ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဘယ်သွားသွား အစစ အရာရာ ဂရုစိုက်ပြီးသွားလာလှုပ်ရှားကြရပါတယ်။ ဒီထဲမှာ အရေးကြီးဆုံးက ဖိနပ်လေးတွေလည်း ပါပါတယ်။ သူတို့က ကိုယ်ဝန်ဆောင်မေမေတို့ကို ထမ်းပေးတာအပြင် ရင်သွေးငယ် ကိုပါ ထမ်းပေးရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ခြေထောက်အရွယ်အစား ကြီးလာတတ်တာကလည်း သဘာ၀ ပါပဲ။ ကိုယ်ဝန်ဆောင်မေမေတို့ ဖိနပ်ရွေးချယ်တဲ့အခါ ဒီအချက် လေးတွေက အထောက်အကူပြုပါလိမ့်မယ်။
– ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အလေးချိန်ပိုတိုးလာ တာကို ခြေထောက်လေးတွေက ထမ်းပေးရတာဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေလည်း အဖြစ်များတဲ့ကာလဖြစ်ပါတယ်။
– ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖိနပ်ဆိုတာ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို သက်သာစေတဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။
– သင်အရင်ကစီးနေကျ သက်သောင့်သက်သာဖြစ်ပါ တယ်ဆိုတဲ့ဖိနပ်ကလည်း ကိုယ်ဝန်ဆောင်ချိန် ခြေထောက် အရွယ်အစားကြီးလာနိုင်တာကြောင့် အဆင်ပြေဖို့ ခက်ပါတယ်။
– အောက်ပါဖိနပ်အမျိုးအစားတွေကို ဦးစားပေးရွေး ချယ်ပါ။
(၁) လျှော်ရဖွပ်ရလွယ်ကူတဲ့ စနီကာ (Sneaker)
(၂) ကူရှင်ပါလို့သက်သောင့် သက်သာဖြစ်စေတဲ့ လိုဖ်ဖာ (Loafer)
(၃) ရာသီဥတုဒဏ်ကို ခံနိုင် တဲ့ Boot ဖိနပ်
(၄) ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ Sandal ဖိနပ်
(၅) ဆွဲသားပါလို့ ပျော့ ပျောင်းတဲ့ အားကစား Athletic walking ဖိနပ်
သတိပြုပါ
ခြေထောက်မှာ သေချာမမြဲတဲ့ဖိနပ်မျိုး၊ အလွယ်တကူ ကျွတ်ထွက်နိုင်တဲ့ ဖိနပ်မျိုး၊ ဒေါက်ပါတဲ့ဖိနပ်မျိုးတွေကို ရှောင် ပါ။
Darliko