အသက်ကြီးမှ လေ့ကျင့်ခန်းစလုပ်ဖို့ သင့်တော်ပါသလား

တချို့တွေက တစ်သက်လုံး ဘာမှ မလုပ်ခဲ့ဘဲ ဒီအရွယ်ရောက်မှ လေ့ကျင့် ခန်းတွေ လုပ်ရမှာလားဆိုတာမျိုးလည်း ရှိပါတယ်။ လေ့ကျင့်ခန်းဆိုတာက အ ရွယ်မရွေးပါဘူး။ ငယ်ရွယ်ချိန်ကနေ အ သက်ကြီးတဲ့အထိ ကျန်းမာရေးအတွက် အားလုံးလုပ်သွားကြဖို့ လိုပါတယ်။

လေ့ကျင့်ခန်းအနေနဲ့ ဘာတွေ လုပ် သင့်ပါသလဲ။
လေ့ကျင့်ခန်းအနေနဲ့ ပထမဆုံးက အသက်ရှူလေ့ကျင့်ခန်းပါ။ အောက်ဆီ ဂျင်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်ပစ္စည်း ဖြစ်တာကြောင့် အောက်ဆီဂျင်ကို ကောင်းကောင်းရဖို့ လိုပါတယ်။ အောက် ဆီဂျင်ကောင်းကောင်းရတာကြောင့် ခန္ဓာ ကိုယ်ရဲ့ ကျန်းမာကြံ့ခိုင်မှုကို အားပေးပါ တယ်။ အဆစ်တွေမှာ ကြွက်သားတွေက တွယ်ဆက်ထားတာကြောင့် ဒီကြွက်သား တွေ သန်မာဖို့ လိုပါတယ်။ ကြွက်သား တွေသန်မာနေရင် အဆစ်တွေတော်ရုံနဲ့ မနာတော့ပါဘူး။ အဆစ်လေးတွေ လှုပ် ရှားပေးတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ လက်တွေ ကွေးတာ၊ ဆန့်တာ၊ ခြေ ထောက်တွေ ကွေးတာဆန့်တာ၊ လက် ချောင်းလေးတွေ ဖြန့်လိုက်၊ ကားလိုက် လုပ်တာတွေဟာ အဆစ်တစ်ခုချင်းစီ တွေ လှုပ်ရှားစေပါတယ်။ လမ်းလျှောက် တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေကို သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်အတိုင်း လုပ်ဆောင်တာ ကောင်းပါ တယ်။

လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ် ဟန် ချက်ညီစေဖို့ အထောက်အကူပြုပါ သလား။
ကျွန်မတို့ရဲ့ခန္ဓာကိုယ်မှာ ဟန်ချက် ကို ထိန်းဖို့ လိုပါတယ်။ အသက်နည်းနည်း ရလာပြီဆိုရင် မျက်စိက ကြည့်လို့မကောင်း တော့ဘူး၊ နားက နည်းနည်းလေးလာပြီ၊ ကြွက်သားတွေကလည်း အားလျော့လာ တယ်။ အဲဒီအခါ ကျွန်မတို့ ခန္ဓာကိုယ်ကို ထိန်းပေးထားတဲ့ Balance System အားနည်းလာပြီး ဟန်ချက်တွေ ပျက်လာ တယ်။ လူကြီးတွေ အသက်ကြီးလာတဲ့ အခါ ခဏခဏ ချော်လဲတာတွေ ဖြစ်လာ တယ်။ အရိုးတွေကလည်း ပါးလာတော့ အရိုးကျိုးနှုန်းတွေ သိပ်များပါတယ်။
လေ့ကျင့်ခန်းက အားလုံးအတွက် ကောင်းပါတယ်။ ကြံ့ခိုင်သန်မာလာမယ်၊ ကြွက်သားတွေ သန်စွမ်းလာမယ်၊ လူက လည်း နေလို့ထိုင်လို့ ကောင်းလာမယ်၊ ဒါဆိုရင် ဘ၀နေမှုထိုင်မှုလည်း အတော် လေး ကောင်းလာပါတယ်။ မနက်အိပ်ရာ မထခင်မှာ လက်လေးမြှောက်လိုက်တာ၊ ကွေးလိုက်ဆန့်လိုက် လုပ်လိုက်တာ၊ ဘုရားရှိခိုးသလိုမျိုး လက်ချောင်းတွေကို လုပ်လိုက်တာ၊ လက်ကောက်ဝတ်လေး ကွေးလိုက်တာ စတာတွေကို ပုံမှန်လုပ် ပေးရပါမယ်။ ကြွက်သားတွေ ပျော့ပျော့ ပျောင်းပျောင်းဖြစ်ဖို့ဆိုရင် အိပ်ရာမထ ခင်မှာ အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ အသက်ရှူလေ့ကျင့်ခန်းကို ၁၀ ကြိမ်လောက် လုပ်လိုက်မယ်ဆိုရင် ကြွက်သားတောင့်တင်းတာတွေ လျော့ သွားပါတယ်။

ကြွက်သားတွေကို သန်စွမ်းအောင် လုပ်တဲ့ လေ့ကျင့်ခန်းတွေက ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေပါသလဲ။
သက်ဆိုင်ရာ အဆစ်တွေပေါ် မူ တည်ပြီး ဘယ်ကြွက်သားတွေကို သန် စွမ်းအောင် လုပ်မလဲဆိုတာက လေ့ကျင့် ခန်းတွေ အရေးကြီးပါတယ်။ တချို့က မြင့်လိုက်နိမ့်လိုက်ရှိတယ်၊ တချို့က ခပ် ပျော့ပျော့ လေ့ကျင့်ခန်း လုပ်ရတာတွေ ရှိတယ်။ ဒူးနာနေတာကို ဘယ်လို လေ့ ကျင့်ခန်းတွေ စလုပ်မလဲ နာနေတဲ့အချိန် မှာ ခဏနားနေပါ။ အဆစ်ရဲ့လှုပ်ရှားမှု မပါတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ လောဘမကြီး စေချင်ပါဘူး။ ဖြည်းဖြည်းမှန်မှန် လုပ် သွားစေချင်ပါတယ်။ လေ့ကျင့်ခန်းလုပ် တဲ့အခါ မနာရပါဘူး။ နာတယ်ဆိုရင် လုပ်နေတဲ့လေ့ကျင့်ခန်းက နည်းလမ်းမ မှန်လို့ပါ။ နာနေတာကို အောင့်ပြီး လုပ် တာမျိုး မဖြစ်ရပါဘူး။

လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းတွေကို ဘယ်လောက် အတိုင်းအတာနဲ့ လုပ်သင့်ပါသလဲ။
အဆုတ်နဲ့ နှလုံး ကျန်းမာသန်စွမ်းဖို့ အတွက် လမ်းလျှောက်တာ၊ စက်ဘီးစီး တာ၊ ရေကူးတာတွေ လုပ်ဖို့လိုပါတယ်။ တချို့လည်း ခါးနာလို့ လမ်းနှစ်ပတ် လောက် ပတ်လျှောက်လိုက်တာ ပုံလဲကျ သွားတယ်ဆိုတာမျိုး အရမ်းလည်း လျှောက်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်ထဲမှာ၊ ခြံထဲမှာ အရင်လျှောက်ကြည့်ပါ။ ဘာမှ မဖြစ်ဘူးဆိုမှ ဆက်လျှောက်ပါ။ အသက် ကြီးလာရင် ခုန်ပြီး လုပ်ရတဲ့ အေရိုးဗစ်အ ကတွေလည်း လုပ်ဖို့ မသင့်တော်ပါဘူး။ အဆစ်တွေ ပိုနာသွားတာမျိုး ဖြစ်တတ်ပါ တယ်။ စက်ဘီးစီးတာဆိုရင် အရင်ဆုံး ၅ မိနစ်လောက် စကြည့်ပါ။ တချို့က အိမ် မှာ ၀ယ်ထားတယ်၊ တချို့လည်း Gym မှာ သွားစီးကြတယ်။ အရင်ဆုံး ဘာ Weight မှ မထည့်ဘဲ စီးကြည့်ပါ။ တချို့ က နာနေတယ်၊ စက်ဘီးစီးပါဆိုလို့ အ မြင့်ဆုံးကို စလုပ်လိုက်တယ်။ အရမ်းအား စိုက်လိုက်တာကြောင့် အဆစ်တွေ ဒဏ် ဖြစ်ပြီး ပိုနာသွားတတ်ပါတယ်။ ဒါကြောင့် ၅ မိနစ် လောက်ကနေ စသွားပြီး မနာ ဘူးဆိုရင် တဖြည်းဖြည်းချင်း တိုးသွားပါ။ ဆက်လုပ်လို့ ရပါတယ်။ လမ်းလျှောက် တာလည်း ဒီလိုပါပဲ။ မနာဘူးဆိုရင် တ ဖြည်းဖြည်းချင်း တိုးသွားပါ။ ပိုကောင်း လာတယ်၊ ကျန်းမာကြံ့ခိုင်လာတယ်ဆို ရင် တစ်နေ့ကို နာရီဝက်လောက် လုပ်ပါ။

ကိုယ်နေဟန်ထားကကော အဆစ်ရောင် နာကျင်မှုတွေအပေါ် သက်ရောက်မှု ရှိ ပါသလား။
ကိုယ်နေဟန်ထားလေးကိုလည်း မှန်အောင်လုပ်ပေးလို့ရပါတယ်။ ခါးကို မတ်ပြီး ထိုင်ဖို့လိုပါတယ်။ ကျွန်မတို့အား လုံးက သက်သောင့်သက်သာ ကြိုက်ကြ တော့ ထိုင်ရင်ရှောပြီး ထိုင်တာကြောင့် လည်ပင်းနဲ့ ခါးပေါ်ကို ဒဏ်ပိစေပါတယ်။ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ တီဗီကြည့်တာ ပဲဖြစ်ဖြစ် မှန်ကန်တဲ့အနေအထားနဲ့ ထိုင် ဖို့ အရေးကြီးပါတယ်။ အသက်ကြီးတဲ့သူ မှ မဟုတ်ဘူး ကွန်ပျူတာသုံးတာ၊ ဖေ့စ် ဘွတ်ခ်သုံးတာ၊ စာရင်းတွက်တာတွေ လုပ် တဲ့ ကလေးမလေးတွေလည်း ကျွန်မ တို့ဆီ ရောက်လာကြပါတယ်။ ဒါကြောင့် အနေအထား မှန်ကန်ဖို့ အရေးကြီးပါ တယ်။

အရိုးအဆစ်နာကျင်မှုနဲ့ ပတ်သက်ပြီး အများစု မှားတတ်ကြတဲ့ အမူအကျင့် က ဘာဖြစ်ပါသလဲ။
တချို့က ခါးနာနေလို့ ဘယ်လိုမွေ့ ရာနဲ့ အိပ်ရမလဲ မေးတတ်ကြပါတယ်။ တချို့လည်း ခါးနာနေလို့ မွေ့ရာနဲ့ မအိပ် ဘဲ ကြမ်းပြင်ပေါ်မှာ ဆင်းအိပ်လိုက်တယ် လို့ ပြောတတ်ကြပါတယ်။ ကြမ်းအမာ ပေါ်မှာ ဆင်းအိပ်တော့ အဆစ်လေးတွေ၊ ကြွက်သားတွေ ပိုနာတာပေါ့နော်။ ဒါ ကြောင့် ခါးနာတယ်ဆိုရင် လဲမွေ့ရာ ဒါမှ မဟုတ် နှစ်လက်မလောက်ထူတဲ့ ဂွမ်း ကပ်လေးတွေနဲ့ အိပ်သင့်ပါတယ်။ ဒန်း လော့မွေ့ရာပေါ် တက်အိပ်လို့လည်း မ ကောင်းဘူးပေါ့။ ကျွန်မတို့က အစွန်းနှစ် ဖက်ကို မရောက်ဖို့လိုပါတယ်။ ပစ္စည်း တွေ မရင် ခါးကုန်းပြီး မ မဖို့ လိုပါတယ်။ ခါးကုန်းပြီး မလိုက်ရင် အရိုးနုပြားလေး တွေ နောက်ကိုထွက်သွားပြီး ခါးကြော ညပ်တာ၊ ခြေထောက်မှာထုံတာ၊ ကျဉ် တာ၊ လမ်းလျှောက်ရင် ခါးနာတာ၊ စတာ တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပစ္စည်း တွေကို မမယ်ဆိုရင် ဒူးကွေးပြီး ထိုင်ချ လိုက်ပြီးမှ မရပါမယ်။

ရေနွေးအိတ်၊ ရေခဲအိတ်တွေနဲ့ ဘယ်လို အခြေအနေတွေမှာ ကုသသင့်ပါသလဲ။
ရေနွေးအိတ်သုံးပြီးလည်း ကုသ ပေးနိုင်တယ်။ အသက်ကြီးသူတွေရဲ့ အ ရေပြားက နူးညံ့လာတာကြောင့် ရေနွေး အိတ်ကို အရေပြားပေါ် တိုက်ရိုက်မတင် သင့်ပါဘူး။ အပူလောင်တာ ဖြစ်နိုင်တာ ကြောင့်ပါ။ ကြွက်သားပေါ်၊ အဆစ်ပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ အအေးသုံးနိုင်တာ က နှစ်ခုရှိပါတယ်။ ကျီးပေါင်းဖြစ်တာနဲ့ ဒူးမှာဖြစ်ရင် ရေခဲနဲ့ ချေပေးနိုင်ပါတယ်။ ရေခဲတုံးထည့်၊ ရေများများထည့် ထုပ်ပြီး ဒူးအဆစ်ပေါ်တင်ပြီး တစ်ဖက်တစ်ချက် ချေပေးမယ်ဆိုရင် ရောင်ရမ်းတာသက် သာသွားပြီး အမြန်ဆုံးသက်သာသွားပါ တယ်။

◘ ဒေါက်တာခင်မျိုးလှ (ပါမောက္ခ/ဌာနမှူး)                                                                                                                                                       အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *