ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေး အန္တရာယ်တွေထဲမှာ ငါးတွေမှာမာကျူရီပါဝင်မှုပမာဏ မြင့်တက် လာတာလည်းအပါအဝင်ဖြစ်ပါတယ်။ ငါးစားတာဟာ ကျန်းမာ ရေးအတွက်ကောင်းပေမယ့် အလွန်အကျွံစားတဲ့အခါ အာရုံကြော စနစ်နဲ့ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ပုံ မှန်အားဖြင့် ငါးသေးလေးတွေမှာ မာကျူရီပါဝင်မှုနည်းပါးပေ မယ့် ငါးသေးလေးတွေကိုစားတဲ့ အသားစားငါးကြီးတွေမှာတော့ အဆီတစ်သျှူးတွေထဲမှာ မာကျူရီတွေစုပုံနေတတ်ပါတယ်။ မာ ကျူရီအဆိပ်သင့်တာဟာ အာရုံကြောစနစ်ကိုထိခိုက်စေတဲ့အ တွက် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်လေးတွေအတွက် သိပ်အရေးကြီးပါတယ်။ မာကျူရီဟာ သဘာဝအတိုင်းတည်ရှိ နေတယ်ဆိုပေမယ့် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတွေ၊ စွန့်ပစ်ပစ္စည်းမီးရှို့မှုတွေကနေ လေထုထဲကိုလည်း ရောက်ရှိ သွားတတ်ပါတယ်။ ဒီလိုထုတ်လွှတ်မှုအများစုဟာ သမုဒ္ဒရာတွေ၊ မြစ်တွေနဲ့ရေကန်တွေထဲမှာ လာရောက်အဆုံးသတ်လေ့ရှိပါ တယ်။ Harvard University ရဲ့သုတေသီ Elsie Sun-derland က ]ငါးမစားပါနဲ့လို့ပြောချင်တာမဟုတ်ပါဘူး။ တချို့ ငါးတွေမှာ မာကျူရီပါဝင်မှုမြင့်တက်နေတာတော့ အမှန်ပါပဲ။ ငါးအမျိုးအစားတွေကိုတော့ လေ့လာနေဆဲပါပဲ}လို့ ဆိုခဲ့ပါတယ်။
(AP,8.8.19) အေးယုနိုင်
