ခန္ဓာကိုယ်အချိုးအစားအလိုက်စကတ်ဘယ်လိုရွေးချယ်မလဲ…

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ခန္ဓာကိုယ်အချိုးအစား တွေ မတူညီကြပါဘူး။ ပိန်တာ၊ ဝတာထက်ကို တချို့က ခါးသေး တာ၊ တချို့က ပခုံးကျယ်တာ စသဖြင့် ကွဲပြားပါသေးတယ်။ ခန္ဓာကိုယ် အချိုးအစားကိုကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် ငါးမျိုးရှိပါတယ်။

(၁) သဲနာရီပုံစံခန္ဓာကိုယ်ပိုင်ရှင်
သဲနာရီပုံစံခန္ဓာကိုယ်ရှိသူတွေမှာ ခါးက ရင်အုပ်နဲ့တင်ပါး ထက်ပိုပြီး သေးသူတွေဖြစ်ပါတယ်။ ပခုံးအကျယ်နဲ့တင်ပါး အကျယ်က တူတူလောက်ရှိပြီး ခါးက ပို သေးတာပါ။ သဲနာရီပုံစံ ခန္ဓာကိုယ်ပိုင်ရှင်အတွက် အလိုက်ဖက်ဆုံးစကတ်ပုံစံက ခါး သေးတာပေါ်လွင်စေတဲ့ Pencil Skirt ဖြစ်ပါတယ်။

(၂) သစ်တော်သီးပုံစံခန္ဓာကိုယ်ပိုင်ရှင်
သစ်တော်သီးပုံစံက အောက်ပိုင်းက အပေါ်ပိုင်းထက် ပိုကြီးတဲ့ ခန္ဓာကိုယ်ပုံစံ ဖြစ်ပါတယ်။ တင်အကျယ်က ပခုံးအ ကျယ် ထက်ပိုကျယ်ပါတယ်။ အောက်ပိုင်းအရမ်းမကားတဲ့ A-Line စကတ်ပုံစံနဲ့ လိုက်ဖက်ပါတယ်။

(၃) တြိဂံဇောက်ထိုးပုံစံခန္ဓာကိုယ်ပိုင်ရှင်
ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်တဲ့ ပခုံးအကျယ်က အောက်ပိုင်း တင်အကျယ်ထက် ပိုပြီးကားသူတွေဖြစ်ပါတယ်။ A-Line စကတ်ပုံစံနဲ့လိုက်ဖက်သလို အနားမညီတဲ့ ခပ်ဆန်းဆန်းစကတ် ပုံစံတွေနဲ့လည်း လိုက်ဖက်ပါတယ်။

(၄) စတုဂံပုံစံခန္ဓာကိုယ်ပိုင်ရှင်
စတုဂံခန္ဓာကိုယ်ပိုင်ရှင်ဆိုတာကတော့ ခန္ဓာကိုယ်အချိုး အစားက ပခုံး၊ ခါး၊ တင်တစ်ပြေးညီလိုမျိုး မတိမ်းမယိမ်းရှိတာ မျိုးပါ။ ခါးကတော့ ပခုံးနဲ့တင်ထက် အနည်းငယ်ပိုသေးပါတယ်။ ခါးနေရာကို ပိုပြီးပေါ်လွင်စေတဲ့ စကတ်ပုံစံမျိုး၊ စကတ်အတို လေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

(၅) ပန်းသီးပုံစံခန္ဓာကိုယ်ပိုင်ရှင်
ခန္ဓာကိုယ်ရဲ့ အလယ်ခါးဆိုက်က ပိုပြည့်နေရင် ပန်းသီးပုံစံ ခန္ဓာကိုယ်ပိုင်ရှင်ပါ။ စကတ်ပုံစံရွေးချယ်တဲ့အခါ ခန္ဓာကိုယ်တစ် ခုလုံး အချိုးအဆ မျှသွားစေဖို့ ဦးစားပေးရွေးချယ်ပါ၊ A-Line စကတ်ကတော့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal