ရေခဲတုံး၏ အံ့သြဖွယ်ရာ အလှအပ အကျိုးကျေးဇူးများ

နွရာသီမှာ အပူလောင်ဒဏ်ကြောင့် ချွေးထွက်များပြီး မိတ်ကပ်တွေတာရှည်မခံတာ၊ နေလောင်ဒဏ်ကြောင့်အဖုအပိမ့်တွေထွက်တာလိုမျိုးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီပြဿနာတွေကို ရေခဲတုံးနဲ့ဖြေရှင်းပေးနိုင်ပါတယ်။ရေခဲတုံးကြောင့် သင့်မျက်နှာပေါ်မှာသွေးလှည့်ပတ်မှု ကောင်းမွန်လာပြီးဝင်းလက်တောက်ပြောင်လာနိုင်ပါတယ်။

ရေခဲတုံးအသုံးမပြုမီ သိထားသင့်သည်များ
– ဘယ်အရာကိုမှ အလွန်အကျွံလုပ် တာ မကောင်းတာဖြစ်တာကြောင့် တစ်နေ့တာအတွက် ရေခဲတုံးကပ် တာကို အကြိမ်ကြိမ်မပြုလုပ်ပါနဲ့။ ဒါ့ အပြင် ရေခဲတုံးကို မျက်နှာပေါ်မှာ တိုက်ရိုက်အသုံးမပြုပါနဲ့။ ပိတ်စိမ်း ပါးတစ်ခုနဲ့ ရေခဲတုံးကို ပတ်ပြီးမှသာ အသုံးပြုပေးပါ။
– မျက်နှာကို ရေခဲတုံးနဲ့ မပွတ်ခင်မှာ သင့်မျက်နှာက မိတ်ကပ်ကင်းစင်ပြီး သန့်စင်နေရပါမယ်။
– မျက်နှာပေါ်မှာ ရေခဲတုံးကို တစ်နေ ရာမှာ တစ်မိနစ်ထက် ပိုပြီး မကပ်မိ ပါစေနဲ့။
– မျက်လုံးနေရာကို ရေခဲတုံးကပ်ရင် အထူးဂရုစိုက်ပါ။ ရေခဲတုံးမှာ တခြား ပစ္စည်းတွေပါဝင်ရင် ပိုပြီး ဂရုစိုက် ဖို့လိုအပ်ပါတယ်။
– ရေခဲတုံးကို အသုံးပြုစဉ်မှာစက်ဝိုင်း ပုံစံ ပွတ်ပေးရပါမယ်။
– ရေခဲတုံးကုထုံးကို တစ်ကြိမ်မှာ ၁၀-၁၅ မိနစ်ထက် ပိုပြီးအသုံးမပြုရပါ။
– မနက် ဒါမှမဟုတ် ညနေပိုင်းမှာ အ သုံးပြုတာက အကောင်းဆုံးပါ။

မျက်နှာကို ရေခဲတုံးဖြင့် ပွတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

အရေပြားဝင်းလဲ့တောက်ပြောင် နိုင်ပါတယ်
ရေခဲတုံးက အရေပြားပေါ်မှာ သွေး လှည့်ပတ်မှုကောင်းမွန်နိုင်တဲ့အတွက် အရေပြား တောက်ပြောင်သွားပါလိမ့်မယ်။ ရေခဲတုံးပွတ်ခါစမှာ မျက်နှာပေါ်ကသွေး ကြောတွေ ကျဉ်းမြောင်းသွားပြီး သွေး ရောက်ရှိမှု နည်းသွားပေမယ့် အဲဒါကို ခန္ဓာကိုယ်က ပြန်လည်ထိန်းညှိပေးဖို့ မျက်နှာဆီ သွေးတွေ အများကြီး တွန်းပို့ လိုက်တာကြောင့် ဝင်းလဲ့တောက်ပြောင် သွားတာ ဖြစ်ပါတယ်။

 မျက်ကွင်းညိုတာကိုသက်သာနိုင် ပါတယ်
မျက်နှာကို ရေခဲတုံးနဲ့ ပုံမှန်ပွတ် တိုက်ပေးတာက မျက်ကွင်းညိုတာကို ပျောက်ကင်းနိုင်ပါတယ်။ ပြုလုပ်ပုံမှာ နှင်းဆီပွင့်ဖတ်ရည်နဲ့ သခွားသီးဖျော် ရည်ကို ရောစပ်ပြီး ရေခဲသေတ္တာထဲမှာ ခဲနေအောင် ပြုလုပ်ပါ။ ပြီးရင် အဲဒီရေခဲ တုံးကို မျက်လုံးတစ်ဝိုက်မှာ ပွတ်လိမ်း ပေးပါ။ တစ်ညလိမ်းရုံနဲ့ မျက်ကွင်းညို တာ သက်သာဖို့တော့ မမျှော်လင့်ပါနဲ့။ လိုချင်တဲ့ ရလဒ်ရနိုင်ဖို့ ရက်အတန်ကြာ တော့ ပြုလုပ်ပေးရပါမယ်။

 အလှကုန်ပစ္စည်းတွေ အသားတွင်း ပိုမိုစိမ့်ဝင်နိုင်ပါတယ်
သင့်မျက်နှာပေါ်ကို Night Cream ဒါမှမဟုတ် Serum မလိမ်းခင်မှာ မျက် နှာကို ရေခဲတုံးနဲ့ပွတ်ပေးပါ။ မျက်နှာပေါ် မှာ ရှိတဲ့ သွေးကြောမျှင်လေးတွေ ကျဉ်း မြောင်းသွားပြီး အဲဒီပစ္စည်းတွေကို စုပ် ယူနိုင်စွမ်း ပိုမိုကောင်းမွန်သွားပါတယ်။

ဝက်ခြံထွက်တာကိုသက်သာနိုင်ပါတယ်
သင့်မျက်နှာပေါ်မှာ ဝက်ခြံပေါက် နေလို့ စိတ်ညစ်နေရင် ရေခဲတုံးက ကူညီပေးပါလိမ့်မယ်။ မျက်နှာကို ရေခဲတုံးနဲ့ ပွတ်ပေးတာ ကြောင့် အရေပြား ပေါ်မှာ အဆီ ထွက်ရှိမှု
နည်းသွားနိုင်ပါတယ်။ ဝက် ခြံကြောင့်ဖြစ် တဲ့ အဖုအပိမ့်တွေလည်း သက်သာသွား နိုင်ပါတယ်။

မျက်အိတ် (Eye Bag) လျော့ကျ နိုင်ပါတယ်
မျက်လုံးအိမ်အောက်မှာ အရည် တွေ စုဆောင်းမှုများလာတာကြောင့် မျက်အိတ်ဖြစ်ပေါ်လာပြီး အလွန်ပင်ပန်း နွမ်းနယ်ပုံပေါက်စေပါတယ်။ ဒီလိုဖြစ် လာရင် မျက်လုံးအတွင်း ထောင့်ကနေ မျက်ခုံးနေရာအထိ ရေခဲတုံးနဲ့ စက်ဝိုင်း ပုံသဏ္ဌာန်ပွတ်ပေးပါ။ ရောင်ရမ်းမှုလျော့ ကျသွားနိုင်ပါတယ်။

အရေပြားမွေးညင်းပေါက်တွေကျဉ်း မြောင်းသွားနိုင်ပါတယ်
သင့်မျက်နှာပေါ်က မွေးညင်းပေါက် တွေက အဆီနဲ့ ချွေးတွေကို ထုတ်လုပ် ပေးပါတယ်။ ဒါပေမဲ့ အဲဒီ မွေးညင်းပေါက် ထဲကို ဖုန်မှုန့်တွေဝင်သွားခဲ့ရင် ဝက်ခြံ ဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်နှာသစ်အပြီးမှာ ရေခဲတုံးနဲ့ မျက်နှာကို ပွတ်တိုက်ပေးတာ ကြောင့် မွေးညင်းပေါက်တွေကျဉ်းမြောင်း သွားနိုင်ပါတယ်။

မိတ်ကပ်ဖောင်ဒေးရှင်းလိမ်းရာမှာ လွယ်ကူနိုင်ပါတယ်
ဖောင်ဒေးရှင်းမလိမ်းခင်မှာ မျက်နှာ ကို ရေခဲတုံးနဲ့ ပွတ်ပေးတာက အရေး ကြောင်းကင်းစင်ပြီး မိတ်ကပ်တာရှည် ခံနိုင်ပါတယ်။

 အရေးကြောင်းကင်းစင်နိုင်ပါတယ်
သင့်အသက်အရွယ်ကို ပြန်ငယ်လို့ မရပေမယ့် သက်ကြီးဖြစ်စဉ်လက္ခဏာ တွေကို ထိန်းချုပ်လို့ ရပါတယ်။ မျက်နှာ ကို ရေခဲတုံးနဲ့ပွတ်တာကြောင့် မျက်နှာ ပေါ်က ရှိပြီးသားအရေးကြောင်းတွေ လျော့ ပါးသွားနိုင်တဲ့အပြင် အရေးကြောင်း သစ် တွေထပ်မံမထွက်ပေါ်လာအောင်လည်း ကာကွယ်ပေးပါတယ်။

နေပူဒဏ်ကြောင့် အဖုအပိမ့်ထွက် တာနဲ့နေလောင်ဒဏ်ကိုကုသနိုင်ပါတယ်
နေပူဒဏ်ခံရတာကြောင့် အဖုအ ပိမ့်တွေထွက်လာတဲ့ ပြဿနာအတွက် ရေခဲတုံးကို အဝတ်စတစ်ခုနဲ့ထုပ်ပြီး နေ လောင်ထားတဲ့နေရာကို ပွတ်လိမ်းပေးပါ။ ရောင်ရမ်းတာနဲ့ အဖုအပိမ့်ထွက်နေတာ တွေ သက်သာသွားပါလိမ့်မယ်။

နှုတ်ခမ်းသား ပျော့ပျောင်းစေပါတယ်
နှုတ်ခမ်းမှာ အဖတ်တွေကွာနေ တာ၊ နှုတ်ခမ်းကွဲနေတာကို ရေခဲတုံးက ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ရေများ များသောက်ဖို့တော့ လိုအပ်ပါတယ်။

မျက်နှာကိုအဆီပြန်တာကနေ ကင်း ဝေးစေပါတယ်
အဆီပြန်တဲ့အသားအရေပိုင်ဆိုင် သူတွေအနေနဲ့ ဝက်ခြံပေါက်လွယ်တတ် ပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ပွတ်ပေး တာက အဆီထုတ်လုပ်မှုကို လျော့ကျ စေနိုင်ပါတယ်။ အဆီထုတ်လုပ်နိုင်တဲ့ မွေးညင်းပေါက်တွေကို ရေခဲတုံးက ကျုံ့ စေနိုင်တာကြောင့်ပါ။

မျက်ခုံးမွေးနုတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ရောင်ရမ်းမှုကိုလျော့ကျနိုင်တယ်
မျက်ခုံးမှာ အမွေးအမှင်တွေ မညီ မညာပေါက်နေတာကြောင့်မျက်ခုံးလှလှ ပုံဖော်ရအောင် ဇာဂနာနဲ့ မျက်ခုံးနုတ်ရင် အပြီးမှာ နာကျင်ပြီး နီရဲတဲ့ဝေဒနာ ခံစား နေရပါသလား။ အဲဒီနေရာကို ရေခဲတုံးနဲ့ ပွတ်လိုက်ပါ။ ရောင်ရမ်းတာ၊ နာကျင် တာတွေ သက်သာသွားပါလိမ့်မယ်။

အရေပြားပေါ်ကကြေးချွတ်နိုင်ပါတယ်
အရေပြားပေါ်က ကြေးချွတ်ဖို့အ တွက် နွားနို့ရေခဲတုံးကို အသုံးပြုနိုင်ပါ တယ်။ နွားနို့မှာ ပါဝင်တဲ့လက်တစ်အက် စစ်တွေကမျက်နှာပေါ်က ဆဲလ်သေတွေ အားလုံးကို ဖယ်ရှားနိုင်ပြီး ရေခဲတုံးက တော့ သင်ရဲ့ အရေပြားတောက်ပြောင် ဝင်းလဲ့ဖို့ ကူညီနိုင်ပါတယ်။

 သဘာဝမိတ်ကပ်အဖြစ်အသုံးပြု နိုင်ပါတယ်
သင့်မှာ မိတ်ကပ်လိမ်းဖို့ အချိန်မရ ခဲ့ရင် စိတ်မပူပါနဲ့။ နှစ်မိနစ်လောက်အ ချိန်ပေးပြီး ရေခဲတုံးကို မျက်နှာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ကြေးတွေ ပြောင်စင် ပြီး ဝင်းလဲ့တောက်ပြောင်သွားတာကို တွေ့ရပါလိမ့်မယ်။

ရေခဲတုံးကို သဘာဝကုထုံးအဖြစ် အသုံးပြုနည်းများ
– မျက်လုံးအစ်တာအတွက်လက်ဖက် ရည်ကြမ်းရေခဲတုံးကို အသုံးပြုပါ
လက်ဖက်ခြောက်အိတ်ကို ရေနွေး နဲ့စိမ်ပြီး ရေနွေးကြမ်းရအောင် ပြု လုပ်ပါ။  အဲဒီရေနွေးကြမ်းကို ရေခဲတုံးဖြစ် အောင်ပြုလုပ်ပါ။  မျက်စိအစ်တာအတွက်လက်ဖက် ရည်ကြမ်းရေခဲတုံးကို အသုံးပြုပါ လက်ဖက်ခြောက်အိတ်ကို ရေနွေး နဲ့စိမ်ပြီး ရေနွေးကြမ်းရအောင် ပြု လုပ်ပါ။  အဲဒီရေနွေးကြမ်းကို ရေခဲတုံးဖြစ် အောင် ပြုလုပ်ပါ။  လက်ဖက်ခြောက်ရေခဲတုံးကိုသင့် မျက်ကွင်းပေါ်မှာ နေ့စဉ်နေ့တိုင်းလိမ်းပေးပါ။ ဒီအတိုင်းအခြောက်ခံပါ။ ရေနဲ့ မဆေးကြောပါနဲ့။ရေနွေးကြမ်းမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနဲ့ ရေခဲတုံးကြောင့် မျက်ကွင်းညိုတာ၊ မျက်စိအစ်တာ တွေ သက်သာသွားနိုင်ပါတယ်။

– နေလောင်ဒဏ်ရာအတွက် ရှား စောင်းလက်ပပ်ရေခဲတုံးကိုအသုံးပြုပါ

ရှားစောင်းလက်ပပ်အနှစ် ကြိတ်ပြီး ရေခဲတုံးဖြစ်အောင် ပြုလုပ်ပါ။အဲဒီရေခဲတုံးကို နေလောင်ဒဏ်ရာ ရတဲ့အပေါ်မှာ လိမ်းပါ။ ရေနဲ့ မဆေးကြောဘဲ ဒီအတိုင်း အခြောက်ခံပါ။ရှားစောင်းလက်ပပ်က အသားအ ရေ အေးမြစေပြီး ရောင်ရမ်းမှုကို လျော့ ကျစေနိုင်ပါတယ်။ ရေခဲတုံးကနေ လောင် ဒဏ်ကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုကို သက်သာစေနိုင်ပါတယ်။

အသားအရေအေးမြဖို့အတွက် သခွားသီးရေခဲတုံးကို အသုံးပြုပါ
သခွားသီးကို ကြိတ်စက်နဲ့ ကြိတ်ပါ။ရလာတဲ့အရည်ထဲကို ရှောက် သီး တစ်လုံးကို အရည်ညှစ်ထည့်ပါ။ ရေခဲတုံးဖြစ်အောင် ပြုလုပ်ပါ။ အဲဒီရေခဲတုံးကို သင့်မျက်နှာပေါ်မှာ လိမ်းပေးပါ။  ရေနဲ့မဆေးကြောဘဲ သဘာဝ အ တိုင်း အခြောက်ခံပါ။
သခွားသီး၊ ရှောက်သီးနဲ့ ရေခဲ ပေါင်းစပ်တာက ပင်ပန်းနွမ်းနယ်နေတဲ့ အရေပြားကို လန်းဆန်းစေနိုင်ပါတယ်။

– ဝက်ခြံအတွက် သစ်ကြံပိုးခေါက် ရေခဲတုံးကို အသုံးပြုပါ
သစ်ကြံပိုးခေါက်မှုန့် စားပွဲဇွန်းတစ် ဇွန်းစာကို ရေနဲ့ရောစပ်ပြီး ရေခဲတုံး ပြုလုပ်ပါ။ ဝက်ခြံပေါက်တဲ့နေရာပေါ် အဲဒီ ရေခဲတုံးနဲ့ပွတ်ပေးပါ။ ရေနဲ့မဆေးကြောဘဲ သဘာဝ အ တိုင်းအခြောက်ခံပါ။  တစ်ပတ်သုံးကြိမ်ပြုလုပ်ပါ။
သစ်ကြံပိုးခေါက်က ဘက်တီးရီး ယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိ ပြီး ရေခဲတုံးက မွေးညှင်းပေါက်တွေကို ကျုံ့သွားစေနိုင်ကာ မျက်နှာပေါ်မှာ အဆီပြန်တာကို လျော့ကျသွားစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *