တစ်နေ့လျှင်သုံးနာရီထက်ပို၍ လူမှုကွန်ရက် မီဒီယာအသုံးပြုသည့် ဆယ်ကျော်သက်များတွင် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်

JAMA Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရတစ်နေ့ ကို သုံးနာရီထက်ပိုပြီး လူမှုကွန်ရက်မီဒီ ယာအသုံးပြုတဲ့ဆယ်ကျော်သက်တွေ ဟာ စိတ်ဓာတ်ကျတာ၊ စိတ်စောတာ၊ ရန် လိုတာနဲ့လူမှုရေးစိတ်ဓာတ်မရှိတာတို့ လို စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင် ခြေများတယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အတွင်း ဆယ် ကျော်သက် ၆၆၀၀ နီးပါးကို နည်းနှစ်မျိုးနဲ့ လေ့လာခဲ့ကြပါတယ်။ အတွင်းနည်းအရ စိတ်ဓာတ်ကျတာ၊ စိတ်စောတာအစရှိသ ဖြင့် အတွင်းပိုင်းစိတ်အခြေအနေကို လေ့ လာတာဖြစ်ပြီးတော့ အပြင်ပိုင်းနည်းအရ တော့ရန်လိုတာ၊ လူမှုရေးစိတ်ဓာတ်မရှိ တာအစရှိသဖြင့် အပြင်လူတွေနဲ့ထိတွေ့ ဆက်ဆံမှုအပိုင်းကို လေ့လာခဲ့တာဖြစ်ပါ တယ်။University of California က ဖော်ပြခဲ့တဲ့သုတေသနတစ်ခုမှာ တိုးတက်လာတဲ့နည်းပညာတွေနဲ့စိတ်ကျန်းမာရေး ဟာ ပတ်သက်မှုမရှိဘူးလို့ဆိုခဲ့ပေမယ့် ဒီသုတေသနမှာတော့ လူမှုကွန်ရက်မီဒီ ယာစွဲလမ်းမှုက မတူဘူးလို့ပြန်လည်ချေပ ပြောဆိုထားတာ […]

IQ မြင့်သည့်ပုဂ္ဂိုလ်များ စိတ်နာမကျန်း ဖြစ်နိုင်ခြေပိုများ

IQ မြင့်မားတဲ့ပုဂ္ဂိုလ်တွေမှာ စိတ် ပိုင်းဆိုင်ရာမူမမှန်မှုတွေဖြစ်ပွားနိုင်ခြေ ပို များနိုင်တယ်လို့ သုတေသနလေ့လာမှု တစ်ရပ်မှာ ဖော်ပြထားခဲ့ပါတယ်။ ကမ္ဘာ ပေါ်မှာ အကြီးမားဆုံးနဲ့သက်တမ်း အ ရှည်ကြာဆုံး IQ မြင့်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်နိုင်ငံ Mensa Interna-tional organization ဆီက IQ ၈၅ ကနေ ၁၁၅ ထိရှိတဲ့ အဖွဲ့ဝင် ၃၇၁၅ ဦး ရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက် တွေကိုစုဆောင်းပြီး ဆီယက်တယ်နှင့် ပစိဖိတ်တက္ကသိုလ်က သိပ္ပံသုတေသီ တွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ လေ့လာမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အဖွဲ့ဝင် တွေဆီမှာ ကိုယ်စီရှိထားတဲ့ IQ ရမှတ် အဆင့်နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ တွေကို ဆက်စပ်လေ့လာခဲ့ကြတာဖြစ်ပါ တယ်။ လူသားအသိဉာဏ်စွမ်းရည် ဖွံ့ဖြိုး တာနဲ့အမျှ တခြားသာမန်ဉာဏ်ရည်ရှိသူ တွေထက်ပိုပြီး စိတ်နာမကျန်းဖြစ်နိုင်ခြေ […]

အရပ်ပုသူများ ဆီးချိုဖြစ်နိုင်ခြေများဟု ဆို

အရပ်ပုတဲ့လူတွေဟာ ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေ ပို များတယ်လို့ လေ့လာချက်တစ်ခုက ဆိုလိုက်ပါတယ်။ အမျိုး သားတွေဟာ အရပ် ၁၀ စင်တီမီတာ ပိုရှည်တိုင်း အဲဒီရောဂါဖြစ် နိုင်ခြေ ၄၁ ရာခိုင်နှုန်းပိုနည်းပြီး အမျိုးသမီးတွေကတော့ ၃၃ ရာခိုင်နှုန်း ပိုနည်းနိုင်တယ်လို့ လေ့လာချက်က ဆိုတာပါ။ အရပ် ပုတဲ့လူတွေမှာဖြစ်နိုင်တဲ့ ကျန်းမာရေးထိခိုက်နိုင်ခြေထဲမှာအ သည်းအဆီဖုံးတာ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ဆီးချိုရောဂါ တွေပါပါနေတာပါ။ အရပ်ရှည်တဲ့လူတွေဟာ ဆီးချိုထိန်းထိုး ဆေးလိုအပ်နိုင်ခြေလည်းနည်းတဲ့အပြင် ဟော်မုန်းထုတ်ပေးတဲ့ မုန့်ချိုအိတ်မှာရှိတဲ့အထူးဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်ရည်က လည်း ပိုကောင်းနေပါသေးတယ်။ ဂျာမနီမှာနေတဲ့ အသက် ၄၀ ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးပေါင်း ၁၆၆၀၀ ကျော်နဲ့ အ မျိုးသားပေါင်း ၁၁၀၀၀ နီးပါးရဲ့ ကျန်းမာရေးအချက်အလက်ကို လေ့လာအပြီးမှာမှ ပညာရှင်တွေက […]

ကိုယ်ဝန်ဆောင်မိခင် သလဲသီးဖျော်ရည် သောက်ပေးပါက ကလေး၏ဦးနှောက်ကို ဖွံ့ဖြိုးစေ

ကိုယ်ဝန်ဆောင်ကာလမှာ ဖွံ့ဖြိုးတိုး တက်မှုနှောင့်နှေးနေတဲ့ သန္ဓေသား လောင်းအတွက် ကိုယ်ဝန်ဆောင်မိခင်က သလဲသီးဖျော်ရည်သောက်ပေးသင့် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သလဲ သီးဖျော်ရည်ကို နေ့စဉ် ၂၄၀ မီလီလီတာ လောက်သုံးဆောင်ပေးရုံနဲ့ ရင်သွေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးလာစေတဲ့အပြင် သ လဲသီးမှာပါဝင်တဲ့ ပိုလီဖီနောတွေကြောင့် ရင်သွေးမှာ အာရုံကြောချို့ယွင်းပျက်စီးမှု ရောဂါတွေမဖြစ်လာအောင် ကာကွယ် ပေးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ သန္ဓေသားဖွံ့ဖြိုးမှုနောက်ကျတဲ့ IUGR အခြေအနေရှိနေတဲ့ ကလေးတွေမှာ ဦး နှောက်ချို့ယွင်းပျက်စီးမှုနဲ့ နှလုံးသွေး ကြောစနစ်မှာ ကျန်းမာရေးပြဿနာတွေ နဲ့ ကြုံတွေ့ရနိုင်ခြေများတာဖြစ်ပါတယ်။ ဘရစ်ဂမ်အမျိုးသမီးဆေးရုံမှသုတေသီ တွေရဲ့ လေ့လာမှုမှာ IUGR အခြေအနေ နဲ့ရင်သွေးတွေကို ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီး ၇၈ ဦးနဲ့လေ့လာခဲ့တာဖြစ်ပါ တယ်။ အုပ်စုနှစ်ခုခွဲပြီး တစ်စုကို နေ့စဉ် […]

အအိပ်လွန်ခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါဖြင့် သေနိုင်ခြေကို မြင့်တက်စေနိုင်

နေ့ခင်းအိပ်ချိန်အပါအဝင် ကိုယ်အိပ်စက်တဲ့အချိန်ပမာဏ က နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။ European Heart Journal မှာဖော်ပြခဲ့ တဲ့လေ့လာမှုအရ ကမ္ဘာတစ်ဝန်းက လူပေါင်း ၁၁၆၀၀၀ ကျော် ကိုလေ့လာခဲ့ရာမှာ တစ်နေ့ကို ခြောက်နာရီကနေ ရှစ်နာရီထက် ကြာအောင်အိပ်တဲ့လူတွေရဲ့ဦးနှောက်ထဲက သွေးကြောတွေနဲ့နှ လုံးမှာရောဂါဖြစ်ပြီး သေနိုင်ခြေများပါတယ်။ တစ်နေ့ကို ရှစ် နာရီကနေ ကိုးနာရီအိပ်တဲ့သူတွေမှာ စောစီးစွာသေဆုံးနိုင်ခြေ ၅ ရာခိုင်နှုန်း၊ ကိုးနာရီကနေ ၁၀ နာရီအိပ်တဲ့သူတွေမှာ ၁၇ ရာခိုင် နှုန်း၊ ၁၀ နာရီကျော်ကြာအိပ်တဲ့လူတွေမှာ ၄၁ ရာခိုင်နှုန်းနဲ့ ခြောက်နာရီ အောက်အိပ်တဲ့လူတွေမှာတော့ ၉ ရာခိုင်နှုန်းဖြစ် တယ်လို့ သိရပါတယ်။ ဒါကြောင့် သုတေသီတွေက အိပ်စက်ချိန် များတာ ဒါမှမဟုတ် အိပ်စက်ချိန်နည်းတာက နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ […]

မောင်နှမထဲတွင် အငယ်ဆုံးတို့က ပိုမိုသက်ရှည်ကျန်းမာလေ့ရှိဟု ဆို

မောင်နှမတွေထဲမှာဆိုရင် အကြီးဆုံးက အကောင်းဆုံး မှန်သမျှရထားတယ်၊ အလတ်က အလတ်ဆိုတဲ့အတိုင်း လတ် နေတယ်၊ အငယ်ဆုံးက ဆိုးတယ်လို့ လူတွေကသတ်မှတ်ထား ကြပါတယ်။ ဒါပေမဲ့ အကြီးတွေက နေရာတိုင်းမှာတော့ အ ကောင်းချည်းရနေတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျန်းမာရေး နဲ့ပတ်သက်ရင်ပေါ့။ မိသားစုတစ်ခုမှာ အငယ်ဆုံးက အကြီးတွေ နဲ့ယှဉ်ရင် ပိုကျန်းမာသက်ရှည်၊ ပိန်သွယ်လေ့ရှိတယ်လို့ လေ့ လာချက်ကဆိုပါတယ်။ အကြီးတွေက ဘ၀မှာပိုရုန်းကန်ရ တတ်ပြီး အဝလွန်နိုင်ခြေ၊ သွေးတိုးနိုင်ခြေ၊ ဆီးချိုနဲ့ကင်ဆာ ဖြစ်နိုင်ခြေတွေ များပါတယ်။ ဘာကြောင့်လဲဆိုတော့ အငယ် ရောက်လာရင် အကြီးတွေက မိဘတွေ သူတို့အပေါ်အချစ် လျော့မသွားစေဖို့ လုပ်ရပါတယ်။ အဲဒီမှာ စိတ်ဖိစီးမှု များလာ ပါတယ်။ ဒါက အသက်ကြီးရင်လည်း ဒီအတိုင်းပါပဲ။ ဘာ ကြောင့်လဲဆိုတော့ အကြီးတွေက […]

ကင်ဆာကျိတ်ကြီးမလာအောင် သားရေပင်နှင့်စည်းထားရာမှ လိင်အင်္ဂါတစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ခဲ့ရ

ဂျပန်နိုင်ငံက အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ကင်ဆာကျိတ်ကြီးထွားမလာအောင် လိင်အင်္ဂါကို သားရေပင်နဲ့ပတ် ထားရာကနေ လိင်အင်္ဂါရဲ့အစိတ်အပိုင်းတချို့ကို ဖြတ်ထုတ်ပစ်ခဲ့ရ တယ်လို့ သိရပါတယ်။ လိင်အင်္ဂါက နာကျင်မှုကြောင့် ဆေးရုံရောက်ရှိ လာရာကနေ ကင်ဆာကျိတ်ကို သားရေပင်နဲ့ကုသနေခဲ့မှန်း ဆရာဝန် တွေက တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုဖြစ်ရပ်မျိုးဟာ လိင်အာသာဖြေတဲ့အနေနဲ့မြင်တွေ့ရလေ့ရှိပေမယ့် ဒီလိုဖြစ်ရပ်မျိုးက တော့ ရှားရှားပါးပါးတွေ့ရှိရတာဖြစ်ပါတယ်။ ဒီဂျပန်အမျိုးသားက ဆရာ ဝန်သွားပြရမှာရှက်တာကြောင့် အရေပြားကင်ဆာကျိတ်တွေပျံ့နှံ့မ သွားအောင် လိင်အင်္ဂါရဲ့အောက်ခြေကို သားရေပင်နဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။ လူနာဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ squamous cell carcinoma ကို ခံစားနေရတာဖြစ်ပြီးတော့ ကင်ဆာဆဲလ်တွေ က မပျံ့နှံ့သေးတဲ့အခြေအနေဖြစ်တာကြောင့် ခွဲစိတ်ကုသမှုခံယူပြီးနှစ် ပတ်အကြာမှာ ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိင်အင်္ဂါကို သားရေ ပင်နဲ့စည်းထားတာကြောင့် သွေးလည်ပတ်မှုကိုဟန့်တားသလိုဖြစ်ပြီး လိင်အင်္ဂါထဲကတစ်သျှူးတွေကို သေဆုံးသွားစေတဲ့အတွက် […]

တစ်ရက်ခြား အစာမစားဘဲနေပါက တစ်လအတွင်း ရှစ်ပေါင်ခန့် ကျသွားနိုင်

တစ်ရက်ခြား အစာမစားဘဲနေရင် အဝလွန်နေတဲ့လူတွေ လေးပတ်အတွင်း ရှစ်ပေါင်လောက်ကျသွားမယ်လို့ လေ့လာ ချက်ကဆိုပါတယ်။ လေ့လာချက်မှာ ပါဝင်စမ်းသပ်ခံတဲ့လူတွေ ဟာ ၃၆ နာရီလုံးလုံးအငတ်ခံပြီး ကျန်တဲ့ ၁၂ နာရီအတွင်းမှာ တော့ ကြိုက်တာစားကြပါတယ်။ ပျမ်းမျှအားဖြင့်ဆိုရင်တော့ သူတို့ရဲ့ကယ်လိုရီစားသုံးမှုဟာ သုံးပုံပုံတစ်ပုံကျော် နည်းသွား ပါတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့အစားအစာကို ဖြတ်စရာမလို ဘဲ ဝိတ်လည်းကျသွားပါတယ်။ ဒါ့အပြင် အသက်ကြီးရင်ဖြစ် တတ်တဲ့ရောဂါတွေ ဒါမှမဟုတ် ကိုယ်တွင်းရောင်ရမ်းမှုတွေနဲ့ ဆက်စပ်နေတဲ့ကိုယ်တွင်းဓာတ်တွေလည်း နည်းသွားပါသေး တယ်။ လက်ရှိခေတ်စားနေတဲ့ကယ်လိုရီတွက်ချက်စားသုံးမှုကို လိုက်နာဖို့အရမ်းခက်ပါတယ်။ ဒါကြောင့်အဲဒီနည်းအစား ဒီနည်း နဲ့ ဝိတ်ချမယ်ဆိုရင်တော့ ဝိတ်လည်းကျ၊ ကိုယ်ကြိုက်တဲ့အစား အစာကိုလည်း စားရမှာပါ။ ဒီနည်းနဲ့ဆို စိတ်ဖိစီးမှုလည်းကျ၊ စွမ်းအင်လည်းတိုးလာတယ်လို့ ဒီနည်းကို ထောက်ခံတဲ့လူတွေက ဆိုပါတယ်။ (DM, 29.8.19) ချယ်ရီ

နို့မှုန့်ကြောင့် စပိန်ကလေး ၁၆ ဦး တစ်ကိုယ်လုံးတွင် အမွေးအမှင်များ ပေါက်လာ

နို့မှုန့်မှာပါတဲ့ ဓာတ်တစ်မျိုးကြောင့် စပိန်မှာ ကလေး ၁၆ ယောက် တစ်ကိုယ်လုံးမှာ အမွေးအမှင်တွေ ပေါက်လာပါတယ်။ ထိပ်ပြောင်တာ ကို ကုတဲ့နေရာမှာသုံးတဲ့ minoxidil ဓာတ်က နို့မှုန့်မှာပါနေတာကြောင့် ကလေးတွေ တစ်ကိုယ်လုံးမှာ အမွေးတွေ ထွက်ကုန်တာပါ။ ဒါကြောင့် Farma-Quimica Sur SL ဆိုတဲ့ ဆေးကုမ္ပဏီကထုတ်တဲ့ နို့မှုန့်တွေ ကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ စပိန်ကျန်းမာရေးဌာနက ညွှန်ကြား လိုက်ပါပြီ။ ကလေးတွေသောက်တဲ့ နို့မှုန့်ထဲမှာ စားချဥ့်ပြန်တာနဲ့ အစာ မကြေတာကို သက်သာစေတဲ့ Omeprazole ဓာတ်လည်းပါပါသေး တယ်။ ကလေးတွေက အဲဒါကို ဆက်မသောက်တော့တာကြောင့် အ မွေးထွက်တာလည်း သက်သာသွားပြီလို့ ကျန်းမာရေးဌာနက ဆိုပါ တယ်။ ကိုယ့်ကလေးကို တိုက်မိတဲ့နို့မှုန့်တွေထဲမှာ အဲဒီနို့မှုန့်ပါသလား လို့ မိဘတွေသတိထားကြည့်ပြီး […]

လာမည့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေ ရှိ၊ မရှိ ဖြေပေးနိုင်မည့် သွေးစစ်မှုကို တီထွင်လိုက်

လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေရှိ၊ မရှိ တိတိကျကျ ခန့်မှန်းပေးနိုင်မယ့် သွေးစစ်မှုကို သုတေသီတွေ တီထွင်လိုက် ပါပြီ။ သွေးထဲမှာပါတဲ့ biomarker ၁၄ ခုကို ဂျာမနီသိပ္ပံပညာရှင် တွေ ဖော်ထုတ်နိုင်သွားပြီဖြစ်ပါတယ်။ အဲဒီအချက် ၁၄ ချက်က လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေကို ခန့်မှန်းပေးနိုင်ပါတယ်။ လူ ပေါင်း ၄၄၀၀၀ ကို အဲဒီနည်းအတိုင်း စစ်ဆေးအပြီးမှာမှ ပညာ ရှင်တွေက ဒီသွေးစစ်မှုအကြောင်း ထုတ်ပြောတာပါ။ အချက် ၁၄ ချက်မှာ ကိုယ်ခံအား၊ ဂလူးကို့စ်ထိန်းချုပ်မှုကစလို့ ခန္ဓာကိုယ် တွင်း အဆီနဲ့ ရောင်ရမ်းမှုတွေအဆုံးပါပါတယ်။ ဒီနည်းနဲ့ လူတွေ ကို စစ်ဆေးကြည့်တော့ ၈၃ ရာခိုင်နှုန်းအထိမှန်အောင် ခန့်မှန်း နိုင်တာတွေ့ရပါတယ်။ လူတစ်ယောက် လာမည့်နှစ်နှစ်ကစလို့ ၁၆ နှစ်အတွင်း သေဆုံးနိုင်ခြေ […]