Beach Body တစ်လအတွင်းရဖို့

နွေရာသီရောက်လာပြီဆိုတော့ နွေရာသီပိတ်ရက်တွေကလည်း နီးလာပြီ ဆိုပါစို့၊ ခရီးရက်ရှည်ပိတ်ရက်တွေမှာ တချို့လည်း တောင်ပေါ် ဒေသရှုခင်းတွေရှိရာဆီ ခရီးသွားမယ့်သူတွေ၊ ကမ်းခြေမှာ အပန်းဖြေခရီး ထွက်မယ့်သူတွေ၊ နိုင်ငံခြား ခရီးထွက်မယ့်သူတွေနဲ့ ကိုယ်စီ plan လေး တွေ လုပ်ထားကြမယ်ထင်ပါတယ်။

ဒီတစ်ပတ်မှာတော့ ကမ်းခြေမှ ကမ်းခြေ ကြိုက်သူတွေအတွက် အပန်းဖြေခရီးထွက်ရင်း ဓာတ်ပုံရိုက်တိုင်းလှနေဖို့ ခရီးမသွားခင် နြခေ့ ဩိပ ရနိုင်မယ့် နည်းလမ်းတွေကို ရေးပေး လိုက်ပါတယ်။ ဒီအချက်တွေကို ခရီးမသွားခင် တစ်လလောက်ကတည်းက ကြိုတင်လေ့ကျင့် ထားဖို့တော့ လိုတယ်နော်။

Grab your Beach Body
မိန်းကလေးအများစုဟာ အဆီပိုတွေ မရှိ ဘဲလှချင်ကြပါတယ်။ အဆီပိုတွေက အိုမင်း ရင့်ရော်မှုကို မြန်စေသလို အဝတ်အစားဝတ် တဲ့အခါမှာလည်း အဆီတွေဖုံးအောင် ရွေးဝတ် ရတာမျိုးလည်း ရှိပါတယ်။ တစ်ဆိုက်ပြီးတစ် ဆိုက်တိုးဝတ်လို့ရတာပဲဆိုပြီး မနေလိုက်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် Challenge လုပ်ပါ၊ Moti­vation ရအောင်ယူပါ၊ ဆုံးဖြတ်ချက်ကို ခိုင်ခိုင် မာမာ ချမှတ်ပါ။ ဒီမှာရေးမယ့် တစ်လအတွင်း Bikini Body ရဖို့ဆိုတာမှာ အစာအငတ်ခံခိုင်း ပြီး ပင်ပန်းမယ့် အားကစားအပြင်းအထန် လုပ်ဖို့တွေ မပါဝင်ပါဘူး။ သက်သောင့်သက် သာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားရစေဖို့ ရည်ရွယ်ပါ တယ်။ ဒီအတွက် လိုက်နာရမယ့် နည်းလမ်း တွေကတော့ –

Tips 1

အသင့်ထုပ်ပိုးထားတဲ့ စားစရာprocessed food တွေကို လုံးဝ ရှောင်လိုက်ပါ။ တကယ်ပြောတာပါ၊ အသင့် ထုပ်ပိုးထားတဲ့ စားစရာတွေကနေ မသိမသာ ဝင်လာတဲ့ ကယ်လိုရီတွေ၊ အချိုဓာတ်၊ အငန် ဓာတ်တွေဆိုတာ ကျန်းမာရေးအတွက်မသင့် တော်ပါဘူး။ နောက်ပြီး အသင့်စားစရာတွေမှာ သင့်ကို ပုံမှန်ထက် ပိုပြီး များများစားဖြစ်စေတဲ့ အကြောင်းရင်း တစ်ချက်လည်း ဖြစ်ပါတယ်။ Bikini Body လိုချင်တယ်ဆိုရင် ဒါက အ ရင်ဆုံး လိုက်နာရမယ့် အချက်ပါ။

Tips 2
အရက်သောက်တာရှောင်ပါ။ ဝိတ် ကျချင်တဲ့သူတွေအတွက် နည်းလမ်း တွေထဲမှာ အရက်မသောက်ဖို့ဆိုတာ အများ အပြားရေးထားတာရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရက်မှာ ကယ်လိုရီပမာဏပါဝင်တာ အရမ်းများလို့ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာလည်း ရေဓာတ်ခန်းခြောက်စေပါတယ်။ သုတေသန တွေရဲ့ လေ့လာချက်အရ အမျိုးသမီးတွေဟာ အရက်သောက်ပြီးရင် အစားပိုစားလေ့ရှိပါ တယ်တဲ့။ မဟုတ်ရင်တောင်မှ အရက်နဲ့ မြည်းဖို့စားရတာနဲ့၊ အရက်နဲ့ရောဖို့ ဆိုဒါအချို ရည်တွေသောက်ရတာနဲ့ကို ကယ်လိုရီတွေ အတော်များနေပြီ ဖြစ်ပါတယ်။Bikini Body လိုချင်တယ်ဆိုရင် အရက်ဖြတ်လိုက်ပါ။

Tips 3

မနက်စာမှာ ပရိုတင်းပါဝင်အောင် စားပါ။ ဘာကြောင့်လဲဆိုတော့ မနက် စာမှာ ပရိုတင်းစားထားရင် တစ်နေကုန်လုံးမှာ ဗိုက်သိပ်မဆာတော့ပါဘူး။ မနက်စာမှာ ဥအ မျိုးမျိုး၊ ကြက်ရင်အုံသား၊ အုတ်၊ ဒိန်ချဉ်၊ နွား နို့၊ ချိစ်စတာတွေ ပါဝင်အောင်စားပေးပါ။ တကယ်လို့ ချက်ပြုတ်စားဖို့ အချိန်မရှိဘူးဆို ရင် ပရိုတင်း Bars သော်လည်းကောင်း ပရို တင်းအမှုန့်ကို ဖျော်သောက်တာသော်လည်း ကောင်း လုပ်နိုင်ပါတယ်။

Tips 4

အချိုစာတွေ၊ ဆီကြော် တွေ၊ အသင့်ထုပ်ပိုး ထားတဲ့ စားစရာတွေရှောင်ရမယ် ဆိုရင် ဘာစားရမလဲဆိုတော့ အဓိ ကစားရမှာကတော့အမျှင်ဓာတ်ပါ။ အမျှင် ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ အဆာခံချိန်ပိုရှည်ကြာစေလို့ဖြစ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့စားစရာတွေထဲမှာပဲအမျိုးမျိုး၊ အစေ့ အဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ (ငှက် ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ သီး၊ သရက်သီး၊ ရက်စ်ဘယ်ရီသီး)၊ ကောက်နှံ တစ်ခုလုံးပါဝင်တဲ့ပေါင်မုန့် စတာတွေ ပါဝင်ပါ တယ်။

Tips 5

နောက်တစ်ချက်အနေနဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းကောင်းမွန်မွန် လည်ပတ်မှုရှိအောင် လေ့ကျင့်ပေးပါ။ ပုံမှန်အ တိုင်းကတော့ ခန္ဓာကိုယ်က လည်ပတ်နေမှာ ဖြစ်ပေမယ့် ကိုယ်တိုင်ကလည်း အားထုတ် ပေးရမယ့်အရာတွေရှိပါတယ်။ တစ်နေ့ကို အ နပ်ကြီး သုံးနပ်စားမယ့်အစား အသေးသုံးနပ်နဲ့ အစာပြေဆာနှစ်ကြိမ်စားပါ။ နည်းနည်းစီခွဲပြီး စားပေးတာက ခန္ဓာကိုယ်အတွက် ဝန်မပိစေ ဘဲ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ကောင်းကောင်း လည်ပတ်စေပါတယ်။

Tips 6

သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ အနည်းဆုံး မိနစ် ၂၀ က နေ နာရီဝက်ထိ နေ့စဉ်လုပ်ဖို့ လိုအပ်ပါတယ်။
သင်လုပ်နိုင်မယ့်အားကစားလုပ်ပါ၊ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ အစုံလှုပ်ရှား မှုရှိအောင်တော့ ရက်ခွဲပြီး တစ်နေ့တစ်မျိုး ပြောင်းလဲပြီး လုပ်ပေးပါ။ ပုံမှန်ကိုယ်လက်လှုပ် ရှားရှိတာက အဆီတွေလျော့ကျစေဖို့ အမြန် ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စားလိုက်၊ အားကစားလုပ်လိုက်မလုပ်ပါနဲ့၊ ရှောင်ရမယ့် အစားအစာတွေလည်းရှောင်မယ်၊ နေ့စဉ်မှာ လည်း ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းတွေကို လုပ်ပေးပါ။

Tips 7

နောက်ဆုံးတစ်ချက်အနေနဲ့က တော့ရေများများသောက်ပါ။ ရေ တွေပဲသောက်ပြီး အစာမစားဘဲလည်း မနေပါ နဲ့။ ယေဘုယျအားဖြင့် တစ်နေ့ကို ရေရှစ်ဖန် ခွက်ပြည့်အောင် သောက်ပေးပါ။ အစာမစား ခင်မှာလည်း ရေတစ်ခွက်လောက်သောက် ပေးပါ။ သင့်ကို အချိန်တိုတွင်းမှာ အမြန်ဆုံးBikini Body ရရှိစေမှာပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *