
နေ့စဉ်စားသောက်နေတဲ့ အစားအ စာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ် တဲ့ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တွေ ပြည့်ပြည့်စုံစုံ ပါဝင်နိုင်အောင် သာ စားသောက်မယ်ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ အားဆေးတွေကို ဖြည့်စွက်သောက်သုံးစရာလိုမှာ မဟုတ် ပါဘူး။ လူတိုင်းက ပြီးပြည့်စုံနေမှာမဟုတ် သလို စားတဲ့အစားအစာမှာလည်း ကျန်း မာရေးနဲ့ညီညွှတ်အောင် အမြဲတမ်းပြည့် ပြည့်စုံစုံ စားကြတာမဟုတ်ပါဘူး။ စိတ် အလိုလိုက်၊ လျှာအရသာခံပြီးသာ စား သောက်ကြတာများပါတယ်။ အဲဒါတွေ ကြောင့်သာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကို ဖြည့်စွက်သောက်သုံးဖို့ ဖြစ်လာရ တာပါ။ ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံကို အမြဲလိုအပ်နေတာမျိုး မဟုတ်ပါဘူး။ အများစုက ဘယ်အချိန်မှာ ဘယ်လိုဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်လဲ ဆိုတာ မသိကြတာကြောင့် ဖော်ပြလိုက် ပါတယ်။
ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူလား
လိုအပ်သောဓာတ် – ကယ်လ်စီယမ်
သင်ဟာ ကိုယ်အလေးချိန်ကျချင်လွန်းလို့ အားကစားခန်းမတွေသွားပြီး အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပေမယ့် ငါးပေါင်လောက်သာ ကိုယ်အလေးချိန် ကျပါတယ်။ မိန်းကလေးအများစုက တစ်နေ့တာအတွက် ခန္ဓာကိုယ်က လို အပ်တဲ့ကယ်လ်စီယမ်ပမာဏ ၁၀၀၀ မီလီဂရမ်အောက် လျှော့ချပြီးစားသောက် ကြပါတယ်။ British Journal of Nutrition ကလုပ်တဲ့ သုတေသနမှာ သတ္တုဓာတ်လုံလောက်မှုမရှိတာကလည်း ကိုယ်အလေးချိန်ကို တက်စေတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ကယ်လိုရီ နည်း အစားအသောက်တွေ စားသောက် နေတဲ့အမျိုးသမီးတွေဟာ ကယ်လ်စီယမ် ဓာတ်ချို့တဲ့နေတတ်ပါတယ်။ အဲဒီအမျိုး သမီးတွေကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ် နေ့စဉ်သောက်စေပြီး လေးလအတွင်း ကိုယ်အလေးချိန် ၁၁ ပေါင်အထက် ကျဆင်းသွားရင်တော့ နောက်ပိုင်းမှာ ကယ်လ်စီယမ်ပမာဏကိုလျှော့ပြီး တစ် နေ့ ၈၀၀ မီလီဂရမ်သာပေးဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်က အစားအစာ စားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းထုပ်လုပ်မှုကို ပုံမှန်ဖြစ်စေ ပါတယ်။
လိုအပ်သောပမာဏ
တစ်နေ့ ၁၂၀၀ မီလီဂရမ်ကို တစ် ကြိမ်တည်းမသောက်ဘဲ သုံးကြိမ်ခွဲ သောက်ပါ။ ကော်ဖီသောက်တာ၊ ပေါင် မုန့်စားတာတွေ မလုပ်ပါနဲ့။
ရရှိနိုင်သော ပမာဏ
ကယ်လ်စီယမ်ဖြည့်တင်းထားတဲ့ လိမ္မော်ရည်တစ်ခွက်ကနေ ကယ်လ်စီယမ် ၃၅၀ မီလီဂရမ်၊ ဆာဒင်းငါး သုံး အောင်စကနေ ကယ်လ်စီယမ် ၃၂၅ မီလီဂရမ် ပဲပိစပ်တစ်ခွက်ကနေ ကယ်လ်စီယမ် ၁၉၅ မီလီဂရမ်၊ ဒိန်ခဲတစ်ခွက်ကနေ ကယ်လ်စီယမ် ၁၈၇ မီလီဂရမ် ရရှိနိုင်ပါတယ်။
ပဋိသန္ဓေတားဆေး သောက်နေရသူလား
လိုအပ်သောဓာတ် – ဗီတာမင် ဘီစစ်
သင်ဟာ ပဋိသန္ဓေတားဆေးတွေ သောက်နေသူတစ်ဦးဖြစ်ပြီး မောပန်းနွမ်းနယ်ကာ မလှုပ်ချင်မကိုင်ချင်ဖြစ်နေပါသလား။ ပဋိသန္ဓေတားဆေးသောက်သုံးနေ ပြီး ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါအားဆေးတွေကို မသောက်သုံးမှုမရှိတဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းမှာ ဗီတာမင် ဘီစစ်ဓာတ်ချို့တဲ့နေတာကို တွေ့ရတယ်လို့ Tufts University ရဲ့ သုတေသနမှာ တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် ဘီစစ်က ပဋိသန္ဓေတားဆေးမှာ အဓိကပါဝင်တဲ့ အီစထရိုဂျင်ဟော်မုန်းရဲ့ ဇီဝဖြစ်ပျက်မှုအတွက် လိုအပ်တဲ့ ဗီတာမင်ပါလို့ ပါမောက္ခMartha Morris က ဆိုပါတယ်။ စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့နဲ့ အာရုံကြောတွေရဲ့လုပ်ငန်းဆောင်တာတွေကို ထိန်း သိမ်းဖို့အတွက် ဗီတာမင် ဘီစစ်ကို လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် ဘီစစ်လျော့နည်းနေတဲ့အခါ နွမ်းနယ် တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင် ပါတယ်။
လိုအပ်သောပမာဏ
နေ့စဉ် ၂ မီလီဂရမ်လိုအပ်ပြီး ဗီတာ မင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ အားဆေး တွေ သောက်သုံးရင် ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေမှာတော့ ဗီတာမင်ဘီ စစ် ၂ မီလီဂရမ်ထက် ပိုမိုပါ ဝင်တတ်ပါတယ်။ ဗီတာမင် ဘီစစ် ခန္ဓာ ကိုယ်တွင်းမှာ လွန်ကဲပြီး ၁၀၀ မီလီဂရမ် နဲ့အထက် သောက်သုံးမိခဲ့ရင်တော့ အာရုံကြောတွေကို ပျက်စီးစေပါတယ်။
ရရှိနိုင်သောပမာဏ
အာလူးမီးဖုတ်တစ်လုံးကနေ ဗီတာမင် ဘီစစ် ဝ.၅ မီလီဂရမ်၊ ငှက်ပျောသီး တစ်လုံးကနေ ဗီတာမင် ဘီစစ် ဝ.၄ မီလီဂရမ်၊ ငရုတ်သီးအနီတောင့် ပန်းကန် လုံးတစ်လုံးစာကနေ ဗီတာမင် ဘီစစ် ဝ.၃ မီလီဂရမ် ရရှိနိုင်ပါတယ်။
သက်သတ်လွတ် စားသုံးသူလား
လိုအပ်သောဓာတ် – ဗီတာမင် ဘီတွဲနှင့် သံဓာတ်
သက်သတ်လွတ်စားသုံးသူတွေရဲ့ ၂၆ ရာခိုင်နှုန်းနဲ့ အသွေးအသားလွတ်စား သုံးသူတွေရဲ့ ၅၂ ရာခိုင်နှုန်းဟာ ဗီတာမင် ဘီတွဲ ချို့တဲ့နေကြတယ်လို့ ဂျာမနီ နိုင်ငံSaarland University Hospital ရဲ့ မကြာသေးမီက လေ့လာချက်အရ သိရှိရပါတယ်။ အသား၊ ငါးတွေ စားသုံး တာက ဗီတာမင် ဘီတွဲကို သဘာ၀အတိုင်းရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အာရုံကြောတွေနဲ့ သွေးနီဥဆဲလ်တွေအတွက် ဗီတာမင် ဘီတွဲကို ခန္ဓာကိုယ်က လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် ဘီတွဲချို့တဲ့ပါက အာရုံ ကြောတွေပျက်စီးတာ၊ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ နှလုံးရောဂါတွေဖြစ်ဖို့ အခွင့် အလမ်းများနိုင်ပါတယ်။ သက်သတ် လွတ်စားသူတွေဟာ သံဓာတ်လည်း ချို့ တဲ့နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသားတွေကရတဲ့ သံဓာတ်ကို ပဲအမျိုးမျိုး၊ တိုဟူးတို့ကရတဲ့ သံဓာတ်ထက် ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တာ ကြောင့်ပါ။ သာမန်လူတစ်ယောက်က နေ့စဉ် သံဓာတ် ၁၈ မီလီဂရမ် လိုအပ်ပြီး သက်သတ်လွတ်စားသူတစ်ယောက်ဟာ ၃၃ မီလီဂရမ် လိုအပ်တယ်လို့ Institute of Medicine က ဆိုပါတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး အသုံးပြုဖို့ လိုအပ်တဲ့ အောက်ဆီဂျင်သယ်ယူပို့ဆောင်ရေးအတွက် သံဓာတ်ကို လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်အလုံအလောက် သာမရရှိပါက မောပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သံဓာတ်ကို ဖြည့်စွက်မသောက်သုံးခင် ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး စစ်ဆေးကြည့်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ အလွန်အကျွံများသွားခဲ့ရင် ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်းနဲ့နှလုံးကို ထိခိုက်စေနိုင်ပါတယ်။
လိုအပ်သောပမာဏ
နေ့စဉ် ဗီတာမင် ဘီတွဲ ၂.၄ မိုက်ခရို ဂရမ်နဲ့ သံဓာတ် ၃၃ မီလီဂရမ်လိုအပ်ပါ တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ အားဆေးတစ်တောင့်မှာ ဗီတာမင် ဘီတွဲ ၆ မိုက်ခရိုဂရမ်နဲ့ သံဓာတ် ၁၈ မီလီဂရမ် ပါဝင်ပါတယ်။ အားဆေးနဲ့ ကော်ဖီ၊ လက် ဖက်ရည်တွေ တွဲသောက်တာမျိုးကို ရှောင်ကြဉ်ပါ။ ကော်ဖီ၊ လက်ဖက်ရည်တွေ က သံဓာတ်စုပ်ယူမှုကို ဟန့်တားတာကြောင့် တွဲမသောက်ပါ။
ရရှိနိုင်သောပမာဏ
ပဲနီကလေးတစ်ခွက်စာကနေ သံ ဓာတ် ၇ မီလီဂရမ်၊ ကောက်နှံတစ်ခုလုံး ကနေ ဗီတာမင် ဘီတွဲ ၆ မိုက်ခရိုဂရမ်၊ အသီးအရွက်ဘာဂါတစ်ခုကနေ သံဓာတ် ၂ မီလီဂရမ် ရရှိနိုင်ပါတယ်။
နေရောင်