ထိုင်းအမျိုးသားတစ်ဦးဟာ သူငယ်ချင်းလုပ်သူက သတိ ပေးနေတဲ့ကြားကနေ ဒူရင်းသီးနဲ့ဝိုင်ကိုတွဲစားပြီးတဲ့နောက် နာ ရီအနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ်အမျိုးသားကို ပတ္တယားက ဘတ်စကား မှတ်တိုင်တစ်ခုအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အ လောင်းဘေးနားမှာ ဝိုင်ပုလင်းအလွတ်နဲ့အတူ ဒူးရင်းသီးထည့် စားတဲ့ဖော့ဘူးတစ်ဘူးကို တွေ့ရှိခဲ့ရပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေရဲ့အဆိုအရ သေဆုံးသူအမျိုးသားဟာ ဘတ်စကားစောင့်ရင်းစားမယ်လို့ရည်ရွယ်ပြီး ဒူးရင်းသီးနဲ့ဝိုင်ကို ဝယ်လာခဲ့တာ ဖြစ် ပါတယ်။ သူငယ်ချင်းဖြစ်သူက ဒူးရင်းသီးနဲ့ ဝိုင်တွဲစားရင် သေ တတ်တယ်လို့ သတိပေးခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် သေ ဆုံးရတာဖြစ်ပါတယ်။ (AP,22.8.19) အေးယုနိုင်
Related Posts '
08 AUG
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း
WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု...
25 OCT
COVID-19 ပြင်းထန်သည့် လူနာငါးဦးတွင် တစ်ဦးက ကာကွယ်ဆေးမထိုးရသေးသည့် ကိုယ်ဝန်ဆောင်ဖြစ်နေ
နာမကျန်းမှုပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာ ငါးဦးမှာ...
25 OCT
Ultrasound လှိုင်းဖြင့် သုက်ပိုး ဖျက်ဆီးသည့်စက်ကိရိယာသည် အမျိုးသား သန္ဓေတားနည်းအသစ် ဖြစ်လာမည်လား
လက်ရှိမှာ အမျိုးသမီးတွေအတွက် သန္ဓေတားနည်း ၁၂...
27 SEP
နှစ်လသားအရွယ်ကလေးကို ခွဲစိတ်ပေးပြီးနောက် အဆုတ်တွင် အပ်တစ်ချောင်းစိုက်ကျန်ရစ်ခဲ့သဖြင့် ကလေးသေဆုံး
ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က...