ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက် မှုပုံစံ၊ ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ဆံပင်အလှကုန်တွေအသုံးပြုတာနဲ့ ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက် ဆေးဆိုးလိုက် ခဏခဏ ပြုလုပ်တာတွေ ကြောင့် ဆံသားပျက်စီးနေကြပါတယ်။ ဒီလိုပျက်စီးနေတဲ့ဆံသားတွေ ပြန်လည် ကောင်းမွန်လာစေဖို့ အခုဖော်ပြပေးမယ့် Mask ပြုလုပ်နည်းလေးနဲ့ ပြန်လည် ထိန်းသိမ်းကြည့်ရအောင်…။
လိုအပ်တာတွေက
– ငှက်ပျောသီးမှည့် တစ်လုံး
– ပျားရည် – ထမင်းစားဇွန်း နှစ်ဇွန်းစာ
– နွားနို့ – ထမင်းစားဇွန်းနှစ်ဇွန်းစာ
– သံလွင်ဆီ – ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
– ကြက်ဥ – တစ်လုံး
ဒီပြုလုပ်နည်းမှာပါဝင်တဲ့ ကြက်ဥမှာ ပရိုတင်းများစွာ ပါဝင်တဲ့အတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ငှက်ပျောသီးမှာတော့ ဦးရေပြား ကျန်းမာစေတဲ့ ဗီတာမင် အေ ပေါကြွယ်ဝတာကြောင့် ဦးရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းစေပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်များစွာပါဝင်တာကြောင့်လည်း ပျက်စီးနေတဲ့ဆံသား တွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ ပျားရည်မှာ သဘာဝအ တိုင်း အစိုဓာတ်ထိန်းပစ္စည်းပါဝင်ပြီး သံလွင်ဆီနဲ့ နွားနို့မှာတော့ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ဆံသားတောက်ပြောင်သန်စွမ်းစေနိုင်ပါတယ်။
ပြုလုပ်နည်း
– ငှက်ပျောသီးမှည့်ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ခက်ရင်းနဲ့ ချေမွပါ။
– အဲဒီထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပါ။
– ပြီးရင် အပေါ်ကနေ နွားနို့လောင်းထည့်ပြီး အားလုံးသမသွားအောင် ရောမွှေပါ။
– ခုနက မွှေထားတဲ့အထဲကို ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပါ။
– ပြီးရင် သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲစာထည့်ပြီး ထပ်မံ မွှေပေးပါ။
အသုံးပြုနည်း
– ရလာတဲ့အရောအစပ်အနှစ်ကို ဦးရေပြားနဲ့ဆံသားအနှံ့လိမ်းပါ။ တစ်ခေါင်းလုံး အဲဒီ အနှစ် ဖုံးလွှမ်းနေပါစေ။
– တစ်နာရီခန့်ထားပြီးနောက် ရေနဲ့ ဆေးကြောပါ။
– ပြီးရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်လိုက်ပါ။
ဆူးမြာ