လိင်တံကြီးအောင် ခွဲစိတ်တဲ့အမျိုး သားခွဲခန်းမှာပဲ ဆုံးသွားတယ်လို့ ဆွီဒင် သတင်းတစ်ရပ်က ဆိုပါတယ်။
အသက် ၃၀ အရွယ် အမျိုးသားဟာ လိင်အင်္ဂါ ရှည်ပြီး အရွgယ်အစားကြီးလာအောင်ဆို ပြီး ဗိုက်က အဆီကို လိင်အင်္ဂါထဲ ပြောင်း ထည့်တဲ့ခွဲစိတ်မှု လုပ်ခဲ့တာပါ။ ခွဲစိတ် ဆရာဝန်တွေက ငယ်ပါကို ရှည်အောင် အရင်လုပ်ပေးလိုက်ပါတယ်။ ပြီးတော့မှ အဆီဆဲလ်တွေကို လိင်တံထဲ ထိုးထည့် ပြီး ကြီးလာအောင် လုပ်ပေးတာပါ။ ဒါ ပေမဲ့ အဆီတွေ ထိုးထည့်လို့ မပြီးသေး ခင်မှာပဲ သူ့နှလုံးက အရမ်းခုန်လာပြီး အောက်ဆီဂျင်ပမာဏကျလာ၊ သွေး ပေါင်လည်း ထိုးကျသွားပါတယ်။
ပြီးလည်းပြီးရော နှလုံးခုန်ရပ်သွားပါတော့တယ်။ ဆရာဝန်တွေက သူ့ကို အရေးပေါ် အသက်ကယ်နည်းတွေနဲ့ အသက်ကယ်ကာ အရေးပေါ်အခန်းကိုပို့ပေးပေမယ့် နောက်နှစ်နာရီလောက်အကြာမှာပဲ လူနာက ဆုံးသွားပါတော့တယ်။ လိင်တံကြီး အောင် ခွဲစိတ်ရင်းနဲ့ ဆုံးသွား တဲ့ဖြစ်ရပ် မျိုးဟာ ဒါပထမဦးဆုံးပါ။ အဆီတစ် သျှူးဟာ လူနာရဲ့သွေးထဲ ဝင်သွားပြီး အဲဒါက အဆုတ်နဲ့ တခြားနေရာတွေမှာ သွားပိတ်ပါတော့တယ်။ အဲဒါကြောင့် အသက်ရှူရပ်သွားတော့တာပါ။
(DM , 3.8.17) ချယ်ရီ