Cinnamon Beewax Candle

ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းအုံခဲတာလိုမျိုး တွေကစပြီး နာကျင်မှုဝေဒနာသက်သာစေနိုင် တဲ့အထိ ရနံ့ကုထုံးရဲ့ အစွမ်းထက်ပုံကို အား လုံးသိပြီးတဲ့အတိုင်းဖြစ်မှာပါ။

သစ်ကြံပိုးခေါက်ရနံ့ဟာ ဦးနှောက်ဥာဏ်ရည်ကို ပွင့်လင်းစေပြီး ဦးနှောက်အတွင်းက ဓာတ်တိုးမှုဖြစ်စဉ် တွေကို လျော့ပါးစေပါတယ်။ ဒါ့အပြင် ဒီရနံ့က ဦးနှောက် ဥာဏ်ရည်စမ်းသပ်မှုအမျိုးမျိုးအတွက် တိုးတက်မှုရှိစေ တယ်လို့ လေ့လာမှုတစ်ခုမှာ ဆိုထားပါတယ်။ သစ်ကြံပိုး ခေါက်မှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာနဲ့တင် ဦးနှောက်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့်အ ပြည့်အ၀ရစေတယ်လို့လည်းသိရပါတယ်။ ဒီလိုကောင်း ကျိုးအပြည့်နဲ့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေသမျှကို ပြေပျောက်စေနိုင်တဲ့ သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး Cinnamon Beewax  ဖယောင်းတိုင် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာတွေကတော့ . . . 

♦ သဘာဝပျားဖယောင်း ခွက်နှစ်ခွက်စာ
♦ အုန်းဆီ ခွက်နှစ်ခွက်စာ
♦ သစ်ကြံပိုးခေါက်အဆီ အစက် ၆၀ ခန့်
♦ အပူခံနိုင်တဲ့ Mason Jar
♦ ဖယောင်းတိုင်ကြိုး ဒါမှမဟုတ် ဖော့ သစ်ချောင်း(ရေခဲချောင်းတုတ်တံ)

ပြုလုပ်နည်း . . .

♦ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။ အဲဒီအိုးပေါ်ကို ပျားဖယောင်းနဲ့ အုန်းဆီထည့်ထားတဲ့ပန်းကန်လုံးကိုတင်ပြီး အိုးထဲကထွက်လာတဲ့ ရေနွေးငွေ့နဲ့ ပျော် အောင်အပူပေးပါ။
♦ အဲဒီထဲကို သစ်ကြံပိုးခေါက်အဆီ အစက် ၆၀ ခန့်ထည့်ပြီး ဖြည်းဖြည်းချင်း မွှေပေးပါ။ အပူခံနိုင်တဲ့ Mason Jar ထဲကို ခုနကအပူပေးထားတဲ့ ပထမအလွှာအဖြစ် လက်မ၀က်စာလောက် ပျော်ရည်အနည်းငယ်ထည့်ပါ။
♦ အဲဒီနောက် ဖော့သစ်ချောင်းလေးကို အဲဒီအလွှာရဲ့အလယ်မှာစိုက်ပြီး ကိုင်ထားကာ ကျန်နေသေးတဲ့ ပျော်ရည်တွေကို ပုလင်းလည်ပင်းရစ် ရောက်တဲ့အထိ ဆက်ထည့်ပါ။ (လက်ကို အပူမလောင်မိစေဖို့တော့ ဂရုစိုက်ပါ)
♦ အေးခဲသွားတဲ့အခါမှာတော့ ရနံ့သင်းပျံ့ပြီး လန်းဆန်းစေတဲ့ Cinnamon Beewax  ဖယောင်းတိုင်လေးကို ရရှိပါပြီ။ အဲဒီဖယောင်းတိုင်လေးကို ညအိပ်စဉ်မှာ ပဲဖြစ်ဖြစ်၊ ရေချိုးခန်းအတွင်း ရေချိုးနေစဉ်မှာပဲဖြစ်ဖြစ် ထွန်းညှိထားလိုက်မယ်ဆိုရင် တစ်နေ့တာ ပင်ပန်းသမျှတွေကို အနားပေးလိုက်သလို ခံစားရပါလိမ့်မယ်။

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *