ကြက်ဥပုံမှန်စားသုံးပေးခြင်းအားဖြင့် အသက်အရွယ်ကြီး ရင့်မှုကြောင့် ကြွက်သားများပျက်စီးယိုယွင်းမှု (AMD) ကို ကာကွယ်နိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါ တယ်။ AMD ဟာ အသက် ၅၀ ကျော်အရွယ်မှာ မျက်စိကွယ်ရ တဲ့အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဩစ တြေးလျသုတေသီတွေက လူပေါင်း ၃၆၅၄ ဦးကို ၁၅ နှစ် ကျော် ကြာအောင်စောင့်ကြည့်ခဲ့ရာ တစ်ပတ်မှာကြက်ဥနှစ်လုံးကနေ လေးလုံးပုံမှန်စားသူတွေဟာ AMD ဖြစ်နိုင်ခြေ ၄၉ ရာခိုင်နှုန်း နည်းပါးတာကို မြင်တွေ့ခဲ့ရပါတယ်။ ကြက်ဥမှာ သဘာဝအား ဖြင့် carotenoids၊ lutein နဲ့ zeaxanthin ကြွယ်ဝစွာပါဝင်တဲ့ အတွက် AMD ဖြစ်ပေါ်မှုကို ပြုပြင်ပြောင်းလဲပေးနိုင်တာဖြစ် တယ်လို့သိရပါတယ်။
(AP,9.5.19) အေးယုနိုင်