တရုတ်နိုင်ငံ ၀ူဟန်မြို့က ချန်မျိုးနွယ်အမည်ရ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဗီတာမင်ဘီ ၁၂ ချို့တဲ့မှု ကြောင့် ပြင်းထန်တဲ့အာရုံကြောမ ထိခိုက်မှုဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ အသီးအရွက်ချည်းသာစားသုံး နေခဲ့တဲ့ သက်သတ်လွတ်သမားဖြစ်ခဲ့ပြီး ဗီတာမင်ဘီ ၁၂ ဖြည့် စွက်အာဟာရကို ပုံမှန်မှီဝဲမှုမပြုခဲ့ဘူးလို့သိရပါတယ်။ အသက် ၂၀ အရွယ်လောက်မှာ ကိုယ်အလေးချိန်ကျလိုစိတ်နဲ့ အသီးအရွက်တွေကိုသာစားသုံးဖြစ်ခဲ့ပြီး တကယ်လည်း ထိရောက်စွာ ကိုယ်အလေးချိန်ကျခဲ့တာကြောင့် အသီးအရွက်တွေကိုသာ စွဲလမ်းစွာ စားဖြစ်နေခဲ့တာလို့သိရပါတယ်။ အသီးအရွက်စားသုံးတာကြောင့် ခန္ဓာကိုယ်သေးသွယ်ကျစ်လျစ်လာခဲ့တာကို ဂုဏ်ယူနေခဲ့ပေမယ့် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့အာဟာရ ဖြည့် တင်းမှုကိုတော့ ဂရုမစိုက်မိဘဲ လျစ်လျူရှုထားမိခဲ့တယ်လို့ ချန်က ဆိုပါတယ်။ မကြာသေးမီကမှ လမ်းလျှောက်တဲ့အခါ ခြေလှမ်းလှမ်းတိုင်း ခြေမညီသလိုခံစားနေရပြီး ခြေဖ၀ါးနဲ့ကြမ်းပြင်ကို မိမိရရထိတယ်လို့မခံစားရဘဲ ဂွမ်းပုံပေါ် လမ်းလျှောက်နေရသလိုခံစားခဲ့ရကာ ခြေလက်တွေထုံလာခဲ့တာကြောင့် ဆေးရုံရောက်လာခဲ့ချိန်မှာ ဗီတာမင်ဘီ ၁၂ ချို့တဲ့မှုကြောင့် အာရုံကြောမထိခိုက်ခဲ့ရတာလို့သိလိုက်ရတာဖြစ်ပါတယ်။ ဗီတာမင်ဘီ ၁၂ က အသားငါးတွေစားသုံးတဲ့အခါ ရရှိလေ့ရှိပြီး အာရုံကြောစနစ်မှာ ဗီတာမင်ဘီ ၁၂ က အဓိကအရေးပါနေတာကြောင့် သက်သတ်လွတ်စားသူတွေအနေနဲ့ ဗီတာမင်ဘီ ၁၂ ဖြည့်စွက်အာဟာရတွေ ပုံမှန်မှီဝဲသင့်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
(DM,19.4.18) သံသာ