မိတ်ကပ်လိမ်းရင်သတိထားရမယ့် သုံးချက်

မိတ်ကပ်ရဲ့အစွမ်းက အံ့မခန်းတာ ဒီနေ့ခေတ်မှာလူ အများသိကြမှာပါ။ ကောင်းတယ်၊ ကျေနပ်တယ်ဆိုပြီး အရမ်း လိမ်းတာကတော့ မကောင်းပါဘူး၊ ဘယ်အရာမဆို သူ့ Limit နဲ့သူ ရှိပါတယ်။ မိတ်ကပ်လိမ်းရင် ဘာတွေသတိထား ရမလဲဆိုတော့

ဓာတ်မတည့်တာ
တချို့မိတ်ကပ်တွေရဲ့ ပါဝင်ဒြပ်ပေါင်းတွေက သင့် အရေပြားနဲ့ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တာရှည်ခံဆေးတွေ၊ အမွှေးရနံ့တွေ ထည့်သွင်းထားတဲ့ မိတ် ကပ်တွေပါဝင်ပါတယ်။ အရေပြားနဲ့ ဓာတ်မတည့် ဖြစ်တဲ့အခါ နီမြန်းတာ၊ ရောင်ရမ်းတာ၊ ယားယံတာ၊ အဖတ်လန်တာ၊ အရည်ကြည်ဖုထတာ စတာတွေဖြစ်တတ်ပါတယ်။ တစ်ခုခု ကို သတိထားမိရင် သုံးနေတဲ့မိတ်ကပ်ကို ဆက်မသုံးပါနဲ့။

အရေပြားခြောက်တာ
တချို့မိတ်ကပ်ဖောင်ဒေးရှင်းတွေက သင့်အရေပြားရဲ့ သဘာဝအဆီတွေကိုစုပ်ယူလွန်ပြီး အရေပြားခြောက်တာ ဖြစ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရေပြားမွဲ ခြောက်ပြီး အဖတ်လန်တာဖြစ်လာမှာပါ။ အရမ်းဆိုးတဲ့အခြေ အနေမှာဆိုရင်အရေပြားအက်ကွဲပြီး အရွယ်မတိုင်ခင် အရေး ကြောင်းတွေတောင်ဖြစ်လာနိုင်ပါတယ်။ သင်ဟာ အရေပြား ခြောက်သူဆိုရင် မိတ်ကပ်မလိမ်းခင် အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးကို အရင်ခံလိမ်းပြီး ငါးမိနစ်နေမှ မိတ်ကပ်ထပ် လိမ်းပါ။ မိတ်ကပ်အမျိုးအစားကိုလည်း အရေပြား ခြောက်သူ တွေအတွက် ထုတ်ထားတဲ့ မိတ်ကပ်ကိုရွေးချယ်ပါ။

ဝက်ခြံထွက်တာ
ဝက်ခြံဖြစ်နိုင်ခြေ အမျိုးမျိုးရှိတာကြောင့် မိတ်ကပ် ကြောင့်လား၊ ဟော်မုန်းကြောင့်လား၊ ဘက်တီးရီးယားကြောင့် လား၊ အရေပြားက အဆီထုတ်လုပ်မှုများလို့လား စသဖြင့် ဘာကြောင့်လဲဆိုတာ သင်သတိထားကြည့်ဖို့လိုပါတယ်။ မိတ် ကပ်ကလည်း ချွေးပေါက်တွေကို ပိတ်စေတတ်ပြီး ဝက်ခြံ ဖြစ်စေလို့ပါ။ မိတ်ကပ်လိမ်းတဲ့ ဖော့တုံးတွေ၊ ဘရပ်ရှ်တွေ မသန့်ရှင်းရင်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး မျက်နှာအရေပြားမှာ ဝက်ခြံတွေထွက်လာစေပါတယ်။ ဝက်ခြံ လုံးဝမထွက်ဖူးသူမှာတောင် မိတ်ကပ်ကြောင့် ဝက်ခြံထွက် လာတတ်ပါတယ်။ ဒါကို Acne Cosmetica လို့ ခေါ်ပါတယ်။ သူက ဆိုးဆိုးရွားရွား ဝက်ခြံမျိုးမဟုတ်ဘဲ ပါးပြင်၊ မေးစေ့နဲ့ နဖူးမှာ ဝက်ခြံတွေထွက်တတ်ပါတယ်။ သင်ဟာ နဂိုကတည်း က ဝက်ခြံထွက်တတ်သူဆိုရင် Non-comedogenic လို့ခေါ် တဲ့ အရေပြားပေါ်ရှိ ချွေးပေါက်တွေ မပိတ်စေတဲ့ မိတ်ကပ်မျိုး ကို ရွေးချယ်ပြီး လိမ်းပါ။

Darliko

Post Author: Good Health Journal