ဝိတ်ကျအောင် သင့်အိမ်တွင်းမှာ ဘယ်လိုအပြောင်းအလဲတွေ လုပ်ထားသင့်လဲ

သင့်အိမ်ပုံသဏ္ဌာန်နဲ့ အိမ်တွင်းထားသိုမှုတွေက သင့်ခန္ဓာကိုယ်ပုံစံနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို သင်သိပါရဲ့လား။ သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် သင့်အိမ်တွင်းမှာ အပြောင်းအလဲတွေပြုလုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ အိမ်ရဲ့ အလင်းရောင်ရရှိမှု အနေအထား၊ ဂီတနားဆင်မှု၊ အခန်းအပူချိန်၊ အစားအသောက်ထားသိုမှု၊ အခန်းအလှပြင်ဆင်မှုနဲ့ နေရာထားသိုမှုမှန်ကန်တာတွေက သင့်ခန္ဓာကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းသိမ်းနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ များစွာဖြစ်စေလို့ သင့်အိမ်တွင်း ပြောင်းလဲမှုတွေကို ဒီနေ့ကစလို့ ပြောင်းလဲပြင်ဆင်လိုက်ပါ။

အလင်းရောင်ကောင်းစွာ ရပါစေ
အလင်းရောင်နည်းပြီး မှောင်မည်းနေတဲ့ပတ်ဝန်းကျင်က သင့်ကိုအစာပိုစားစေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေကပြောပါတယ်။ အစား ကို မြန်မြန်စားတာကြောင့် များများစားမိစေတာအပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ လျော့နည်းစေပါတယ်။
ဖြေရှင်းနည်း
နေ့လယ်နေ့ခင်းဘက်မှာ အလင်းရောင်ကောင်းကောင်းရအောင် ဖွင့်ထားပါ၊ အိမ်တွင်းမှာအလှဆင်မီးတွေနဲ့ လှပအောင်အလှဆင်ပါ၊ အိမ်ဝန်းကျင်မှာရှိတဲ့ မှောင်ရိပ်ကျတဲ့ သစ်ပင်တွေကို ရှင်းလင်းပါ။

အစာစားချိန်မှာ ဂီတဖွင့်ထားပြီးမှ စား သောက်ပါ
အများစုက အစားအသောက်ကို ဖြည်းဖြည်းနှေးနှေးစားပြီး ကယ်လိုရီပမာဏကို လျှော့ချဖို့ကြိုးစားကြပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းနှေးနှေးစားတာက သင့်ကို ကယ်လိုရီအပိုတွေ မစားမိအောင် လုပ်ဆောင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ အစာစားချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာတော့ သိသူနည်းနေပါသေးတယ်။
ဖြေရှင်းနည်း
အစာကို မိနစ် ၃၀ ကြာအောင်စားပါ။ အစာစားဖို့ ထမင်းဝိုင်းကို ထိုင်တဲ့အခါ သင့်စိတ်ကိုလျှော့ချပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုဖြေလျှော့ကာ ဖြည်းညင်းစွာထိုင်ပါ။ ငြိမ့်ညောင်းတဲ့တေးဂီတသံကို သာယာနာပျော်ဖွယ်ဖြစ်အောင်ဖွင့်ထားပါ။ ဒါတွေက သင်အစာစားတဲ့အခါ အမြန် စားမိတာကို ရှောင်ရှားနိုင်ပါတယ်။

အိမ်တွင်း အပူချိန်လျှော့ချပါ
အိမ်တွင်းမှာ အပူချိန်မြင့်နေတာက သင့်ကို ဝစေတယ်လို့ဆိုတာကြောင့် အံ့ သြနေပါသလား။ သင့်အိမ်တွင်းမှာ အေးနေမယ်ဆိုရင် ခန္ဓာကိုယ်ကနေ အပူ ကို ထုတ်လုပ်ပေးပါတယ်။ အဲဒီလိုအပူကို ထုတ်လွှတ်ဖို့အတွက် ကယ်လိုရီတွေ လောင်ကျွမ်းတာကြောင့် သင့်ကိုယ် အလေးချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။ အိမ်တွင်းမှာ အပူချိန်တွေများနေမယ် ဆိုရင်တော့ စွမ်းအင်ထုတ်လုပ်မှုလည်း မရှိတာကြောင့် သင့်ခါးအရွယ်အစားကို ပိုစေပါတယ်။
ဖြေရှင်းနည်
အိမ်တွင်း လေဝင်လေထွက် ကောင်း အောင်ပြုလုပ်ပါ။ သင့်အိမ်ခြံဝင်းအ တွင်း အရိပ်ရအပင်များစိုက်ပါ။ သဘာ၀ နည်းမဟုတ်တဲ့ လေအေးပေးစက်၊ ပန် ကာတွေလည်း အသုံးပြုနိုင်ပါတယ်။

ပန်းကန်ခပ်သေးသေးနဲ့ စားပါ
သင့်အိမ် မီးဖိုချောင်မှာရှိတဲ့ အစား အသောက်ထည့်စားတဲ့ ပန်းကန်ခွက် ယောက်တွေက ကြီးကြီးမားမားကိုသာ အသုံးပြုမယ်ဆိုရင် သင့်ကို ဝဖြိုးစေဖို့ အကြောင်းတစ်ချက်ဖြစ်စေတယ်လို့ စိတ်ပညာရှင် ဘရိုင်ယမ်ဝမ်စင့်က ပြောပါတယ်။ သူရဲ့ လေ့လာမှုအရ ပန်းကန်အ ကြီးတစ်ချပ်နဲ့ စားတာကြောင့် သင်အမှန် တကယ်စားမယ့်ပမာဏထက် လေးပုံတစ်ပုံ ပိုစားမိစေတယ်ဆိုတာ တွေ့ရပါ တယ်။ ဇွန်းအကြီးတစ်ချောင်းသုံးပြီး စားတာက သင့်ကို ၁၄ ရာခိုင်နှုန်း ပိုစားမိစေပါတယ်။
ဖြေရှင်းနည်း
သင့်အိမ် မီးဖိုချောင်က ပန်းကန် ခွက်ယောက်တွေကို ဒီနေ့ပဲ လဲလှယ်အ သုံးပြုလိုက်ပါ။ သင်အသုံးပြုပြီး စားနေ ကျပန်းကန်တွေ၊ ဇွန်းတွေနေရာမှာ ပို သေးတာတွေ အစားထိုး အသုံးပြုပါ။ ရေသောက်တဲ့အခါ ဖန်ခွက်အထူကို အသုံးမပြုဘဲ ဖန်ပါးပါးနဲ့ပြုလုပ်ထားတဲ့ ဖန်ခွက်နဲ့သောက်ပါ။

အစားအသောက်တွေကို သေချာစွာ ထားသိုပါ
ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစာ တွေကို တစ်နေ့သုံးကြိမ်စားဖြစ်အောင် ကြိုးစားပါလို့ သုတေသနတစ်ခုက ဖော် ပြပါတယ်။ သင့်အိမ်မှာ အစားအသောက် တွေကိုထားသိုတဲ့အခါ သင့်မျက်စိနဲ့ မြင်နိုင်တဲ့နေရာတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေသာ ရှိနေပါစေ။
ဖြေရှင်းနည်း
ရေခဲသေတ္တာထဲမှာ စားသောက်စရာတွေကို ထားသိုမယ်ဆိုရင် သင့်မျက်စိနဲ့ တစ်တန်းတည်းဖြစ်မယ့်နေရာမှာ သီးနှံတွေကိုသာထားပါ။

အပြာရောင်တွေနဲ့ အလှဆင်ပါ
အဝါရောင်နဲ့ အနီရောင်တွေက သင်ရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်တာကြောင့် အစာပိုစားစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံ တကာက မက်ဒေါနယ်ဆိုင်တွေမှာ အဝါရောင်နဲ့ အနီရောင်တွေဆေးခြယ်ထားပါတယ်။ အပြာရောင်ဆေးခြယ်ထားတဲ့အခန်းက အနီရောင်၊ အဝါရောင်ဆေး ခြယ်ထားတဲ့ အခန်းတွေထက် သင်ရဲ့ အစာစားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း
သင့်အိမ်ရဲ့ ထမင်းစားခန်းနဲ့ အိပ်ခန်းတွေရဲ့နံရံကို အပြာရောင်ဆေးခြယ်ပေးပါ။

သင့်တော်တဲ့နေရာမှာသာ မှန်တွေထား ရှိပါ
လေ့ကျင့်ခန်းမတွေမှာ မှန်တွေ တပ်ဆင်ထားတာကြောင့် သင်ရဲ့ စွမ်း အင်သုံးစွဲမှု၊ စိတ်လက်ပြေပျောက်မှုနဲ့ ကောင်းတဲ့ အတွေးအမြင်တွေကို လျော့ နည်းစေပါတယ်။ သင်ဟာ မှန်ကြည့်နေ တာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အပေါ် မှာ စိတ်အာရုံစူးစိုက်မှုနည်းသွားတာ ကြောင့်ပါ။ ဒီလိုအချိန်မှာ လေ့ကျင့်ခန်း ပေါ် အာရုံစူးစိုက် လေ့ကျင့်ဖို့သာ အဓိကလိုအပ်တာပါ။ မှန်ကြည့်နေရမယ့်အချိန် မဟုတ်ပါဘူး။
ဖြေရှင်းနည်း
မလိုအပ်ဘဲ အချိန်ပြည့် မှန်ကြည့် နေတာမျိုးမလုပ်ပါနဲ့။ သင့်တော်တဲ့နေရာမှာသာ မှန်ကိုထားရှိပြီး ကြည့်သင့်တဲ့ အချိန်သာကြည့်ပါ။

အိမ်တွင်းမှာ သင်းပျံ့တဲ့ရနံ့တွေ ရရှိ အောင် ဖန်တီးပါ
သင်းပျံ့တဲ့ရနံ့က သင့်ကို ခါးသေး ရင်ချီသူတစ်ဦးလို့ ဆိုနိုင်လောက်တဲ့အထိ မဖြစ်နိုင်ပေမယ့် ကြည်နူးစေပြီး သင့်ကိုယ် အလေးချိန်ကို လျှော့ချပေးပါတယ်။ လေ့ ကျင့်ခန်းလုပ်ရာမှာ လန်းဆန်းတက်<က စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ အိပ်ရေးပျက်တာကလည်း သင့်ကို အ၀ လွန်စေပါတယ်။
ဖြေရှင်းနည်း
သင့်အိမ်တွင်းမှာ သင်းပျံ့တဲ့ ရနံ့ရရှိ အောင် ဖန်တီးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal