အသားဖြူဆေး ထိုးရမလား

ဒီနေ့ခေတ်မှာ နိုင်ငံတကာက အလှ ကုန်ပစ္စည်းတွေ အလုံးအရင်း ဝင်ရောက်
လာတာတွေ့ရပါတယ်။ တရားဝင် ရောက်လာတာရော၊ တရားမဝင် ရောက် လာတာတွေရော အစုံပါပဲ။ ဒီထဲမှာ သုတေသန သေချာပြုစုထားတဲ့ Clinical Trials တွေ အလုံအလောက်မရှိပါဘဲ အာမခံချက်တွေပေးပြီး အလွယ်တကူ တင်သွင်းရောင်းချနေတာလည်း တွေ့ရ များလာပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ အသားဖြူထိုးဆေးတွေနဲ့ ပတ်သက်ပြီးAwarenessတစ်စုံတစ်ခုရစေဖို့ ရည် ရွယ်ပြီး ဒီဆောင်းပါးကို ရေးဖြစ်သွား ညတာပါ။

အသားရောင်ဆိုတာ . . .
လူတစ်ယောက်ရဲ့ အသားရောင်ကို သတ်မှတ်တာဟာ သူရဲ့ မျိုးရိုးဗီဇကြောင့် ကွဲပြားသွားတဲ့ မယ်လနင်ရောင်ခြယ်တွေ နဲ့ နေရောင်ထိတွေ့မှု အပေါ်မူတည်ပါ တယ်။ မယ်လနိုစိုက်လို့ခေါ်တဲ့ ရောင် ခြယ်ဆဲလ်တွေကနေ မယ်လနင်လို့ ခေါ် တဲ့ ရောင်ခြယ်တွေကို ထုတ်လုပ်ပေးတာ ပါ။ အာဖရိကန်လူမျိုးက ဥရောပကလူမျိုး တွေလိုမျိုးဖြူဖို့ မဖြစ်နိုင်ပါဘူး။ အသား ဖြူတဲ့သူတွေမှာ ကောင်းတဲ့အချက်က နေရောင်အောက်ခဏသွားတာနဲ့ ဗီတာ မင်ဒီကိုရနိုင်ပြီး ကယ်လ်စီယမ် ထုတ် လုပ်မှုကို ကောင်းစေပါတယ်။ ဒါပေမဲ့ နေရောင်အောက်မှာ အနေများရင် အရေပြားကင်ဆာဖြစ်နိုင်ခြေရှိပြီး ဖော လိတ်ချို့တဲ့နိုင်ခြေ ရှိပါတယ်။ မယ်လနင် ရောင်ခြယ်များတဲ့ အသားရောင် ရင့်တဲ့ သူတွေမှာတော့ အရေပြားကင်ဆာ ဖြစ် နိုင်ခြေနည်းပြီး သွေးအားနည်းတာလည်း အဖြစ်နည်းပါတယ်။

အသားဖြူထိုးဆေးဆိုတာ . . .
အသားဖြူထိုးဆေးအတွက် အဓိက ဇာတ်ကောင်က ဂလူတာသိုင်အုံး ဖြစ်ပြီး ဆေးတီထွင်သူတွေက နောက်ထပ် ဒြပ် ပေါင်းတွေ ထပ်ဖြည့်ထားတာ ဖြစ်ပါ တယ်။ အဓိကအားဖြင့် ဂလူတာသိုင်အုံး ကို ဗီတာမင် စီနဲ့ သတ္တုဓာတ်တွေ ထပ် ဖြည့်ပြီး ထိုးပေးကြပါတယ်။ ဒီနေ့ခေတ် မှာ ဆေးတွေကလည်း တစ်ခုနဲ့တစ်ခု အ ပြိုင်အဆိုင်ဖြစ်လာတာကြောင့် သူများ ထက်ထူးအောင် တီထွင်လာတာလည်း ရှိပါတယ်။ ဒါပေမဲ့ စိတ်ချရမှုရှိမရှိ၊ ထိ ရောက်မှုရှိမရှိဆိုတာကို ပြနိုင်မယ့် သက် သေအထောက်အထား မခိုင်လုံတာများ ပါတယ်။ ဆေးရဲ့ ပါဝင်ပစ္စည်းတွေဆိုတာ လေဘယ်မှာ ဖော်ပြထားတာတွေအ တိုင်း ဟုတ်၊ မဟုတ်ဆိုတာကိုလည်း သေချာစစ်ဆေးတဲ့ Quality Control ရောရှိရဲ့လား (မရှိတာများပါတယ်) စစ် ဆေးရပါမယ်။

အသားဖြူဆေး ထိုးသင့်လား . . .
FDA က အသိအမှတ်ပြုထားတဲ့ အသားဖြူထိုးဆေးဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ထိုးနေကြတာဖြစ်ပါတယ်။ ဒီ ထဲမှာ Safety Control မရှိဘဲ၊ စမ်းသပ် ထားတာတွေ မရှိဘဲ တင်သွင်းထုတ်လုပ် ထားတဲ့ အသားဖြူထိုးဆေးတွေဆိုတာ ဟာလည်း ဈေးကွက်ထဲကို အဆက်မ ပြတ်ရောက်နေဆဲ ဖြစ်ပါတယ်။ စီးပွား ရေးလုပ်ငန်းရှင်တွေအတွက်တော့ အ ယုံလွယ်သူတွေ၊ ကျန်းမာရေး ဗဟုသုတ နည်းသူတွေဟာ မြေစာပင်တွေပါ။ ဆေး ထုတ်တဲ့ကုမ္ပဏီကတောင် သူတို့ ထုတ် ထားတဲ့ဆေးရဲ့ အာနိသင်ကို စမ်းသပ်စစ် ဆေးထားတဲ့ Clinical Trials တွေ မရှိတာ၊ ကြားထဲက ဈေးရောင်းသူတွေက ဘာဆိုးကျိုးမှ မရှိပါဘူးဆိုပြီးတော့ အာမ ခံနေတာတွေလည်း တွေ့ရတော့ အံ့ဩ မိပါတယ်။ ဒါပေမဲ့ အသားဖြူထိုးဆေး တွေရဲ့ Marketing က ကျယ်ပြန့်သလို ထိရောက်ပါတယ်ဆိုတဲ့ သက်သေအ ထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ထိုး သူတွေလည်း အများအပြား ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဘယ်သူပြောတာမှ မယုံ ပါနဲ့၊ ထိုးသင့်၊ မထိုးသင့်ကို သင်ကိုယ် တိုင်ပဲ ဆုံးဖြတ်ပါ။
အန္တရာယ်ကင်းတဲ့ အလှတရား ပိုင် ဆိုင်နိုင်ကြပါစေ။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal