အိမ်မှုကိစ္စလုပ်တာက ကိုယ်လက်လှုပ်ရှားသလို အကျိုးကျေးဇူးရနိုင်လား

အိမ်မှုကိစ္စလုပ်တာတွေက ကိုယ်လက် လှုပ်ရှားမှုလို အကျိုးရှိနိုင်ပါသလား ဆရာ။
တချို့လှုပ်ရှားမှုလေးတွေက စနစ် တကျ လှုပ်ရှားမှုမဟုတ်ပေမယ့် မလှုပ် ရှားတာထက်စာရင်တော့ လှုပ်ရှားတာ ပိုကောင်းပါတယ်။ အိမ်အကူမခေါ်ဘဲ အိမ်မှုကိစ္စတွေ ကိုယ်တိုင်လုပ်တယ်၊ တံ မြက်စည်းလှည်းတယ်၊ အိမ်သန့်ရှင်းရေး လုပ်တယ်၊ အဲ့ဒါတွေက ကိုယ်လက်လှုပ် ရှားမှုကို ဖြစ်စေပါတယ်။ လှုပ်ရှားလိုက်တဲ့ အခါ နှလုံးကြွက်သားနဲ့ ခန္ဓာကိုယ်ကြွက် သားတွေ သန်မာပြီး အသက်ရှူတာ လည်း ကောင်းမွန်လာပါတယ်။

ကိုယ်လက်လှုပ်ရှားမှုဆိုတာ ဘယ်လို လှုပ်ရှားမှုမျိုးကို ဆိုလိုပါသလဲ ဆရာ။
ကိုယ်လက်လှုပ်ရှားမှု ဆိုတာက ငြိမ် မနေတာပေါ့။ လှုပ်ရှားမှု ဆိုရာမှာ အလုပ် လုပ်လို့ လှုပ်တာလည်း လှုပ်ရှားမှုပဲ၊ ကစားလို့ လှုပ်တာကလည်း လှုပ်ရှားမှုပဲ၊ အိမ်တွင်း အလုပ်တွေ လုပ်တာကလည်း လှုပ်ရှားမှုပဲ၊ ခရီးသွားတာကလည်း လှုပ်ရှားမှုပဲဆိုပေမယ့် ကိုယ်ကာယလှုပ် ရှားမှုနဲ့ လေ့ကျင့်ခန်းဆိုတာက တိုက် ရိုက်ကြီး ထပ်တူမညီဘူး။ လေ့ကျင့်ခန်း ပြုလုပ်တယ်ဆိုတာက ကိုယ်ကာယလှုပ် ရှားမှုထဲမှာ တစ်ခုပါတယ်။ ဒါပေမဲ့ စနစ် တကျပုံစံချပြီး အဖန်တလဲလဲ ပြုလုပ်တာ ကိုမှ လေ့ကျင့်ခန်း ပြုလုပ်တယ်လို့ ခေါ် ပါတယ်။ အဲဒီမှာ နှစ်ပိုင်း ပြန်ခွဲပါတယ်။ စွမ်းအား အသင့်အတင့်သုံးပြီး လှုပ်ရှားမှု နဲ့ စွမ်းအားပြင်းထန်စွာသုံးပြီး လှုပ်ရှားမှု ဆိုပြီး နှစ်ပိုင်းခွဲပါတယ်။ စွမ်းအားအ သင့်အတင့် သုံးရတဲ့ လှုပ်ရှားမှုမှာ လမ်း လျှောက်တာနဲ့ စက်ဘီးစီးတာတွေပါ တယ်။ အရမ်းမပင်ပန်းဘူး၊ ဒါပေမဲ့ လှုပ်ရှားမှုဖြစ်တယ်၊ ခဏလောက် လုပ် လိုက်ရင် ချွေးထွက်လာတယ်၊ အသက် ရှူတာမြန်လာတယ်၊ နှလုံးခုန်နှုန်းမြန်လာ တယ်။ အဲဒီလို လုပ်လိုက်တာကြောင့် ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေက ရောဂါဖြစ် ပွားမှုတွေအပေါ် ဘယ်လိုသက်ရောက် နိုင်ပါသလဲ ဆရာ။
လှုပ်ရှားတဲ့လူရဲ့အရိုးက သန်မာလာ ပြီး မလှုပ်ရှားတဲ့အရိုးက တဖြည်းဖြည်းပါး လာပါတယ်။ ကူးစက်မဟုတ်တဲ့ ရောဂါ တွေထဲမှာ ထိပ်ဆုံးကပါတဲ့ သွေးတိုး ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက်လေဖြတ်တဲ့ရောဂါ၊ ဆီးချိုသွေး ချိုရောဂါ၊ ကင်ဆာရောဂါနဲ့ ဒီနေ့ခေတ် လူသိများတဲ့ စိတ်ဓာတ်ကျတဲ့ရောဂါ စတာတွေကို အများကြီး ကာကွယ်နိုင်ပြီး ရှိပြီးသူတွေမှာလည်း သက်သာတာကို တွေ့ရပါတယ်။

အရိုးတွေအပေါ်မှာကော သက်ရောက် နိုင်ပါသလား ဆရာ။
အရိုးကျိုးတာကိုကြည့်လိုက်တော့ မလှုပ်ရှားတဲ့သူနဲ့ လှုပ်ရှားတဲ့သူမှာ မလှုပ် ရှားတဲ့သူတွေက အရိုးကျိုးတာ ပိုတွေ့ရ တယ်။ ဆရာရယ် မလှုပ်ရှားတဲ့သူက ဘာ လို့ အရိုးကျိုးတာလည်းဆိုပြီး မေးစရာရှိ လာတယ်။ မလှုပ်ရှားဘူးဆိုတဲ့သူတွေက ထမင်းတော့ စားဦးမှာပဲ၊ ရေတော့ ချိုးဦး မှာပဲ၊ အိမ်သာ ထသွားဦးမှာပဲ။ အဲဒီလို ထသွားတဲ့အချိန်မှာပဲ လေ့ကျင့်ခန်း မလုပ်တဲ့သူတွေက ချော်လဲပြီး အရိုးကျိုး တာ ပိုဖြစ်နိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနဲ့ သေဆုံးနိုင်ခြေ ကော ဆက်စပ်နိုင်ပါသလား ဆရာ။
ရောဂါကြောင့်သေတဲ့သူတွေကို ကြည့်တဲ့အခါ အစားအသောက်မမှန်တာ ကြောင့်ပါသလို၊ လှုပ်ရှားမှု မရှိတာကြောင့် လည်း ပါပါတယ်။ သေဆုံးမှု အများဆုံး အကြောင်းကြီး ၁၀ ချက်ကို ကြည့်တဲ့အ ခါ လေ့ကျင့်ခန်း မလုပ်တာကလည်း အ ကြောင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ လေ့ကျင့်ခန်း လုပ်လိုက်တာနဲ့ပဲ ကူးစက် မဟုတ်တဲ့ရောဂါတွေ ဖြစ်ပွားမှုကို လျော့ နည်းစေပြီး နိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်မှု ကိုလည်း လျှော့ချနိုင်ပါတယ်။

ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ မှာ ဘယ်သူတွေက ကိုယ်လက်လှုပ်ရှား မှု ပိုများပါသလဲ ဆရာ။
အများကထင်ကြတာက ယောက်ျား တွေနဲ့ မိန်းမတွေဆိုရင် ယောက်ျားတွေက လှုပ်ရှားမှုများကြမယ်လို့ ထင်စရာရှိ တယ်။ တကယ်တမ်းက ယောက်ျားတွေ ငါးယောက်မှာ တစ်ယောက်က လှုပ်ရှားမှု မရှိဘူး။ မိန်းကလေးတွေက ပိုမိုလှုပ်ရှား ကြတာ တွေ့ရတယ်။ ခေတ်ပြောင်းလာလို့ လားတော့ မသိဘူး။ Gym တွေမှာဆိုရင် လည်း မိန်းကလေးတွေပဲ တွေ့ရတယ်။ အမျိုးသားတွေကိုတော့ ဘီယာဆိုင်တွေ မှာပဲ တွေ့ရများပါတယ်။ ရှေ့ကလေ့လာ မှုမှာ ယောက်ျားလေးတွေက လှုပ်ရှားမှု နည်းကြတယ်။ အသက်အရွယ်နဲ့ပိုင်းပြီး လေ့လာလိုက်တဲ့အခါကျတော့ ဆယ် ကျော်သက် ယောက်ျားလေးတွေက မိန်း ကလေးတွေထက် ပိုလှုပ်ရှားကြတာ တွေ့ရတယ်။

ခုခေတ်မှာ ကလေးတွေလည်း ကိုယ် လက်လှုပ်ရှားမှုတွေ နည်းလာကြတယ် နော် ဆရာ။
ကလေးတွေ ဘာကြောင့်မဆော့ ကြလဲဆိုရင် ဆော့ကစားစရာ နေရာမရှိ လို့ပါ။ မွေးလာကတည်းက တိုက်ခန်းထဲ မှာပဲ နေရတယ်၊ အဲဒီတိုက်ခန်းမှာပဲ ကြီး လာတယ်။ ပြေးစရာ မြေမရှိဘူး၊ ဆော့စ ရာ နေရာမရှိဘူး။ အဲဒါတွေကြောင့်လည်း ပါတယ်။ ရန်ကုန်မြို့မှာ လမ်းလျှောက်ပါ ဆိုရင် လျှောက်စရာနေရာ မရှိဘူး။ လမ်း မှာ မီးခိုးတွေ တအူအူဖြစ်နေရင်လည်း လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး။ လမ်း လျှောက်ဖို့အတွက် နေရာရှိဖို့ လိုသလို၊ ပတ်ဝန်းကျင်ကလည်း လမ်းလျှောက်ဖို့ အဆင်ပြေတဲ့နေရာမျိုး ဖြစ်ဖို့လည်း လိုပါ တယ်။

ကိုယ်လက်လှုပ်ရှားမှုက ဆင်းရဲ၊ ချမ်းသာ လူတန်းစားနဲ့ကော ဆိုင်ပါသလား ဆရာ။
ချမ်းသာတဲ့သူတွေက သိပ်မလှုပ် ဘူး၊ ဆင်းရဲတဲ့သူတွေက ပိုလှုပ်ကြတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့လည်း ဆိုင် ပါတယ်။ အလုပ်အကိုင် သဘာဝက အထိုင်များလာတာကြောင့်လည်း ပါပါ တယ်။ အသက် ၁၀-၁၁ နှစ် အရွယ်ဆို တာ အမြဲလှုပ်ရှားနေရမယ့် အရွယ်ဆိုပေ မယ့် ကျွန်တော်တို့ လေ့လာကြည့်တဲ့အ ခါ ငါးယောက်မှာ တစ်ယောက်က လှုပ် ရှားမှု မရှိဘူး။ ကလေးတွေက ပြေးလွှား ပြီး မဆော့တော့ဘူး။ Ipad ဘေးနားချ ပြီး ဂိမ်းတွေပဲ ဆော့နေကြတယ်။

ဒါဆိုရင် လေ့ကျင်ခန်းလုပ်မယ်ဆို ဘယ် လောက်လုပ်ရမှာလဲ ဆရာ။
လေ့ကျင့်ခန်းလုပ်ဖို့၊ လမ်းလျှောက်ဖို့ အတွက် ဆရာပြောတာတွေကို အားကျ ပြီး လုပ်မယ်ဆိုပါတော့ ဘယ်လောက် လမ်းလျှောက်မှာလဲ၊ လေ့ကျင့်ခန်းတွေ လုပ်မှာလဲ။ မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက လုပ်ရမှာတော့ မဟုတ်ပါ ဘူး။ အသက် ၁၇ နှစ် အောက် လူငယ် လေး ဖြစ်နေမယ်ဆိုရင် ခွန်အားကို အသုံးပြုရတဲ့ ရေကူးမယ်၊ ပြေးမယ်၊ စက် ဘီးစီးမယ်၊ လက်ဝှေ့ထိုးမယ် စတဲ့ အား ကစားနည်းတွေကို တစ်နေ့ တစ်နာရီ ပြု လုပ်နိုင်ပါတယ်။ ဒီထက် ပိုလှုပ်ရှားလို့ရ လားဆိုရင်တော့ လုပ်နိုင်ရင် လုပ်လို့ရပါ တယ်။ နေ့တိုင်းလည်း လုပ်နိုင်ရင် လုပ် ပါ။ ကောင်းပါတယ်။ နေ့တိုင်း မလုပ်နိုင် ရင်တော့ တစ်ပတ်ကို သုံးကြိမ်လောက် တော့လုပ်ပါ။ အသက် ၆၅ နှစ်အောက် ဆိုရင်တော့ ပြင်းပြင်းထန်ထန် လေ့ကျင့် ရတဲ့ လေ့ကျင့်ခန်းမျိုးကို မလုပ်နဲ့တော့ အင်အားအသင့်အတင့်သုံးရတဲ့ လေ့ ကျင့်ခန်းမျိုးကို လုပ်ပါ။ တစ်ပတ်ကို မိနစ် ၁၅၀ လောက်ပဲ လုပ်ပါ။ အင်အားသုံးရတဲ့ ဂျူဒို၊ ကရာတေး စတဲ့ လေ့ကျင့်ခန်းမျိုး ကိုမှ လုပ်ချင်တယ်ဆိုရင်တော့ လေ့ကျင့် ချိန်ကို တစ်ဝက်လျှော့ချလိုက်ပါ။ အင် အားအသင့်အတင့်သုံးရတဲ့ လေ့ကျင့်ခန်း ဆိုတာက လမ်းလျှောက်တာပါ။ အင်အား သုံးရတဲ့ လေ့ကျင့်ခန်းဆိုတာက ပြေး မယ်၊ လွှားမယ် စတဲ့ ချွေးသံတရွှဲရွှဲထွက် အောင် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ ပတ် သက်ပြီး အကြံပြု ပြောကြားပေးပါဦး ဆရာ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ မှန်မှန် လုပ်ဖို့ လိုတယ်။ နေ့စဉ် ပုံမှန် မလုပ်နိုင် ရင်တောင် တစ်ပတ်ကို မိနစ် ၁၅၀ ပြည့် အောင် လုပ်ဖို့တော့ လိုပါတယ်။ နေ့စဉ် မလုပ်နိုင်ရင် တစ်ရက်ခြားလုပ်ပါ။ တစ် ရက်ခြားလည်း မရသေးဘူးဆရာဆိုရင် နှစ်ရက်ခြား တစ်ခါလုပ်ပါ။ အဲဒီထက် ဝေးပြီး လုပ်တာလည်း မကောင်းပါဘူး။ တစ်ပတ်ကို မိနစ် ၁၅၀ ပြည့်အောင် တစ်နေ့တည်းလုပ်လိုက်မယ် ကျန်တဲ့ တစ်ပတ်လုံး ထိုင်နေမယ်ဆိုတာထက် တစ်နေ့ နည်းနည်းနဲ့ နေ့စဉ်လုပ်တာက ပိုကောင်းပါတယ်။

တွဲဖက်ပါမောက္ခ ဒေါက်တာသိန်းမြင့်
(တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆီးချို၊ သွေးချို ဝေဒနာရှင်များအသင်း)

Post Author: Good Health Admin