ချောကလက်အကြောင်း သင်ဘယ်လောက်သိပါသလဲ

ချောကလက်က ကျန်းမာရေးနဲ့ ညီညွတ်တယ်။ နှလုံးကျန်းမာရေးကောင်း စေတယ်ဆိုတာတော့ သိထားကြပေ မယ့် တကယ်တမ်း ကျန်းမာရေးအတွက် ဘယ်လောက်ကောင်းလဲဆိုတာကို သိ ကြရဲ့လား။ ဒီ Quiz လေးမှာ အဖြေ ရှာကြည့်ကြရအောင်နော်။

၁။ ဘယ်ချောကလက်အမျိုးအစားက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလဲ။
(က) White Chocolate
(ခ) Milk Chocolate
(ဂ) Dark Chocolate

၂။ ဟိုးတစ်ချိန်က ချောကလက်အစွမ်း ထက်လွန်းတယ်လို့ ယုံကြည်ခဲ့တဲ့အတွက်
(က) ဆရာဝန်တွေက အသည်းကွဲ ဝေဒနာတွေကို ကုစားပေးခဲ့တယ်
(ခ) မယ်သီလရှင်တွေကို စားခွင့်မပေးခဲ့ဘူး
(ဂ) ၂ မျိုးလုံး

၃။ ကော်ဖီတစ်ခွက်မှာပါတဲ့ ကဖင်း ဓာတ်ရဖို့ ချောကလက်ဘယ်နှပြားစား ရမလဲ။
(က) ၂ ပြား
(ခ) ၈ ပြား
(ဂ) ၁၄ ပြား

၄။ ဘာကြောင့် ချောကလက်အဖြူ ရောင်က အဖြူဖြစ်နေလဲ။
(က) နို့နဲ့အများဆုံးလုပ်ထားလို့
(ခ) ကိုကာစေ့တွေမပါလို့
(ဂ) အရောင်ချွတ်ထားလို့

၅ ။ အမေရိကန်လူမျိုးတွေက ယေဘုယျ အားဖြင့် တစ်နှစ်ကို ချောကလက်ပမာဏ ဘယ်လောက်စားလေ့ရှိလဲ။
(က) ၂ ပေါင်
(ခ) ၆ ပေါင်
(ဂ) ၁၂ ပေါင်

၆။ လူတွေ ချောကလက်အဝယ်ဆုံး အချိန်က ဘယ်အချိန်လဲ။
(က) Valentine’s Day
(ခ) Halloween
(ဂ) Easter

၇။ ချောကလက်က အချစ်နဲ့ ဘယ်လို ဆက်စပ်မှုရှိလဲ။
(က) စိတ်ပျော်ရွှင်စေလို့
(ခ) ရိုမီယိုက ဂျူးလိယက်ကို ပေးခဲ့လို့
(ဂ) စွဲလမ်းစေလို့

၈။ ချောကလက်ကိတ်မှာ ချောကလက် အရသာများများရဖို့ ဘယ်လိုလုပ်ရမလဲ။
(က) Espresso အမှုန့်ထည့်ပါ
(ခ) ပန်းသီးဆော့စ်ထည့်ပါ

ကဲ . . . အဖြေလေးတွေကို ကြည့်လိုက်ကြရအောင် ♥ ♥ ♥

၁။ (ဂ) Dark Chocolate
ဟင်းသီးဟင်းရွက်တွေလောက် တော့ ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ချောကလက်အညိုကတော့ ချောက လက်တွေထဲ ကျန်းမာရေးနဲ့အညီညွတ် ဆုံးပါ။ ချောကလက်အရောင် ညိုလေ လေ အဆီအအိမ့်နဲ့ သကြားနည်းလေ လေပါ။ ဒါ့အပြင် ချောကလက်ညိုက လုပ်ရတဲ့ အဆင့်လည်းနည်းပါတယ်။ ဒါကြောင့်လည်း Flavonoid လို Antioxidant တွေလည်း အများဆုံး ပါရှိနေပါတယ်။ သွေးတိုးကျစေသလို ကိုလက်စထရောလည်း ကျစေပါတယ်။ ကိုကာပါဝင်တာများလေလေ ချောက လက်မှာ Flavonoid ပါတာ များလေ လေပါ။ ဒါပေမဲ့ ကျန်းမာရေးကောင်း ဖို့ဆိုပြီး ချောကလက်စားတာတော့ မလုပ်သင့်ပါဘူး။ ချောကလက်စားလေ လေ သွားပိုးစားလေလေပါပဲ။

၂။ (ဂ) ၂ မျိုးလုံး
ချောကလက်တွေကို ကာမအား တိုးဆေးအဖြစ် ကာလရှည်ကြာ ထင် မှတ်ဖူးခဲ့ကြပါတယ်။ ဒါ့အပြင် ခရစ်ယာန် မယ်သီလရှင်တွေ အနေနဲ့လည်း တစ် ချိန်တုန်းကချောကလက်စားဖို့ တား မြစ်ခံခဲ့ရဖူးပါတယ်။ ဘာကြောင့်လဲဆို တော့ ချောကလက်က အချစ်စိတ်ပြင်း တယ်လို့ ယူဆထားတာကြောင့်ပါ။ ပြင် သစ်ဆရာဝန်တွေအနေနဲ့လည်း အ သည်းကွဲဝေဒနာ ကုသရာမှာ ချောက လက်ကို အသုံးပြုခဲ့ကြပါသေးတယ်။

၃။ (ဂ) ၁၄ ပြား
ချောကလက်မှာ ကဖင်းဓာတ်ပါ ပေမဲ့ ကဖင်းဓာတ် များများလိုချင်ရင် တော့ ချောကလက်က အကောင်းဆုံး မဟုတ်ပါဘူး။ ကော်ဖီ ၈ အောင်စ တစ် ခွက်မှာပါတဲ့ ကဖင်းဓာတ်ရဖို့ နို့ချော ကလက် ၁၄ ပြားလောက် စားဖို့ လို အပ်ပါတယ်။ ဒီလိုသာစားမယ်ဆို ကယ်လိုရီ ၃၀၀၀ ကျော်သွားမှာဖြစ်ပြီး သကြား ၃၀၀ ဂရမ်မှာပါတဲ့ ကယ်လိုရီ ပမာဏနဲ့တူနေပါတယ်။ ဘလက်ကော်ဖီ တစ်ခွက်မှာဆိုရင်တော့ ၂ ကယ်လိုရီ သာပါတဲ့အတွက် အများကြီးကွာလို့ နေပါတယ်။ ချောကလက်အညိုရောင် ကတော့ နို့ချောကလက်ထက် ကဖင်းပို များပါတယ်။ ဒါပေမဲ့ ကော်ဖီတစ်ခွက် မှာပါတဲ့ ကဖင်းဓာတ်ရဖို့ဆိုရင် ချော ကလက်ပြား ၄ ပြားစားမှရမှာပါ။

၄။ (ခ) ကိုကာစေ့တွေမပါလို့
ချောကလက်အဖြူမှာ ကိုကာစေ့ တွေအစား ကိုကာထောပတ်တွေပဲပါပါ တယ်။ ကိုကာစေ့တွေက ချောကလက် ကို အညိုရောင်ဖြစ်စေလို့ ကိုကာစေ့ မပါတဲ့ ချောကလက်ဖြူတွေက အဖြူ ရောင်ဖြစ်နေတာပါ။

၅။ (ဂ) ၁၂ ပေါင်
အမေရိကန်လူမျိုးတွေက တစ် နှစ်ကို ချောကလက် ပေါင်တစ်ဒါဇင် လောက်စားကြပါတယ်။ ပုံမှန်စားလေ့ရှိ တာကတော့ နို့ချောကလက်ပါ။ ဒီချော ကလက်တွေကနေရတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့လည်း အတော်ကြိုးစား ယူရမှာပါ။ ပေါင် ၁၃၀ အမျိုးသမီး တစ်ဦးအနေနဲ့ ဒီချောကလက်တွေက နေရတဲ့ ကယ်လိုရီတွေလောင်ကျွမ်းဖို့ ၄ ရက်တိတိ နေ့ညမနား ၉၅ နာရီအထိ လမ်းအမြန်လျှောက်ပေးမှရမှာပါ။

၆။ (ခ) Halloween
Valentine’s Day  ဖြစ်မယ်လို့ ထင်နေတာမလား။ တကယ်တမ်းက တော့ နိုင်ငံတကာမှာဆို သရဲပွဲတော် Halloween၊ အီစတာပွဲတော်နဲ့ ခရစ္စမတ်ပွဲရာသီတွေမှာ ချောကလက် နဲ့ သကြားလုံးတွေ အဝယ်အများဆုံးပါ။ Valentine’s Day ချစ်သူများနေ့ မှာလည်း အဝယ်များပါတယ်။ အဲဒီနေ့ မှာဆို အသည်းနှလုံးပုံ ဘူးခွံရှိတဲ့ ချော ကလက်ပေါင်း ၃၆ သန်းကျော် ရောင်း ရတာကြောင့်ပါ။

၇။ (က) စိတ်ပျော်ရွှင်စေလို့
ချောကလက်မှာ ဓာတုပစ္စည်း ပေါင်း ရာချီပါရှိပြီး တချို့က ဦးနှောက် ပေါ် သက်ရောက်မှုရှိစေပါတယ်။ သု တေသနပြုချက်တစ်ခုအရ ချောကလက် စားတာက ဦးနှောက်ကနေ Opioids ဓာတ်တွေရရှိအောင် လှုံ့ဆော်ပေးပါ တယ်။ ဒီဓာတ်က အချစ်နဲ့တွေ့တဲ့ အခါ ပျော်ရွှင်ရသလို အလိုလိုပျော်ရွှင် စေပါတယ်။

၈။ (က) Espresso အမှုန့်ထည့်ပါ
ချောကလက်ကိတ်နဲ့ တခြားချော ကလက်နဲ့ဖုတ်ထားတဲ့ ကိတ်မုန့်တွေ မှာ ချောကလက်အရသာ ပိုရှိစေချင် လား။ Espresso ကော်ဖီမှုန့်တွေကို များများထည့်ပါ။ ကိတ်တွေ၊ ကွတ်ကီး တွေမှာ ကော်ဖီအရသာမရစေဘဲ ကယ်လိုရီလည်း ထွေထွေထူးထူး မ တိုးစေဘဲ ချောကလက်အရသာကိုပိုရ စေမှာပါ။ ဒါမှမဟုတ် ကိတ်မုန့်ဖုတ် နည်းမှာပါတဲ့ ရေအစား ဘလက်ကော် ဖီပြင်းပြင်းထည့်လိုက်ရင်လည်း ချော ကလက်အရသာ ပိုရစေမှာပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး