အမျိုးသမီးတွေ ကိုယ်ဝန်ဆောင် ချိန်မှာ ငါးကိုစားသုံးပေးတာက မွေးဖွား လာမယ့်ကလေးမှာ ပန်းနာဖြစ်နိုင်ခြေ နည်းပါးစေတယ်လို့သိရပါတယ်။ ငါးကို စားပေးတာကြောင့် ရင်သွေးမှာ ပန်းနာ ဖြစ်နိုင်ခြေလျော့နည်းစေတဲ့အပြင် ရင် သွေးငယ်အတွက် အာဟာရဆိုင်ရာ ကောင်းကျိုးတွေရစေပြီး ဖွံ့ဖြိုးကြီးထွား မှု အားကောင်းစေတယ်လို့ အမေရိကန် နိုင်ငံ၊ တောင်ဖလော်ရီဒါတက္ကသိုလ် ပါမောက္ခ ရစ်ချတ်လော့ကီက ဆိုပါ တယ်။ ဒါ့အပြင်ငါးစားသုံးပေးခြင်းဖြင့် ရင်သွေးငယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းစေပြီး ဉာဏ်ရည်ထက်ကာ သန် စွမ်းကျန်းမာစေတယ်လို့လည်း သိရပါတယ်။ ကလေးတွေ အရွယ်ငယ် စဉ်မှာ ပန်းနာဖြစ်လေ့ရှိပြီး အသက်ရှူရ ခက်တဲ့ ပြဿနာဖြစ်လေ့ရှိတာကို မိခင် ဖြစ်သူက ငါးစားသုံးပေးရုံနဲ့ ကာကွယ်ပြီး သားဖြစ်စေမှာဖြစ်တာကြောင့် ငါးမနှစ် သက်သူဖြစ်ရင်တောင် ကိုယ်ဝန်ဆောင် ချိန်မှာ ရံဖန်ရံခါစားသုံးပေးသင့်ပြီး ငါး ကနေထုတ်လုပ်တဲ့ အိုမီဂါ-၃ ကိုလည်း မှီဝဲ ပေးသင့်တယ်လို့ ပါမောက္ခရစ်ချတ်က ပြောကြားခဲ့ပါတယ်။
◘ (DM, 12.7.18) သံသာ