အဆီတွေကို ဖယ်ရှားမယ့် Oil Cleanser

နေပူပူကြောင့် မျက်နှာအဆီပြန်ပြီး ချွေးပေါက်တွေ ပိတ်ဆို့တတ်ပါ တယ်။ ဒီလိုဖြစ်ရင် ဝက်ခြံပေါက်တာလိုမျိုး အရေပြားပြဿနာတွေလည်း ဖြစ်လာနိုင်တာမို့ oil cleanser ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါ တယ်။

လိုအပ်တာတွေက . . .
– သံလွင်ဆီ – လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ
– Castile soap (gentle cleanser) – ထမင်းစားဇွန်း နှစ်ဇွန်းစာ
– ဂလစ်ဆရင်း – ထမင်းစားဇွန်း တစ်ဇွန်းစာ
– ရေ – ထမင်းစားဇွန်း နှစ်ဇွန်းစာ

ပြုလုပ်နည်း
– သံလွင်ဆီနဲ့ Castile soap ကို ပါဝင်အချိုးအစားအတိုင်း ရောစပ်ပါ။
– အဲဒီထဲကို ဂလစ်ဆရင်း ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်ကာ မွှေပါ။
– ပြီးရင် ရေ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ထည့်ကာ သေချာသမအောင် မွှေပေးပါ။
– ပါဝင်ပစ္စည်းအားလုံးကို ဖြည်းညင်းစွာ အမြှုပ်မထအောင် မွှေပေးပါ။
– အားလုံးသမသွားပြီဆိုရင် မိနစ်အနည်းငယ်ငြိမ်အောင်ထားပြီးမှ မိမိနှစ်သက်ရာ ပုလင်းလွတ်၊ ဘူးလွတ်ထဲထည့်ကာ သိမ်း ဆည်းပါ။

Tips!
– အခုပြုလုပ်ထားတဲ့ oil cleanser ကို မျက်နှာအနှံ့နဲ့ လည်ပင်းမှာ လိမ်းပြီး တစ်မိနစ် ခန့် ညင်သာစွာ နှိပ်နယ်ပါ။
– ပြီးရင် ရေနွေးဆွတ်ထားတဲ့မျက်နှာသုတ်ပဝါနဲ့ မျက်နှာနဲ့ လည်ပင်းပေါ်က oil cleanser တွေကို သန့်စင်လိုက်ပါ။
– Expire date အနေနဲ့ကတော့ တစ်နှစ်တိတိ သိမ်းဆည်းထားနိုင်ပါတယ်တဲ့။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *