နေ့စဉ်ဒိန်ချဉ်ပုံမှန်စားသုံးတာက အဆီများတဲ့အစားအသောက်တွေ စားသုံးတာကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ သုတေသီတွေကဆိုခဲ့ကြပါတယ်။ဒိန်ချဉ်ကို မနက်စာအဖြစ် မှီဝဲမယ်ဆိုရင် ဆိုးကျိုးတွေရှိတဲ့အကိုက်အခဲ ပျောက်ဆေးတွေကို မှီခိုရတာနည်းသွားနိုင်ပါတယ်။ ဒိန်ချဉ်ရဲ့အဓိကလုပ်ဆောင်မှုက ရောင်ရမ်းမှုတွေကိုသက်သာစေတာကြောင့် အဆစ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်၊ အူမကြီးပြဿနာ၊ အ၀လွန်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တခြားနာတာရှည်ရောဂါတွေနဲ့ဆက်စပ်မှု ရှိနေတာကိုမြင်တွေ့ရပါတယ်။ သုတေသီတွေရဲ့လက်တွေ့လေ့လာမှုတွေအရ အစားမစားခင်မှာ ဒိန်ချဉ်စားပေးမယ်ဆိုရင် အစားစားပြီးတဲ့နောက်ပိုင်း ဇီဝတွင်းဖြစ်စဉ်ကိုကောင်းမွန်စေပြီး နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါ တယ်။ ဒါ့အပြင် ဒိန်ချဉ်ဟာ နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာတွေကို ခံစားနေရတဲ့အဆစ်ရောင်ရောဂါသည် လိုလူနာတွေမှာ အန္တရာယ်ဖြစ်စေတဲ့ရောင်ရမ်းမှု တွေကိုလျှော့ချပေးပြီး အကိုက်အခဲ ပျောက်ဆေးတွေသောက်ရတဲ့အကြိမ်အရေအတွက်ကိုလည်းနည်းသွားစေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေကို နှစ်ပေါင်း ၂၀ ကျော် ကြာအောင်လေ့လာနေခဲ့ကြတာဖြစ်ပြီးတော့ ဒိန်ချဉ်ဟာ အူလမ်းကြောင်းတွင်းမှာရှိတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယား ပမာဏကိုလည်းမြင့်တက်စေပါတယ်။ ရလဒ်အနေနဲ့ endotoxins လို့ ခေါ်တဲ့ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ မော်လီကျူးလေးတွေကို သွေးထဲရောက်ရှိမသွားအောင် ဟန့်တားပေးနိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။
(DM, 31.5.18) အေးယုနိုင်