သင်္ကြန်ရေကြောင့် ဆံသားပျက်စီးမှာ စိုးရိမ်နေလား

သင်္ကြန်မှာ ဆံကေသာရောင်စုံတွေနဲ့ လန်းနေကြတာကို တွေ့မြင်ရလေ့ရှိပါတယ်။ ဒီတိုင်းနဂိုဆံကေသာဆိုရင်တောင် နေရောင်ဒဏ်ခံရရင် ခြောက်သွေ့ပျက်စီးတာဖြစ်ပါတယ်။ ဆိုး ထားတဲ့ဆံကေသာက ပိုထိခိုက်ပါတယ်။ ဒါ့အပြင် ရေဒဏ်က လည်း ဆံကေသာကို နှစ်ဆပိုပျက်စီးစေပါသေးတယ်။ နွေရာ သီရဲ့ အပူလှိုင်းတွေနဲ့ သင်္ကြန်ရေကြောင့် ရွှဲရွှဲစိုတဲ့အခါ ဆံသား တွေက ကျိုးပြတ်လွယ်တဲ့ အခြေအနေထိကို ရောက်ရှိနေပါ တယ်။ ဒါကြောင့် သင်္ကြန်မှာ လည်လည်ထွက်မယ့် ပျိုမေတို့ ဆံသားမပျက်စီးအောင် ထိန်းသိမ်းနိုင်မယ့် Tips တွေကို ရေးပေးလိုက်ပါတယ်။

Tips 1

ဆံကေသာမှာ သူ့အစိုဓာတ်နဲ့သူရှိပါတယ်။ နေရောင် အောက်မှာနေတာကြာရင် ဒီအစိုဓာတ်ကခြောက်လာပြီး ဆံ သားကျိုးပြတ်လွယ်စေပါတယ်။ ဒီအတွက် –
– ရေများများသောက်ပါ။ ခန္ဓာကိုယ်ကလည်း ရေဓာတ်ပြည့်ဝ နေမှ လိုအပ်တဲ့နေရာတွေကို ရေဓာတ်ဖြည့်ပေးနိုင်မှာဖြစ် ပါတယ်။
– Leave-in conditioner လို့ခေါ်တဲ့ ဆံသားမှာလိမ်းပြီးရင် ရေပြန်ဆေးစရာ မလိုတဲ့ ခရင်မ်လိမ်းသွားပါ။
– ရှားစောင်းလက်ပတ်ဂျယ်လ်ကိုလည်း ဆံသားပေါ်လိမ်းနိုင် ပါတယ်။ သူက ဂျယ်လ်ပုံစံထုတ်လုပ်ထားတာမို့လို့ ဆံသား ကိုလည်း စေးကပ်ကပ်မဖြစ်စေဘဲ အစိုဓာတ်ပေးနိုင်ပါ တယ်။
– Hair Serum/Hair coat တစ်မျိုးမျိုးလိမ်းသွားပါ။ အထူး သဖြင့် ဆံကေသာ အရောင်ဆိုးထားတဲ့သူတွေအနေနဲ့ ဆံ ပင်လိမ်းတဲ့အဆီကို ဦးစားပေးလိမ်းသင့်ပါတယ်။ နေ ရောင်နဲ့ ထိတွေ့တဲ့အခါ ဆံသားကို တိုက်ရိုက်မထိစေတော့ ပါဘူး။

Tips 2

နေရောင်ဒဏ်ကနေ ကာကွယ်ဖို့ နောက်နည်းလမ်းတစ် ချက်ကတော့ အကာအကွယ်ယူပါ။ ဒီအတွက် –
– ဦးထုပ်ဆောင်းပါ။ သင်္ကြန်တွင်းမှာ ဘယ်သူမှ ထီးဆောင်းပြီး လျှောက်မသွားချင်ကြပါဘူး။ ဒါပေမဲ့ ဦးထုပ်တော့ ဆောင်း သွားပါ။
– နေအရမ်းပူတဲ့အချိန်တွေဆိုရင် အရိပ်ရတဲ့နေရာတွေမှာ ခိုလှုံပါ။ တစ်နေကုန် နေပူထဲမှာနေတာက ဖျားနာနိုင်တဲ့ Risk ရှိပါတယ်။ သင်္ကြန်ရက်တိုင်း ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ဆိုရင် နေအရမ်းပူတဲ့အချိန် ရေကစားတာကို ရပ်ပြီး အနားယူပါ။

Tips 3

ဆံသားမပျက်စီးအောင် ပျက်စီးစေမယ့်အကြောင်းအရာ တွေကို လျှော့ချဖို့လည်း လိုပါတယ်။ ဒီအတွက် –
– ဆံကေသာက သင်္ကြန်တွင်းမှာ နေဒဏ်ရော၊ လေဒဏ်ရော၊ ရေဒဏ်ပါခံရမှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုထပ်ပြီး ဒဏ် ဖြစ်စေမယ့် အပူပေးကိရိယာတွေ အသုံးပြုပြီး ကောက်တာ၊ ဖြောင့်တာ၊ ခြေတာတွေထပ်မလုပ်ပါနဲ့။
– ဦးရေပြားကိုထိခိုက်စေတဲ့ တစ်ခေါင်းလုံးကျစ်ဆံမြီးကျစ်တာ၊ ဆံပင်ဆက်တာတွေကိုလည်းရှောင်တာအကောင်းဆုံးပါ။

Darliko

Post Author: Good Health Journal