ဆံသားကဦးရေပြားမှာ ကပ်နေတာကို ဘယ်သူမှ မနှစ် သက်ကြပါဘူး။ ဦးရေပြားမှာ ပြားကပ်နေရင် ဆံပင်အုံပါးသ ယောင်ထင်ရပြီး ဆံကေသာအလှမပေါ်လွင်စေပါဘူး။ ဒီအ တွက် Tips တွေကို ရေးပေးလိုက်ပါတယ်။
Tip:1
ဦးရေပြားအဆီထွက်များသူတွေမှာ ဆံကေသာ စေးတတ်တာကြောင့် ပြားကပ်နေတတ်ပါတယ်။ ဒီအ တွက် ခေါင်းမကြာခဏ လျှော်ပေးပြီး Dryer မှုတ်တဲ့အခါ ခွဲ ကြောင်းရဲ့ ဆန့်ကျင်ဘက်ကိုဖြီးပေးတာ၊ Blow Dry မှုတ်တဲ့ အခါ အမျှင်များစွာပါတဲ့ ဘီးကို အသုံးပြုပြီး ဆွဲပေးပါ။
Tip:2
ဆံကေသာအတွင်းလွှာကို လှိုင်းတွန့်အကြေဖွပုံ သွင်းပါ။ တစ်ခေါင်းလုံး အကြေဖွတာ မဟုတ်ဘဲနဲ့ ဆံ သားအတွင်းလွှာကိုပဲ အကြေဖွတာက သဘာဝကျကျနဲ့ ဆံ သားအုံထူတဲ့အသွင်ကို ရစေမှာပါ။ အသေပုံသွင်းလို့ ရသလို ယာယီပုံသွင်းလို့လည်း ရပါတယ်။
Tip:3
ဆူးလိပ် Hair Rollers တွေ အသုံးပြုပါ။ သင် ဟာ ဆံကေသာကို အပူပေးကိရိယာတွေ အသုံးမပြုချင် ဘဲ သဘာဝကျကျ လှိုင်းလေးတွေလိုချင်တယ်ဆိုရင် ဆံပင် လိပ်တဲ့ ဆူးလိပ်တွေနဲ့ ဆံသားကို အပိုင်းပိုင်းခွဲပြီး လိပ်တင် ထားပါ။ လိပ်တင်ထားစဉ်မှာ မိတ်ကပ်လိမ်းတာလုပ်ပါ။ နာရီ ဝက်လောက်ကြာရင် ဖြည်ချလိုက်ပါ။ ဆံကေသာဟာ သဘာဝ ကျကျနဲ့ အလိမ်လေးတွေရပါမယ်။ ဆံကေသာ အုံကိုလည်း ထူသယောင် ဖြစ်သွားစေပါတယ်.
Tip:4
အုံထူစေတဲ့ ဆံကေသာအလှကုန်တွေ အသုံးပြု ပါ။ ဆံသားအုံထူစေတဲ့ Volume-Building Shampoo (ခေါင်းလျှော်ရည်)çVolumizer Hair Spray (ဖျန်းတဲ့ စပရေး)စတာတွေကို အသုံးပြုနိုင်ပါတယ်။
Tip:5
နောက်ဆုံးတစ်ချက်အနေနဲ့အကြံပေးချင်တာကတော့ ညအိပ်ရာဝင်ခါနီးမှာ ဆံကေသာကို ပွပွလေးထုံး ဖွဲ့ပြီးအိပ်ပါ။ အတင်းအကျပ်စည်းနှောင်တာတော့ မလုပ်ပါနဲ့။ဆံသားပျက်စီးမှာစိုးလို့ပါ။ ပွပွလေးထုံးဖွဲ့ပြီး အိပ်ရာဝင်တာက နောက်တစ်နေ့မှာ ဆံသားကို သဘာဝကျကျ ဖောင်းနေစေပါ တယ်။ အပူပေးကိရိယာတွေ အသုံးပြုစရာမလိုပါဘူး။
Darliko