ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်း မှာ ဂျင်းဘောင်းဘီကျပ်ကျပ်တွေက လည်း လူကြိုက်များတဲ့ Trend တစ်ခု ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကျပ်ကျပ် တွေဟာ သင့်ကို စမတ်ကျလှပစေပေ မယ့် တစ်ခါတလေမှာ ဝတ်ရအဆင်မ ပြေတာမျိုးကို အတော်များများ ကြုံ တွေ့ဖူးပါတယ်။
သင်ဟာ ကိုယ်အလေးချိန် အနည်း ငယ်တက်လာရင် သင့်မှာရှိတဲ့ ဂျင်း ဘောင်းဘီက ကျပ်လာတာမျိုးဖြစ်မှာပါ။ ဒါကိုအတင်းဝတ်မယ်ဆိုရင် အရေပြား ကိုထိခိုက်စေပါတယ်။ အထူးသဖြင့် အ ရေပြား နီမြန်းတာ၊ အရေးကြောင်းတွေ ဖြစ်တာတွေဖြစ်လာစေပါတယ်။ ဂျင်း ဘောင်းဘီရဲ့အသားကလည်း အရေးပါ ပါတယ်။
ဂျင်းဘောင်းဘီကို ချုပ်လုပ်တဲ့ အ ဝတ်အသားကလည်းအရေးပါပါတယ်။ အသားမကောင်းရင် ဆိုးဆေးတွေ အ ရောင်ကျွတ်ရင် အရေပြားကိုထိခိုက်စေ ပါတယ်။ အပျော့ဆွဲသား ဂျင်းဘောင်းဘီ တွေကတော့ သက်သောင့်သက်သာ အရှိဆုံးဖြစ်ပါတယ်။ ဂျင်းအထူတွေကို နွေရာသီနဲ့ စိုထိုင်းတဲ့ရာသီဥတုတွေမှာ မဝတ်ပါနဲ့။ အရေပြားမှာ ချွေးပိုထွက် စေပြီး အရေပြားနဲ့ ဂျင်းသားနဲ့ ပွတ် တိုက်ပါများတဲ့အခါ အရည်ကြည်ဖုတွေ ထတာ၊ အနီရောင်အဖုသေးသေးလေး တွေထွက်တာတွေ ဖြစ်လာစေပါတယ်။ Folliculitis Infection လို့ခေါ်တဲ့ အ ရေပြားပိုးဝင်တာမျိုးထိဖြစ်နိုင်ပါတယ်။
ဂျင်းဘောင်းဘီအရမ်းကျပ်ကျပ် ဝတ်တာရှောင်ပါ၊ ဂျင်းဘောင်းဘီကိုရေ နွေးနဲ့လျှော်ဖွပ်ပါ၊ ဆပ်ပြာမှုန့်တွေပြောင် စင်အောင်လျှော်ပါ၊ ဂျင်းဘောင်းဘီ မဝတ်ခင် အရေပြားမှာ ပေါင်ဒါမှုန့်လိမ်း တာတွေလုပ်ပြီး ဂျင်းကျပ်ကျပ်ကြောင့် ယားယံမှုဖြစ်တာတွေကို လျှော့ချနိုင်ပါ တယ်။
ထူးဒါလီကိုကို (MPharm)