မွေးရာပါလည်ပင်းစောင်းခြင်း ( ဒေါက်တာနေဝင်း – အရိုးအထူးကုဆရာဝန်ကြီး)

မွေးရာပါလည်ပင်းစောင်းတာ ဘာကြောင့် ဖြစ်ရပါတာပါလဲ ဆရာ။ လည်ပင်း ရှေ့မှာရှိတဲ့ ကြွက်သား (sternocleidomastoidmuscle) က ဘယ်ဘက်တစ်ခု၊ ညာဘက်တစ်ခုရှိပြီး ရင်ညွန့် ရိုးနဲ့ ညှပ်ရိုး ကြားထဲကနေ ထွက် လာတယ်။ ဒီကြွက်သားက နှစ်ဖက်စလုံးအပြိုင်ညီတယ် ဆိုရင်တော့ ခေါင်းပုံစံက ပုံမှန်ပဲရှိတယ်။ မညီဘူးဆိုရင် ခေါင်းက တစ်ဖက်ကို စောင်း သွားတဲ့ အနေအထားကြောင့် လည်ပင်းစောင်းသွားတာပါ။ ဒီမွေးဖွားချိန်မှာကလေး လည်ပင်းက လည်သွားတာ၊ လိမ်သွားတာတွေ ဖြစ်တဲ့အတွက် ကြောင့် အဲ့ဒီကြွက်သားထဲက သွေးကြောတွေကို ထိမိခိုက်မိ သွားလို့ကြွက်သားက ဒဏ်ရာရသွားတဲ့အတွက် ကြွက်သားက အနာရွတ်သဘော မျိုးဖြစ်ပြီး ရှုံ့သွားတာ၊ ကျုံ့သွားတာကြောင့် တိုသွားတယ်၊ အဲ့ဒီအခါ ဆွဲတင်းလိုက် သလိုဖြစ်သွားပြီး လည်ပင်း စောင်းသွားတယ်။ ရောဂါနာမည် အပြည့်အစုံကတော့မွေးရာပါ လည်ပင်း စောင်းတာ […]