အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်မှာ သွေးနဲ့အဓိက လုပ် ဆောင်ရတဲ့ နောက်ဆုံးပေါ်မျက်နှာအလှပြုပြင်နည်းဖြစ်တဲ့ Vampire facials နည်းနဲ့ အလှပြုပြင်ခဲ့ကြသူတွေမှာ HIV နဲ့ အသည်းရောင် ရောဂါပိုးဘီနဲ့ စီတွေလိုမျိုး သွေးက တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ကူး စက်ခံထားရနိုင်ဖွယ်ရှိနေတဲ့အတွက် ကျန်းမာရေးစစ်ဆေးကုသမှုတွေ ပြုလုပ်ကြဖို့ ကြေညာထုတ်ပြန်ထားပါတယ်။ နယူးမက္ကဆီကိုပြည်နယ်၊ အယ်ဘူကွာကွေ မြို့က VIP Spa ဆိုတဲ့ အလှပြင်ဆိုင်မှာ သွေးနဲ့မျက်နှာ အလှပြုပြင်တဲ့နည်းနဲ့ ၀န်ဆောင်မှုပေးနေခဲ့တာဖြစ်ပါတယ်။ ဒီနည်းက မျက်နှာမှာဖြစ်ပေါ်နေတဲ့ အရေးကြောင်းတွေ၊ မည်းညစ်နေတာတွေနဲ့ ၀က်ခြံအမာရွတ်တွေကို သက်သာစေပြီး ပိုမိုနုပျိုလှပစေတယ်လို့ VIP Spa က ကြော်ငြာထားခဲ့တာဖြစ်ပါတယ်။ မော်ဒယ်ကင်ကာဒါရှန်ကနေ စတင်မိတ်ဆက်ပေးခဲ့ရာကနေ ကျော်ကြားလာခဲ့တဲ့ မျက်နှာပေါင်းတင် နည်းတစ်မျိုးဖြစ်ပြီး အလှပြင်လိုသူရဲ့လက်မောင်းကနေ အပ်နဲ့ဖောက် ယူတဲ့သွေးကို မိုက်ခရိုအပ်လေးတွေနဲ့ မျက်နှာမှာပြန်ထိုးထည့်တဲ့ ထူး ခြားတဲ့မျက်နှာအလှပြုပြင်နည်းဖြစ်ပါတယ်။ သွေးကတစ်ဆင့်ကူးစက် ရောဂါဖြစ်ခဲ့သူတစ်ဦးက ဒီနည်းကိုပြုလုပ်ထားခဲ့တယ်လို့ သိရှိထားရ တာကြောင့် VIP Spa ကို နယူးမက္ကဆီကိုကျန်းမာရေး အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပြီး ဒီမှာ Vampire facials ပြုပြင်မှုလုပ်ဖူးခဲ့သူတွေအားလုံး ကျန်းမာရေးအခြေအနေကို လာရောက်စစ်ဆေးကြည့်ကြဖို့ တိုက်တွန်း ထားခဲ့တာဖြစ်ပါတယ်။ VIP Spa ရဲ့မျက်နှာပြုပြင်မှုနည်းလမ်းက ပြည် သူ့ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရမှု ရှိမရှိနဲ့ ကူးစက်မှုဖြစ်နိုင် ခြေတွေအားလုံးကို ကျန်းမာရေးအာဏာပိုင်တွေကစုံ စမ်းစစ်ဆေးနေကြ ပြီလို့ သိရပါတယ်။
(Infectious Disease Advisor, 20.9.18) သံသာ