယ်]လို့ သုတေသီ ဒေါက်တာဒယ်ဆန်ဒ် လာက ဆိုပါတယ်။ ]ကြက်သားကိုပဲ အဓိကစားပေးရင် ရင် သားကင်ဆာဖြစ်နိုင်ခြေနည်းပြီး အနီရောင်အသားကို အဓိက ထားစားရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေများတယ်ဆိုတဲ့ အချက် ကို ကျွန်တော်တို့လေ့လာချက်က ထပ်ပြီးအားဖြည့်ပေးလိုက် တာပါပဲ] လို့ သူက […]