ရှားစောင်းလက်ပပ် လက်ဖက်စိမ်း Scrub

ဒီရာသီက ဖုန်ထူ ညစ်ပတ် ကြေးတက်တာမို့ တစ်လ နှစ်ကြိမ်လောက်တော့ Scrub လုပ်သင့်တယ်လေ။ ဒါကြောင့် ရှားစောင်းလက်ပပ် လက်ဖက်စိမ်း Scrub လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Green Tea ဟာ ကျန်းမာတဲ့အရေပြားဖြစ်ဖို့ ကူညီပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတာ၊ သက်ကြီးအရေးကြောင်းဖြစ်တာ၊ ၀က်ခြံနဲ့ မှဲ့ခြောက်ဖြစ်တာတွေကို လျော့ကျစေနိုင်ပါတယ်။ သူဟာ အသားအရေကို ရေဓာတ်ပြည့်ဝစေနိုင်တဲ့အပြင် နေရောင်ဒဏ်ကြောင့် ပျက်စီးနေတဲ့အသားအရေတွေကိုလည်း ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးကာ မျက်နှာကို ကြေးချွတ်သန့်စင်ပေးနိုင်ပါတယ်။

သကြားက အသားအ​ရေကို အစိုဓာတ်​ပြည့်​ဝ​နေ​စေပြီး နူးညံ့​ချော​မွေ့​စေကာ အရွယ်​တင်​နုပျို​စေနိုင်​တဲ့ အစွမ်းရှိပါတယ်​။ ဒါ့အပြင်​ အဆီမပြန်​လွန်း အသားမ​ခြောက်​လွန်းဘဲ ညီညွတ်​မျှ​တ​အောင်​လည်း ကူညီ​ပေးနိုင်​ပါတယ်​။

ရှားစောင်းလက်ပပ်ဂျဲလ်က အသားအရေကို အစိုဓာတ်ထိန်းပေးပြီး နေလောင်ဒဏ်ရာကို သက်သာစေကာ အုန်းဆီကတော့ အသားအရေနူးညံ့ချောမွေ့စေနိုင်ပါတယ်။ င်္ဗီတာမင် အီး အဆီက အရွယ်တင်နုပျိုစေပြီး သက်ကြီးအရေးကြောင်းဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

လိုအပ်တာတွေက


♦ အုန်းဆီ ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံ
♦ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
♦ ရှားစောင်းလက်ပပ်အနှစ် စားပွဲဇွန် တစ်ဇွန်း
♦ Green Tea Bags နှစ်အိတ်
♦ ဗီတာမင် အီး အဆီ သုံးလေးစက်
♦ Tea Tree Essential Oil ၅-၆ စက်ခန့်

ပြုလုပ်နည်း


♦ Green Tea နှစ်ထုပ်ကို ဖောက်ပြီး မှုန့်ညက်အောင် အရင်ချေပါ။
♦ ပြီးရင် ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး သမမျှတအောင် ရောစပ်ပါ။
♦ ရလာတဲ့အနှစ်ကို ဖန်ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။

Tips
♦ ပြုလုပ်ထားတဲ့ Scrub ကို မျက်နှာနဲ့ လည်ပင်းအနှံ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်လိမ်းပါ။
♦ ၁၅-၂၀ မိနစ်ခန့် ထားပြီးနောက် ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။
♦ တစ်လ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ပြုလုပ်ပေးပါ။

♥  ဆူးမြာ  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *