Chemical Peeling လုပ်သင့်လား

Peeling လုပ်တယ ဆိုတာကို သင် ကြားဖူးမှာပါ။ လုပ်ဖူးတာလည်း ရှိမှာပါ။ ဒါက အရေပြားဆိုင်ရာ ပြုပြင်ပြောင်းလဲတဲ့ အလှအပကဏ္ဍမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Chemical Peeling ကို မျက်နှာ၊ လက်နဲ့ လည်ပင်းအရေပြားတွေမှာ ပြုလုပ်နိုင်ပါတယ်။ အပေါ်ယံ အရေပြားအလွှာကို ခွာပစ်တာမို့ ပီးလင်း လုပ်တယ်လို့ခေါ်ပြီး ဓာတုပစ္စည်းအကူ အညီသုံးရတာမို့ ကယ်မီကယ် ပီးလင်း ဖြစ်လာတာပါ။ ဘာအတွက် Peeling လုပ်ကြလဲ Chemical Peeling လုပ်တာက – မျက်လုံးနဲ့ နှုတ်ခမ်း တစ်ဝိုက်အရေးကြောင်း – နေရောင်ခြည်နဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးကြောင်း – အနာရွတ်အသေးစား – တချို့ဝက်ခြံအမာရွတ် – အမည်းစက်၊ တင်းတိပ် စတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သုံးတဲ့ ဓာတုပစ္စည်းတွေက […]