Coffee Oatmeal Bodyscrub

ညိုတစ်ကွက်၊ မည်းတစ်ကွက်၊ ဖြူတစ်ကွက်နဲ့ နေလောင်ထား တဲ့အသားအရေတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်း နေပါသလား။ စိတ်မပျက်ပါနဲ့။ အခုဖော်ပြပေးမယ့် ကော်ဖီအုတ်စပါး ကြေးချွတ်ခရင်မ်ပြုလုပ်နည်းလေးနဲ့ အချိန်ယူပြီး sခမကဘ လုပ်ကြည့် ပါ။ လင်းလက်တောက်ပကြည်စင်တဲ့ အသားအရေပိုင်ရှင်လေးတွေ ဖြစ်လာပါလိမ့်မယ်။

လိုအပ်တာတွေက . . .
– ကော်ဖီမှုန့် ခွက်တစ်ခွက်စာ
– အုတ်စပါး ခွက်တစ်ဝက်စာ
– သကြား ခွက်တစ်ဝက်စာ
– ပျားရည် ခွက်တစ်ဝက်စာ
– သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ
ဒီပြုလုပ်နည်းမှာ ပါဝင်တဲ့ ကော်ဖီ၊ သကြားနဲ့ အုတ်စပါးက သဘာဝကြေးချွတ်နိုင်စွမ်း ရှိပါတယ်။ ကော်ဖီက သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ဆဲလ်ူဖြစ်ပေါ်မှုကို လျော့နည်း စေပါတယ်။ အုတ်စပါးကတော့ သဘာဝအစိုဓာတ်ထိန်းပစ္စည်းအဖြစ် အသုံးဝင်ပြီး ပျားရည် ကတော့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့အပြင် အရေပြားတွင်းအဆိပ်အတောက်တွေ ကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ သံလွင်ဆီကလည်း သဘာဝအစိုဓာတ်ကို ရရှိစေနိုင်တဲ့အတွက် အသားအရေစိုပြည်ဝင်းလက်စေနိုင်ပါတယ်။

ပြုလုပ်နည်း
– အုတ်စပါးကို မှုန့်ညက်နေအောင် ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။
– အဲဒီထဲကို ကော်ဖီမှုန့်ထည့်မွှေပါ။
– ရလာတဲ့အရောအစပ်ကို ဇလုံတစ်ခုထဲ ထည့်ကာ သကြားရောမွှေပါ။
– ပြီးရင် အဲဒီပေါ်ကို ပျားရည် ခွက်တစ်ဝက်စာထည့်ပါ။
– အပေါ်ကနေ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစာကို ပေါင်းထည့်ပြီး သေချာသမအောင် ဇွန်းနဲ့ မွှေပေးပါ။
– ရလာတဲ့အနှစ်ကို အလုံပိတ်ဖန်ပုလင်းထဲ ထည့်ကာ သိမ်းဆည်းပါ။

အသုံးပြုနည်း
– ရေချိုးခန်းထဲမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးနွေးရေနဲ့လောင်းချကာ ရေစိုစေပါ။
– ပြီးရင် ခုနကပြုလုပ်ထားတဲ့ ကြေးချွတ်ခရင်မ်ကို လည်ပင်း၊ ကုပ်၊ နောက်ကျောကစလို့ တစ်ကိုယ်လုံးအနှံ့ ညင်သာစွာ ပွတ်တိုက်လိမ်းပါ။
– လိမ်းနေရင်းနဲ့ စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပါ။
– ၁၀ မိနစ်ခန့် ထားပြီးနောက် ဆပ်ပြာအသုံးမပြုဘဲ ရေချိုးလိုက်ပါ။
– ပြီးရင် မျက်နှာသုတ်ပဝါနုနုနဲ့ ခြောက်သွေ့အောင် သုတ်ပြီးနောက် အစိုဓာတ်ထိန်းခရင်မ် အပျော့စား လိမ်းလိုက်ပါ။
– တစ်ပတ် တစ်ကြိမ် ပြုလုပ်ပါ။

ဆူးမြာ

Post Author: Good Health Journal