ချောင်းဆိုးတာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

ချောင်းဆိုးတာက သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ တစ်ခါဆိုးရင်လည်း တော် ရုံနဲ့ မပျောက်ဘဲ အကြာကြီးခံရပါတယ်။ သင်ဆိုးနေတဲ့ချောင်းက ပုံမှန်ပဲလား၊ စိုး ရိမ်ရလား၊ တခြားရောဂါတွေကြောင့်များ လားသိရအောင် ဒီ Quiz ကို ဖြေကြည့်ပါ နော် …။
၁။ ညညအိပ်မရအောင် ဆိုးတဲ့ချောင်းက ဘယ်နှရက်ဆို ပျောက်သင့်လဲ။
(က) ၇ ရက်
(ခ) ၁၈ ရက်
(ဂ) ၃၀ ရက်

၂။ ချောင်းဆိုးရတဲ့အကြောင်းရင်းအများ စုက-
(က) ဗိုင်းရပ်စ်ပိုးတွေကြောင့်
(ခ) ဘက်တီးရီးယားပိုးတွေကြောင့်
(ဂ) ဓာတ်မတည့်တာကြောင့်

၃။ အိပ်ရာဝင်ချိန်မှာ ချောင်းဆိုးသက်သာ အောင် ဘာလုပ်သင့်လဲ။
(က) ချောင်းဆိုးပျောက်ဆေးသောက်
(ခ) ငုံဆေးငုံ
(ဂ) ပျားရည်သောက်
(ဃ) အပေါ်က အကုန်လုံးသက်သာစေ နိုင်ပါတယ်

၄။ ချောင်းဆိုးလို့ ချွဲသလိပ်ထွက်လာရင် မျိုချလို့ရလား။
(က) ရတယ်
(ခ) မရဘူး

၅။ ချောင်းဆိုးတာက ရက်ကြာလာရင် သူ့ အလိုလိုပျောက်သွားနိုင်ပေမယ့် ဒီလိုအ ခြေအနေမျိုးမှာ ဆရာဝန်ပြသင့်ပါတယ်။
(က) အသက်ရှူသွင်းတဲ့အခါ အသံစူးစူး ထွက်ရင်
(ခ) အသက်ရှူထုတ်တဲ့အခါမှာ ရင်ကျပ် သံလို အသံထွက်ရင်
(ဂ) နှစ်မျိုးစလုံး

၆။ ညဘက်ချောင်းဆိုးရင် ရင်ဘတ်ကို ပရုတ်ဆီလိမ်းပေးတာက သက်သာစေ နိုင်တယ်။
(က) မှန်
(ခ) မှား

၇။ ချောင်းဆိုးတာ ဘယ်လောက်ကြာတဲ့ အထိ မပျောက်ရင် ဆေးခန်းပြသင့်လဲ။
(က) ၁၀ ရက်
(ခ) ၃ ပတ်
(ဂ) ၈ ပတ်

၈။ ချောင်းဆိုးလို့ တစ်ရေးနိုးလာရင် –
(က) ရေနွေးသောက်ပါ
(ခ) နွားနို့သောက်ပါ

၉။ ချောင်းဆိုးတာက ရင်ပူတာကြောင့် လည်း ဖြစ်နိုင်တယ်။
(က) မှန်
(ခ) မှား

၁၀။ ချောင်းဆိုးသက်သာအောင် အိပ်တဲ့ အခါ ဘယ်လိုပုံစံအိပ်ရမလဲ။
(က) မှောက်ခုံ
(ခ) ဘေးစောင်း
(ဂ) ခေါင်းအုံးမြင့်မြင့်ထားအိပ်

၁၁။ ရေနွေးငွေ့ရှူတာက ချောင်းဆိုး သက်သာစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား

၁၂။ ဘာမီတွန်လိုမျိုး Antihistamines ဆေးတွေက လည်ချောင်းယားယံတာကို သက်သာစေနိုင်လား။
(က) သက်သာစေတယ်
(ခ) မသက်သာစေဘူး
(ဂ) တစ်ခါတလေ

၁။ (ခ) ၁၈ ရက်
ချောင်းဆိုးတာက တစ်ပတ်ကျော် ရင် ပျောက်သင့်တယ်လို့ သင်ထင်ကောင်း ထင်နေမှာပါ။ တကယ်တမ်းကျတော့ ရောဂါကြီးကြီးမားမားကြောင့်မဟုတ်ဘဲ ပုံမှန်ချောင်းဆိုးတာက ၁၈ ရက်လောက် ကြာနိုင်ပါတယ်။

၂။ (က) ဗိုင်းရပ်စ်ပိုးတွေကြောင့်
ဒါကြောင့် ဘက်တီးရီးယားပိုးသတ် ဆေးတွေသောက်ရုံနဲ့ ချောင်းဆိုးမ ပျောက်နိုင်ပါဘူး။ ချောင်းဆိုးတာကို သက်သာအောင် လုပ်ပေးနိုင်တာပဲ ရှိ တာပါ။ ပျောက်အောင်မကုသနိုင်ပါဘူး။ သူ့အလိုလိုသာ ပျောက်သွားတတ်တာပါ။

၃။ (ဃ) အပေါ်က အကုန်လုံးသက်သာစေ နိုင်ပါတယ်
ဆေးဆိုင်တွေမှာ ချောင်းဆိုးပျောက် ဆေးအရည်တွေ၊ ငုံဆေးတွေ အမျိုးအ စားကို စုံနေတာပါပဲ။ ငုံဆေးဆိုရင် အရ သာအစုံတောင်ရှိပါသေးတယ်။ ငုံဆေး မရှိလို့ သကြားလုံးအမာတစ်လုံးလောက် ငုံထားရင်ကို လည်ချောင်းယားတာ သက် သာစေနိုင်ပါတယ်။ ညအိပ်ခါနီး ပျား ရည်နှစ်ဇွန်းလောက် သောက်ပေးရင် လည်း သက်သာစေနိုင်ပါတယ်။ တစ်နှစ် အောက်ကလေးတွေကိုတော့ ပျားရည်မ တိုက်သင့်ပါဘူး။

၄။ (က) ရတယ်
ချွဲတွေကို မျိုချတာ အန္တရာယ်မရှိ ပါဘူး။ ချောင်းဆိုးတဲ့အခါ သတိမထား မိဘဲ မကြာမကြာမျိုမိနေမှာပါ။ ချွဲတွေက ပရိုတင်းဓာတ်တွေပဲဖြစ်လို့ အစာအိမ်က အစာချေဖျက်ပေးမှာပါ။ အပေါ်ကိုလည်း ပြန်မတက်လာနိုင်ပါဘူး။ ထွေးထုတ်လို့ လည်းရပေမယ့် လူအများရှေ့မှာ သလိပ် တထွေးထွေးနဲ့ဆို မြင်မကောင်းပါဘူး။

၅။ (ဂ) နှစ်မျိုးစလုံး
အသက်ရှူသွင်း ရှူထုတ်တဲ့အခါမှာ အသံတွေမြည်တာက လည်ပြွန်ရောင် တာ၊ ရင်ကျပ်တာနဲ့ တခြားရောဂါတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ရှူရခက် ရင် ချောင်းဆိုးရင်းသွေးပါလာရင် ဆေး ခန်းအမြန်ဆုံးပြပါ။ ကလေးငယ်တွေ ချောင်းဆိုးတာ စိုးရိမ်ရပုံပေါက်ရင်လည်း ဆေးခန်းမြန်မြန်ပြပါ။

၆။ (က) မှန်
ပရုတ်ဆီအနံ့ကပြင်းပေမယ့် ချောင်း ဆိုးတာကို သက်သာစေနိုင်ပါတယ်။ ည ဘက်အိပ်တဲ့အခါ ရင်ဘတ်နဲ့ လည်ပင်း ကို လူးပေးထားပါ။ အသက်နှစ်နှစ် အောက်ကလေးတွေက အသားနုလို့ မ လိမ်းပေးပါနဲ့။

၇။ (ဂ) ၈ ပတ်
လူကြီးတွေမှာ ချောင်းဆိုးတာ ရှစ် ပတ်ကျော်ကြာရင် ဆေးခန်းပြသင့်နေ ပါပြီ။ အဲဒီကာလမတိုင်မီမှာ သူ့အလိုလို ပျောက်သွားရမယ့်ချောင်းပါ။ ကိုယ် အလေးချိန်လျော့လာတာတို့၊ အသက် ရှူရခက်ခဲတာတို့၊ ချောင်းဆိုးရင်း သွေး ပါတာတို့၊ ဆေးလိပ်သောက်တဲ့သူမှာ ချောင်းကြာကြာဆိုးနေတာတို့ဆိုရင် ဆေးခန်းမြန်မြန်ပြသင့်ပါတယ်။

၈။ (က) ရေနွေးသောက်ပါ
နွားနို့ကို ချွဲထစေတယ်ဆိုပြီး အယူ ရှိကြပေမယ့် တိကျတဲ့လေ့လာတွေ့ရှိချက် တွေတော့ မရှိသေးပါဘူး။ နို့ကပျစ်နေ တော့ လည်ချောင်းကို အလွှာတစ်ထပ်ဖြစ် စေလို့ ချွဲထုတ်ရပိုခက်ခဲစေပြီး ချောင်းပို ဆိုးစေနိုင်တယ်လို့လည်း အယူရှိကြပါ တယ်။ ရေနွေးပူကတော့ ပိုပြီး ကောင်း ပါတယ်။ လည်ချောင်းယားယံတာသက် သာစေပြီး လည်ချောင်းရှင်းစေပါတယ်။ ရေနွေးမှာ ကိုယ်ခံအားစနစ်ကိုကောင်း စေနိုင်တဲ့ ဗညအငသထငိညေအ တွေလည်း ပါဝင်ပါတယ်။

၉။ (က) မှန်
ရင်ပူတာကလည်း လူကြီးတွေရော ကလေးတွေမှာပါ ကာလကြာ ချောင်း ဆိုးစေနိုင်ပါတယ်။ ရင်ပူတဲ့အခါ အစာ အိမ်ထဲထွက်လာတဲ့ အက်စစ်တွေက အာရုံကြောတွေကို ဆွပေးလို့ ချောင်းဆိုး စေပါတယ်။ အိပ်ရာမဝင်ခင် နှစ်နာရီ သုံးနာရီ အချိန်အတွင်း အစာစားတာတို့၊ အရက်သောက်တာတို့ မလုပ်ပါနဲ့။

၁၀။ (ဂ) ခေါင်းအုံးမြင့်မြင့်ထားအိပ်
ခေါင်းအုံးကို နှစ်ဆင့် သုံးဆင့်ခံအိပ် ပါ။ ခေါင်းကိုမြင့်မြင့်ထားအိပ်တဲ့အခါ ချွဲတွေ လည်ချောင်းထဲရောက်မလာ အောင်တားပေးပါတယ်။ အစာအိမ်ထဲက အက်စစ်တွေလည်း အစာမျိုပြွန်ကနေ ပြန်တက်လာပြီး အဆုတ်ထဲမရောက် အောင်လည်း ကာကွယ်ပေးပါတယ်။

၁၁။ (က) မှန်
ခြောက်သွေ့တဲ့လေက လည်ချောင်း ကို ယားစေပါတယ်။ ရေနွေးငွေ့ရှူ လိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းကို စိုစွတ်စေတာကြောင့် လည်ချောင်းယား တာ သက်သာပြီး အသက်ရှူရ ပိုလွယ်ကူ စေပါတယ်။

၁၂။ (ဂ) တစ်ခါတလေ
တချို့ဆေးတွေက ချွဲထွက်တာ လျော့နည်းစေပြီး လေပြွန်ကိုလည်း ကျယ်စေပါတယ်။ နှာပိတ်တာတွေပါ သက်သာစေပြီး အသက်ရှူရပိုလွယ်ကူ စေပါတယ်။ ဒါကြောင့်လည်း ချောင်းဆိုး တဲ့အခါ Antihistamines ဆေးတွေပါ ထည့်ပေးလေ့ရှိပါတယ်။ တချို့ဆေး တွေဆို ငိုက်မျည်းစေလို့ ညဘက်သောက် ရင် ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ ဆေး လိပ်သောက်လို့ ဆိုးတဲ့ချောင်း၊ နမိုးနီး ယားရောဂါကြောင့် ဆိုးတဲ့ချောင်း၊ ရင် ကျပ်လို့ဆိုးတဲ့ချောင်းနဲ့ နာတာရှည်လေ ပြွန်ရောင်လို့ ဆိုးတဲ့ချောင်းတွေမှာတော့ မသက်သာစေနိုင်ပါဘူး။

 ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *