အသက်အရွယ်ကြီးရင့်တယ်လို့ ထင်ရစေတဲ့ ဖက်ရှင်အမှားများ

ဝတ်စားဆင်ယင်တဲ့အခါမှာ ရှိရင်းစွဲ အသက်ထက်ငယ်ရွယ်နုပျိုသယောင် ထင်ရနိုင်သလို ပြင် လွန်းလို့ ဖင်ချွန်းသွားပြီး အိုစာသွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးရင့်တယ်လို့ ထင်ရစေနိုင်တဲ့ ဖက်ရှင်ရွေးချယ်မှုမျိုးမပြုလုပ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ အရောင်ရင့်လွန်းသည့် သို့မဟုတ် ရွှေရောင် သန်းသည့် ဆံပင်ဆေးဆိုးခြင်း အသက်ကြီးတာကို ဖုံးအုပ်ဖို့အတွက် ဆံပင်ဖြူ တွေကို ဆေးဆိုးလေ့ရှိကြပါတယ်။ ဆေးဆိုးတဲ့အခါ မှာ အနက်ရောင်ကိုဆိုးမိရင် မျက်နှာပေါ်က အသက် အရွယ်ကြောင့်ဖြစ်တဲ့အရေးကြောင်းတွေကို ပိုမိုထင် ရှားသွားစေနိုင်ပါတယ်။ ဆံပင်ကို အဝါရောင် ဒါမှမ ဟုတ် ရွှေရောင်ဆေးဆိုးလိုက်ရင်လည်း အသက် အရွယ်ကြီးရင့်တယ်လို့ ထင်ရနိုင်စေပါတယ်။ အဖြူ ကို ဖုံးချင်လို့ ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ သင်ရဲ့ ဆံပင် မူလအရောင်ထက် နှစ်ဆင့်လျော့တဲ့အရောင် မျိုးကို ရွေးချယ်သင့်ပါတယ်။ ၂။ အရာရာပြည့်စုံလွန်းအောင် ဝတ်စားဆင် ယင်ခြင်း Stylish […]

အကြည့်တစ်ချက်နဲ့ဖမ်းစားနိုင်မယ့်မျက်တောင်မွေးတွေပိုင်ဆိုင်ဖို့ . . .

မျက်တောင်လေးတွေဟာ မျက်ဝန်းရဲ့အလှကို အဓိက အားဖြည့်ပေးတဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ မျက်တောင်တု တွေမတပ်ကြတော့ဘဲ ဒီနေ့ခတ်မှာ သဘာဝကျကျပုံဖော်နိုင်မယ့် မျက်တောင်ဆက်တာတွေ လုပ်လာပါတယ်။ ဒါပေမဲ့ မျက် တောင်ဆက်တာမှာလည်း သူ့ Risk နဲ့သူရှိနေပြန်ပါတယ်။ မျက်တောင်ကော့ဆေးတွေ၊ မျက်စဉ်းခတ်တဲ့ ဆေးတွေကြောင့် လည်း မျက်တောင်ကျွတ်တာ အဖြစ်များပါတယ်။ အကောင်းဆုံး ကတော့ ကိုယ်ရဲ့နဂိုရှိရင်းစွဲမျက်တောင်လေးတွေ ကျန်းမာ အောင်၊ မပျက်စီးအောင် စောင့်ရှောက်နိုင်ဖို့က အဓိကပါပဲ။ (၁) အုန်းဆီ အုန်းဆီစစ်စစ် (Virgin Coconut Oil) က မျက်လုံးတစ် ဝိုက်မှာ အသုံးပြုဖို့ စိတ်ချရတဲ့အဆီတစ်မျိုးပါ။ သူကမျက် တောင်မွေးတွေကို အစိုဓာတ်ဖြည့်ပေးပြီး သန်မာစေပါတယ်။ လက်ကို သန့်စင်အောင်အရင် ဆေးကြောပါ၊ အုန်းဆီစစ်စစ်ကို လက်ညှိုးလေးနဲ့ယူပြီး မျက်တောင်လေးတွေကို ပွတ်သပ်ပေး လိုက်ရုံပါပဲ။ အုန်းဆီအပြင် […]

ဝက်ခြံကင်းတဲ့ အရေပြားဖြစ်စေဖို့ ဘယ်လိုစားသောက်သင့်သလဲ

အစားအသောက်ကြောင့်လည်း ဝက်ခြံဖြစ်စေပါတယ်။ ဝက်ခြံကင်းတဲ့ အရေ ပြားကိုပိုင်ဆိုင်နိုင်စေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အစားအသောက်နဲ့ပတ်သက် တဲ့ အကြံပြုချက်တွေက ဘာတွေဖြစ်မလဲ . . . ကစီဓာတ်နည်းတာကို ရွေးစားပါ သကြားများလွန်းတဲ့အစားအစာ တွေနဲ့ ကစီဓာတ်များတဲ့ အစားအစာတွေ ကို အစားများတာက အရေပြားပေါ်က အဆီဂလင်းတွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ် စေပါတယ်။ ကစီဓာတ်များတဲ့ဆန်၊ ပြောင်း၊ ဒိုးနတ်မုန့်၊ ကိုလာ၊ အာလူး၊ ပေါက်ပေါက် စတာတွေကို ရှောင်ပြီး ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ မြေပဲ၊ ခရမ်းချဉ်သီး၊ လက်ဖက်စိမ်း လက်ဖက်ရည် စတာတွေ ကို မှီဝဲပါ။ ရေသောက်မနည်းပါစေနဲ့ ရေသောက်နည်းတာက အရေပြား မှာရေဓာတ်ခန်းခြောက်မှုနဲ့အတူ သွေး ကြောတွေရဲ့လုပ်ဆောင်ချက်ကို အလုပ် ပိုစေနိုင်ပါတယ်။ ရေနဲ့အသီးဖျော်ရည် တွေကို သင့်တစ်နေ့တာအစားအစာထဲမှာ […]

Valentine’s Fashion

ဗယ်လင်တိုင်းအတွက် ဖက်ရှင်စဉ်းစားရင်တော့ ဦးစား ပေးရမယ့်အရောင် သုံးရောင်ရှိပါတယ်။ အနီရောင်၊ အဖြူရောင် နဲ့ ပန်းရောင်တွေဟာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စားပြုတဲ့ အရောင်တွေပါ။ ဒီတစ်ပတ်မှာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စား ပြုတဲ့အရောင်တွေရဲ့ အဓိပ္ပာယ်ကိုသိရှိပြီး Valentine’s Day Vibe ရစေဖို့ ရေးသားလိုက်ပါတယ်။ (၁) အနီရောင် အနီရောင်က ချစ်ခြင်းမေတ္တာ၊ ရှင်သန်ခြင်းတွေကို ကိုယ် စားပြုတဲ့အရောင်ပါ။ လူသားမျိုးနွယ်စတင်ခဲ့တဲ့ အာဒံရဲ့နာ မည်အဓိပ္ပာယ်ဟာ အနီရောင်နဲ့မြေကြီးလို့ ဆိုပါတယ်။ သူဟာ လူသားတို့ရဲ့ ချစ်ခြင်းတရားကို စတင်ခံစားဖူးသူမဟုတ်ပါလား။ ဒါကြောင့် ဗယ်လင်တိုင်းနေ့မှာ ချစ်ခြင်းတွေနဲ့ လွှမ်းခြုံထား တယ်ဆိုတာ ကိုယ်စားပြုဖို့ အနီရောင်တောက်တောက်လေး ဝတ်ဆင်ပါ။ (၂) အဖြူရောင် အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ ခွင့်လွှတ်ခြင်းတွေ ကိုကိုယ်စားပြုပါတယ်။ အပြစ်ကင်းစင်တဲ့ ဖြူဖြူဖွေးဖွေး နှင်း […]

ပါးမို့မို့လေးမှာပန်းနုသွေးရောင်သမ်းနေစေဖို့…

ပါးမို့လေးမှာ သဘာဝအတိုင်း ပန်းနုသွေးရောင်နဲ့ လှပနေမယ်ဆိုရင် နှစ်လိုဖွယ် မိန်းကလေးတစ်ယောက်ဖြစ် မှာပါ။ ပန်းနုရောင်သမ်းနေတဲ့ ပါးမို့ လေးက မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို ဖြည့်စွက်ပေးသလို ကျန်း မာကြံ့ခိုင်တယ်ဆိုတဲ့ သက်သေတစ်ခု လည်းဖြစ်ပါတယ်။ သင်ရဲ့ပါးမို့လေး ပန်းနုရောင်သမ်းပြီး လှပဖို့အတွက် အောက်ပါသဘာဝနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ။ ငှက်ပျောသီး ငှက်ပျောသီးနှစ်လုံးကို ကြိတ်ခြေ ပြီး မျက်နှာပေါ် လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီး ရေဆေးချပါက ပါးမို့မှာ နှင်း ဆီရောင်လေးသမ်းနေစေပါတယ်။ ညင်သာစွာ နှိပ်နယ်ခြင်း အရေပြားအောက်မှာ သွေးလှည့် ပတ်မှု ကောင်းတာက အသားအရေကို ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ် မှုကောင်းမွန်အောင် စက်ဝိုင်းပုံအတိုင်း ညင်သာစွာ နှိပ်နယ်ပေးပါ။ ရက်အနည်း ငယ်အတွင်း နှင်းဆီရောင်သမ်းတဲ့ ပါး မို့ကို ပိုင်ဆိုင်နိုင်စေပါတယ်။ ကြက်ဥအကာနှင့် […]

ဒိန်ချဉ်နဲ့မျက်နှာပေါင်းတင်မယ်

ပျိုမေတို့ရေ အရေပြားထိန်းသိမ်းဖို့လိုအပ်ရင် Skincare တွေ ဈေးကြီးပေးဝယ်မှ မဟုတ်ပါဘူးနော်။ ငွေကုန်ကြေးကျ သက်သာပြီး အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်။ ဒီတစ်ပတ်မှာ စာရေးသူက ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်နည်းကို ရေးပေးလိုက်ပါတယ်။ ဘယ်လိုဒိန်ချဉ်မျိုးကို အသုံးပြုလို့ရလဲ ဆိုရင်တော့ အရသာ(Flavor)တွေ ထပ်ဖြည့်မထားတဲ့ ဒိန်ချဉ် သီးသန့် Original Flavor ကို ရွေးဝယ်နော်။ မျက်နှာပေါင်း တင်ဖို့ဆိုတော့ ထန်းလျက်တွေ၊ သကြားတွေတော့ မထည့်နဲ့ ပေါ့။ ဒိန်ချဉ်ဝယ်လာရင် စားလည်းစား၊ မျက်နှာပေါင်းတင်ဖို့ လည်း ချန်ထားနော်။ Yogurt Benefits! ဆဲလ်သေတွေဖယ်ရှားပေးတယ် ဒိန်ချဉ်မှာ ပါဝင်တဲ့ အယ်လ်ဖာဟိုက်ဒရော့ဆီအက်စစ်(Lactic Acid) က အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှား ပေးနိုင်ပါတယ်။ ဆဲလ်သေတွေဖယ်ရှားလိုက်တာက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမဖြစ်အောင် ကာကွယ်နိုင်သလို ဆဲလ်သေ တွေဖယ်ရှားလိုက်တာကြောင့် အရေပြားလေးနူးညံ့သွားစေပါ […]

ဆံနွယ်တွေ နက်မှောင်သန်စွမ်းစေဖို့ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်သလဲ…

ဆံနွယ်တွေ ပိုးသားလေးလို ပျော့ပျောင်းနူးညံ့ပြီး သန်စွမ်းနက်မှောင်နေစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အောက်ပါအစားအစာတွေကိုစားသုံးပါ။ ဗီတာမင် အေ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီ တာမင်အေက ဆံနွယ်တွေနဲ့ ဦးရေပြားမှာ အဆီထွက်တာကိုအားပေးတာကြောင့် ဆံ နွယ်တွေကို နက်မှောင် လှပစေပါတယ်။ နို့၊ ချိစ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ကြက်ဥနဲ့ ကညွတ်တွေကနေ သဘာဝဗီတာမင်အေကို အများအပြား ရရှိနိုင်ပါတယ်။ National Institutes of Health က လူတစ်ယောက် တစ်နေ့ကို ဗီတာမင်အေ ၃၀၀၀ အိုင်ယူလိုအပ်တယ်လို့ဆိုပါတယ်။ ဗီတာမင်အီးနဲ့ နိုင်ယာစင် ဦးရေပြားတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်း စေတာကြောင့် ဆံပင်တွေကို သန်စွမ်းကျန်းမာစေ ပါတယ်။ အစိမ်းရောင်ဟင်းရွက်တွေ၊ ပဲပိစပ်၊ အစေ့အ ဆန်တွေနဲ့ ဟင်းရွက်ဆီတွေမှာ ဗီတာမင် […]

ဒီရောဂါတွေရှိနေရင်ဖိနပ်ဘယ်လိုရွေးချယ်မလဲ…

တချို့ရောဂါအခြေအနေတွေက ဖိနပ်သေချာ ရွေးချယ်ဖို့ လိုပါတယ်။ ဖိနပ်က ခြေထောက်ကျန်းမာရေးအပေါ်များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် လှတာထက် သက် သောင့်သက်သာ ဖြစ်ဖို့ကို အဓိက ရွေးချယ်ရပါတယ်။ (၁) ဆီးချိုရောဂါရှိရင် သင်ဟာ ဆီးချိုရောဂါရှိသူဆိုရင် ခြေထောက်ကို အထူး သတိထားဖို့လိုပါတယ်။ ခြေထောက်ကို သေချာသန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။ အရမ်းကျပ်တဲ့ ဖိနပ်တွေ မစီးပါနဲ့။ သင်စီးတဲ့ဖိနပ်က လမ်းလျှောက်တိုင်းမှာ သင့်ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေဖို့ Sole ပါတဲ့ ရှူးဖိနပ်မျိုးရွေး ချယ်ပါ။ (၂) အဆစ်အမျက်ရောင်ရောဂါရှိရင် သင်ဟာ အဆစ်အမျက်ရောင်ရောဂါရှိသူဆိုရင် သင့် အတွက် သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်တစ်စုံကို အတော် ရှာရခက်နိုင်ပါတယ်။ ခြေနင်းပြားပျော့ပြီး အလေးချိန်ပေါ့တဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။ ခြေထောက်ကို ဝန်မပိ၊ ဒဏ်မဖြစ်စေတဲ့ ဖိနပ်မျိုးရွေးချယ်ပါ။ […]

သင့်အသားအရေကဘယ်လိုအမျိုး အစားလဲဘယ်လို ထိန်းသိမ်းမလဲ..

မျက်နှာအရေပြားက ခန္ဓာကိုယ်လို အဝတ်အစား အကာအကွယ်တွေ မရှိ တာကြောင့် နေရောင်ခြည်၊ လေ၊ အပူ၊ အအေးတွေရဲ့ ဒဏ်ကို နေ့စဉ်ထိတွေ့ရ တာ ပိုများပါတယ်။ ထီးဆောင်းတာ၊ ဦး ထုပ်ဆောင်းတာတွေ လုပ်ဆောင်ရင် တောင် ညစ်ညမ်းတဲ့လေနဲ့ ဖုန်၊ အမှုန် တွေက ခန္ဓာကိုယ်ထက် မျက်နှာပေါ်မှာ ကပ်တင်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ အရေ ပြားပြုပြင်ထိန်းသိမ်းမှုတွေကို ပုံမှန်လုပ် ဆောင်ဖို့ လိုပါတယ်။ အသားအရေအမျိုးအစားများ ခြောက်သွေ့တဲ့ အသားအရေ ခြောက်သွေ့တဲ့အသားအရေ အ မျိုးအစားဆိုတာ သင့်မျက်နှာက အသား ပပ်တာ၊ တင်းကျပ်ကျပ်ဖြစ်နေတာ၊ ကြမ်း တမ်းတာနဲ့ ယားယံမှုဖြစ်စေတာတွေပဲ ဖြစ်ပါတယ်။ အဆီပြန်တဲ့ အသားအရေ အဆီပြန်တဲ့ အသားအရေ အမျိုးအ စားဆိုတာ […]

ဖက်ရှင်အမြင် ရှိဖို့လိုတယ်

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဖက်ရှင်အမြင်ချင်းတူမှာ မဟုတ်ပါဘူး။ ဖက်ရှင်အမြင်ဆိုတာ ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်သလို ခေတ်စနစ်နဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါ တယ်။ ခေတ်နှောင်းဖြစ်သွားတဲ့ ဖက်ရှင်ပုံစံတွေပြန်ပြီး တစ်ခေတ် ဆန်းသစ်လာတာရှိသလို၊ တစ်ခဏပဲ ထင်ရှားပြီး ပြန်မြုပ်သွားတဲ့ ဖက်ရှင်တွေလည်း ရှိပါတယ်။ ဖက်ရှင်ကျကျသစ်လွင်ဆန်းသစ် လှပဖို့၊ ဖက်ရှင်အမြင်ရှိဖို့ဆိုရင် အသစ်အဆန်းထွက်တိုင်းကိုယ် ပေါ်တင်ဝတ်ပြီး သင်မဟုတ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲပစ် လိုက်ဖို့ မဟုတ်ပါဘူး။ ဖက်ရှင်မဂ္ဂဇင်းစာအုပ်တစ်အုပ် လှန် ကြည့်လိုက်ပြီး ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း ပုံ တူလိုက်ကူးဝတ်လိုက်တာက လူသက်သာတာ အမှန်ပါ။ ဒါပေမဲ့ အမြဲတမ်း အလွယ်တကူ ပုံတူလိုက်ကူးပြီး ဝတ်ဆင်တာပဲ လုပ်မယ်ဆို ရင် ရေရှည်မှာ သင်ရဲ့ကိုယ်ပိုင်စတိုင်လ်၊ ကိုယ် ပိုင်ဟန်ပန် ပျောက်သွားပါလိမ့်မယ်။ လူတိုင်း မှာ မွေးရာပါ ဘယ်သူနဲ့မှမတူတဲ့ […]