ကျန်းမာသန်စွမ်းတဲ့ဆံပင်ပိုင်ဆိုင်နိုင်စေမယ့် Ginger Shampoo

ချင်းဟာ မှော်စွမ်းရှိတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးလို့ တင်စားရမှာပါ။ သူဟာ ကျန်းမာရေးအတွက်လည်း များ စွာအသုံးဝင်သလို တခြားအသားအရေနဲ့ အလှအပဆိုင် ရာတွေအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်တဲ့။ သူဟာ ဆံပင်ကို ကျန်းမာသန်စွမ်းစေနိုင်သလို ဆံပင်ခဏ ခဏကျွတ်တတ်သူတွေအတွက်လည်း ပြန်လည်ကုသ ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံသားနူးညံ့တောက်ပစေပြီး ဗောက်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

လိုအပ်တာတွေက • • •
♦ ချင်း နှစ်လက်မခန့်
♦Liquid Castile ဒါမှမဟုတ် Baby shampoo  စားပွဲဇွန်း နှစ်ဇွန်းစာ
♦ ပိတ်ပါးစ
♦ Vitamin E Essential Oil
♦ သိမ်းဆည်းမယ့် ဘူးခွံတစ်ဘူး

ပြုလုပ်နည်း • • •
♦ ချင်းနှစ်လက်မခန့်စာကို အခွံနွှာပြီး Blender ထဲမှာ သေချာစွာ ကြိတ်ပါ။
♦ ပြီးရင် ပန်းကန်လုံးတစ်ခုထဲကို ခွက် တစ်ခွက်စာ ရေသန့်ထည့်ပြီး microwave ဒါမှမဟုတ် မီးဖိုပေါ်မှာ အပူပေးပါ။
♦ ဆူလာရင် ခုနကကြိတ်ထားတဲ့ ချင်း အရည်ရော၊ အဖတ်ကိုပါ အဲဒီထဲ ထည့် ကျိုပါ။
♦ ၅-၁၀ မိနစ်ခန့် ကျိုပြီးနောက် အအေး ခံပါ။
♦ သိမ်းဆည်းမယ့်ဘူးခွံထဲကို Castile Soap အရည် ဒါမှမဟုတ် Baby Sham-poo  စားပွဲဇွန်း နှစ်ဇွန်းစာထည့်ပါ။
♦ အဲဒီဘူးအ၀မှာ ပိတ်ပါးစကို တင်ပြီး ခုနကကျိုထားတဲ့ ချင်းပြုတ်ရည်ကို ထည့်စစ်ပါ။ (ချင်းဖတ်တွေ ခေါင်းလျှော် ရည်ထဲပါမလာအောင်ပါ)။ ပြီးရင် ပိတ်ပါး စကို ဖယ်လိုက်ပါ။
♦ အဲဒီနောက် ဘူးထဲက ပါဝင်ပစ္စည်းနှစ်ခု ကို သမအောင် သေချာမွှေပါ။ အမြှုပ်မ ထွက်ပါစေနဲ့။ အဲဒီထဲကို Vitamin E Essential Oil အစက်အနည်းငယ် ထည့်ပါ။
♦ အခုဆိုရင် သင်အသုံးပြုလို့ရမယ့် Ginger Shampoo ကို ရလာပါပြီ။

Tips !
♦ ခေါင်းကို ရေနွေးနွေးလေးနဲ့ အရင်ဆေးချပါ။
♦ ပြီးရင် အဲဒီခေါင်းလျှော်ရည်ကို ဦးရေပြားအနှံ့လိမ်းပြီး ညင်သာစွာနှိပ်နယ်ကာ ၂-၃ မိနစ်ခန့်ထားပါ။
♦ အဲဒီနောက် ရေနွေးနွေးနဲ့ ခေါင်းလျှော်လိုက်ပါ။ (ဒီခေါင်းလျှော်ရည်အသုံးပြုနေစဉ်အတွင်း သင့်ဦးရေပြားဟာ ချင်းရဲ့ အာနိသင်ကြောင့် ပူရှိမ်းရှိမ်းခံစားနေရပါလိမ့်မယ်)

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *