Activated Charcoal and Clay Mask

Activated Charcoal နဲ့ Clay ပါဝင်တဲ့ ဒီ face mask ဟာ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အဆီ စုပ်ယူပေးနိုင်ပြီး သဘာဝအတိုင်း အသားအရေကို တင်းရင်းစေ ပါတယ်။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးနိုင်တာကြောင့် ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးပါ တယ်။ ဒါကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ ဒီ face mask ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာတွေက . . .
– Clay Powder – ထမင်းစားဇွန်းတစ်ဇွန်းစာ
– Activated Charcoal (မီးသွေးမှုန့်) – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ
– ပန်းသီးရှလကာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ
– နှင်းဆီပွင့်ဖတ်ရည် (လိုသလောက်)

ပြုလုပ်နည်း
– ဖန်ပန်းကန်လုံးတစ်လုံးထဲကို အလှ အပအတွက်အသုံးပြုတဲ့ မြေမှုန့် (Clay Powder) ထမင်းစားဇွန်း တစ်ဇွန်းစာထည့်ပါ။
– အဲဒီထဲကို မီးသွေးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာပေါင်းထည့်ပါ။
– ပြီးရင် ပန်းသီးရှလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်စာကိုထည့်ပါ။
– အဲဒီနောက် နှင်းဆီပွင့်ဖတ်ရည်ကို မနည်းလွန်းမများလွန်း(အနှစ်ဖြစ်ရုံလောက်)သာ ထည့်ပါ။
– အားလုံးကို သမအောင် သေချာမွှေပေးပါ။

အသုံးပြုနည်း
– မျက်နှာကို ရေနဲ့သေချာစင်အောင် သစ်ပါ။
– ပြီးရင် မိတ်ကပ်ဘရပ်ရှ်ကို အသုံးပြုပြီး မျက်နှာအနှံ့ အနှစ်တွေကို သုတ်လိမ်းပါ။ (မျက်လုံးနဲ့ နှုတ်ခမ်းနေရာချန်ထားပါ)
– ၁၅-၂၀ မိနစ်ခန့် ထားပြီးနောက် ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။
– ပြီးရင် နူးညံ့တဲ့ပဝါနဲ့ ရေခြောက်အောင် တို့သုတ်ပေးပါ။
– အဲဒီနောက် အစိုဓာတ်ထိန်းခရင်မ်ပါးပါးလိမ်းပေးပါ။

ဆူးမြာ

Post Author: Good Health Journal